Japan



ကျပ်သိန်း ၂၀၀ ကျော်ဖြင့် ရွေးချယ်သင့်သည် Suzuki Ertiga

ကျပ်သိန်း ၂၀၀ ကျော်ဖြင့် ရွေးချယ်သင့်သည် Suzuki Ertiga google

ဂျပန်ညာမောင်းကားတွေထဲက Wish ၊ Fielder တို့ဈေးတွေ မြင့်တက်နေတဲ့အချိန်မှာ တချို့အဝယ်တွေကလည်း ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တဲ့ Suzuki Ertiga type 2 ကို ကျပ်သိန်း ၂၃၀ ဝန်ကျင်း နဲ့ ဝယ်ယူလာကြပါတယ်။

 

New Ertiga ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ အလဲထပ်ပုံစံနဲ့ Ertiga Type 2 ကို ထုတ်ရောင်းလာကြတဲ့အတွက် ဈေးကွက်ထဲမှာ အလွယ်တကူရှာဝယ်လို့ ရပါတယ်။

 

အင်ဂျင်အမျိုးအစား

 

Suzuki Ertiga Type 2 ရဲ့ 1.4 B VVT အင်ဂျင်ဟာ ပေါ့ပါးပြီး ဆီစားနှုန်းသက်သာသလို အင်ဂျင်ရဲ့ အင်အားထုတ်လုပ်မှုကို ပိုမိုကောင်းမွန်အောင် ထိန်းကျောင်းပေးမှာ ဖြစ်ပါတယ်။ အင်ဂျင် ရဲ့ အစိတ်အပိုင်းတွေကို ပွတ်တိုက်မှု အနည်းဆုံးဖြစ်အောင် ပြုလုပ်ထားလို့ စက်သံဆူညံမှုလည်း လျော့ပါးစေမှာ ဖြစ်ပါတယ်။

 

အပြင်ပိုင်း နှင့် အတွင်းခန်း အပြင်အဆင်

 

Suzuki Ertiga Type 2 ဟာ ၂၀၁၅ မိုဒယ်ပုံဟောင်း နဲ့ အဓိက ကွားခြားသွားတာက ကားရဲ့အရှေ့ပိုင်းက Grille ဒီဇိုင်း ၊ နှင်းခွဲမီးဒီဇိုင်း ၊ ကားနောက်ပိုင်းမှာ အလှဆင်ခရိုမီယမ်တန်းတို့ ပါဝင်လာတာ ဖြစ်ပါတယ်။ ကားရဲ့ ရှေ့ပိုင်းမှာ ခရိုမီယမ် Grille ကို ပြောင်းလဲ တပ်ဆင်အသုံးပြုထားပြီး နှင်းခွဲမီးရဲ့ အပေါ်မှာ သတ္တုတန်းလေးကို ထပ်တိုးတပ်ဆင်ထားပါတယ်။ ကားဘီးတွေမှာတော့ ၁၅ လက်မ အလွိုင်းဘီးတွေကို တပ်ဆင်ထားပြီး အနောက်ဘက်မှာတော့ ပါကင်ဆင်ဆာ တပ်ဆင်ထားပါတယ်။ အတွင်းခန်းအပြင်အဆင်ကို ကြည့်မယ်ဆိုရင်လည်း ၂၀၁၅ မိုဒယ်ထက် ပိုမိုစုံလင်တဲ့ Feature တွေ ပါလာတာကို တွေ့ရပါတယ်။ သော့မဲ့ခလုပ်စနစ် Push-start ၊ လျှပ်စစ် နဲ့ ထိန်းညှိနိုင်တဲ့ မှန်ချိုးမှန်းခေါက်စနစ် ၊ DVD Player ၊ စတီယာရင် Audio Control စတဲ့ စနစ်ကို ထည့်သွင်း အသုံးပြုထားတာကို တွေ့ရပါတယ်။ ခုနှစ်ယောက်စီဖြစ်တဲ့အတွက် ထိုင်ခုံသုံးတန်းပါဝင်ပြီး သုံးတန်းမြောက်ထိုင်ခုံကို ခေါက်လိုက်ရင် ၄၈၂ လီတာ ဝင်ဆံ့တဲ့ နေရာအကျယ်အဝန်းကို ရရှိမှာ ဖြစ်ပါတယ်။

 

ဈေးနှုန်း

 

Suzuki Ertiga Type 2 မှာ အက္ခရာ ၊ ကီလိုအနည်းအများ ၊ ကားအတိုက် အခိုက်ရှိ / မရှိ နဲ့ အခွန်စိမ်း ပါ / မပါ အပေါ် မူတည်ပြီး ဈေးကွာဟ သွားပါတယ်။ ဒီကားကို ဈေးကွက်ထဲမှာ ကျပ်သိန်း ၂၂၀ နဲ့ ၂၄၀ ကြားဝယ်ယူလို့ ရပါတယ်။

 

Source; Automobile Journal

Read times
Rate this item
(1 Vote)