Japan



ကျပ်သိန်း ၃၀၀ ၀န်းကျင်ဖြင့် ရွေးချယ်သင့်သည့် Toyota Vios

ကျပ်သိန်း ၃၀၀ ၀န်းကျင်ဖြင့် ရွေးချယ်သင့်သည့် Toyota Vios google

Toyota Belta ထုတ်လုပ်မှုကို ၂၀၁၂ ခုနှစ်မှာ အဆုံးသတ်ခဲ့ပြီးနောက် သူ့နေရာမှာ Vios ကို အစားထိုးထုတ်လုပ်ခဲ့ပါတယ်၊ Vios ရဲ့ အမည်နာမက Latin ဘာသာစကားဖြစ်ပြီး “To Move Forward” (ရှေ့သို့)လို့ အဓိပ္ပာယ်သက်ရောက်ပါတယ်။

 

Vios ကို Toyota Yaris Sedan လို့လည်း လူသိများပါတယ်၊ Vios ကို အာရှ-ပစိဖိတ်ဈေးကွက်အတွက် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး ကားအစိတ်အပိုင်း ထုတ်လုပ်တပ်ဆင်မှုတွေကို တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နဲ့ ထိုင်းတို့မှာ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒီကားကို Toyota Dealer တွေကနေတစ်ဆင့် Brand New ကား ၀ယ်ယူလို့လည်း ရပါတယ်။

 

အင်ဂျင်အမျိုးအစား

 

Toyota Belta တုန်းက အင်ဂျင်ပါဝါ ၁၀၀၀ စီစီနဲ့ ၁၃၀၀ စီစီ နှစ်မျိုး ထုတ်လုပ်ခဲ့ပေမဲ့ Vios မှာတော့ ၁၀၀၀ စီစီမရှိတော့ဘဲ ၁၃၀၀ စီစီနဲ့ ၁၅၀၀ စီစီနှစ်မျိုး ထုတ်လုပ်ထားပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

 

Sedan ကားတွေကို Segment Class သုံးပိုင်းခွဲထားရာမှာ Vios က B-Segment အထဲမှာ ပါဝင်ပါတယ်၊ ထိုင်းနိုင်ငံမှာဆိုရင်လည်း Corolla နဲ့ Camry တို့ရဲ့နောက်မှာ Vios ကို Second Class အဖြစ် သတ်မှတ် ထားပါတယ်။ ဒီကားက Luxury-Sport ဒီဇိုင်းဖြစ်ပြီး ရှေ့ရှဲလ်ကလည်း V ပုံသဏ္ဌာန်ဖြစ်သလို အပြင်ပိုင်းကိုယ်ထည်ကို သုံးဖက်မြင်ဒီဇိုင်းနဲ့ ပုံဖော်ထားပါတယ်။ အတွင်းခန်းအရောင်ကို ဆင်စွယ်ရောင်နဲ့ အနက်ရောင် နှစ် မျိုး ထုတ်လုပ်ထားပြီး Grade အနေနဲ့ J ၊ E ၊ G ၊ S ဆိုပြီး လေးမျိုးခွဲ ထားပါတယ်။ G နဲ့ S Grade မှာ Push-start ၊ Digital Aircon ဖြစ်သွားပြီး ၂၀၁၆ ခုနှစ်မှာ ထုတ်လုပ်တဲ့ A Special Exclausive Grade မှာဆိုရင် Leather ထိုင်ခုံ၊ Piano အရောင် ဒက်ရှ်ဘုတ်နဲ့စတီယာရင်၊ ခုနစ်လက်မရှိတဲ့ Original Touch Screen Bluetooth TV စတာတွေ ပါရှိပါတယ်။

 

ဈေးနှုန်း

 

Toyota Vios ကို Showroom ကနေမဟုတ်ဘဲ နံပါတ်ထွက်ပြီးသား ၂၀၁၇၊ ၂၀၁၈ မိုဒယ်ကို အပြင်ကနေ နယ်လိုင်စင်နဲ့ဝယ်ယူမယ်ဆိုရင် ကျပ်သိန်း ၃၂၀ ကနေ ၃၅၀ ကြားမှာ ရှိပါတယ်။

 

Source; Automobile Journal

Read times
Rate this item
(1 Vote)