Japan



ကျပ်သိန်း ၂၀၀ ကျော်ဖြင့်ရွေးချယ်သင့်သည့် Honda Freed

ကျပ်သိန်း ၂၀၀ ကျော်ဖြင့်ရွေးချယ်သင့်သည့် Honda Freed google

Honda ကုမ္ပဏီကနေ Honda Freed ကို ၂၀၀၈ ခုနှစ်ကမှ ဘက်စုံသုံး Mini MPV အနေနဲ့ ထုတ်လုပ်ခဲ့ပါတယ်။ ဒီကားဟာ Mobilio နေရာကို အစားထိုးဖို့အတွက် ထုတ်လုပ်ခဲ့တာဖြစ်ပြီး Honda ရဲ့နာမည်ကြီး Fit နဲ့ Jazz ကို အခြေခံထုတ်ထားတာ ဖြစ်ပါတယ်။

 

ဒီကားမှာ Version သုံးမျိုးရှိပြီး ငါးယောက်စီး၊ ခုနှစ်ယောက်စီး၊ ရှစ်ယောက်စီး အနေနဲ့ ခွဲခြားထားပါတယ်။ နောက်ပြီး သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းတွေ စီးနင်းနိုင်ဖို့ အတွက်လည်း Wheelchair နဲ့ ရှိပါသေးတယ်။

 

အင်ဂျင်အမျိုးအစား

 

Honda Freed ကို အင်ဂျင်ပါဝါ ၁၅၀၀စီစီ တစ်မျိုးတည်း ထုတ်လုပ်ပြီး 2WD ၊ 4WD နှစ်မျိုးခွဲခြားထားပါတယ်။ မြင်းကောင်ရေ ၁၁၈ကောင်အား ဖြစ်ပြီး အော်တိုဂီယာ ငါးချက် ဖြစ်ပါတယ်။ အင်ဂျင်အမျိုးအသားက L15A ဖြစ်ပြီး 2WDရဲ့ Chassis က GB3၊ 4WDရဲ့ Chassis က GB4 ဖြစ်ပါတယ်။ Honda Freed ကို ၂၀၁၆ မိုဒယ်မှာ Hybrid Version အဖြစ်နဲ့လည်း တွေ့ရပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

 

Honda Freed ကို ငါးယောက်စီး၊ ခုနှစ်ယောက်စီး၊ ရှစ်ယောက်စီးအထိ ထုတ်လုပ်ထားပြီး ဘေးတံခါးတွေက Sliding Door ဖြစ်ပါတယ်။ ၂၀၁၁ မိုဒယ်မှာဆိုရင် G၊ G Just Selection၊ G Aero စတဲ့ Grade သုံးမျိုးရှိပြီး G၊ G Just Selection နဲ့ G Aero Grade အမြင့်ဆုံးဖြစ်လို့ လည်သာစတီယာရင် ဖြစ်သွားသလို Original TV Back Camera လည်း ပါသွားပါတယ်။ နောက်ပြီး ဒီ Grade မှာ Original Alloy Size ၁၅ လက်မ ပါရှိပါတယ်။

 

ဈေးနှုန်း

 

Honda Freed ၂၀၀၉၊ ၂၀၁၀ မိုဒယ်ကို ၀ယ်ယူမယ်ဆိုရင် အက္ခရာ၊ ဂရိတ်နဲ့ ကားအခြေအနေအပေါ်မူတည်ပြီး ကျပ်သိန်း ၂၂၀ ကနေ ၂၄၀ ကြား ရှိပါတယ်။

 

Source; Automobile Journal

Read times
Rate this item
(1 Vote)