Japan



ကျပ်သိန်း ၂၀၀ ၀န်းကျင်ဖြင့် ရွေးချယ်သင့်သည့် Toyota Probox

ကျပ်သိန်း ၂၀၀ ၀န်းကျင်ဖြင့် ရွေးချယ်သင့်သည့် Toyota Probox google

ဒီရက်ပိုင်းမှာ ၁၃၀၀ စီစီကားတွေထဲက Toyota Probox က အရောင်းအ၀ယ် အသွက်ဆုံး ဖြစ်နေပြီး ဈေးကလည်း တခြားကားတွေထက် ပိုပြီးမြင့်နေပါတယ်။

 

Probox မှာ နံပါတ်အနီ၊ အနက်အပေါ် မူတည်ပြီး ဈေးကွာဟသလို ရန်ကုန်လိုင်စင်နဲ့ နယ်လိုင်စင်အပေါ် မူတည်ပြီးတော့လည်း ဈေးမတူပါဘူး။ ၀ယ်သူတွေက သုံးရတဲ့ဈေးနဲ့ သုံးစွဲမှုအပေါ်မူတည်ပြီး ရွေးချယ်ကြတဲ့အတွက် ဒီကားတွေမှာ ဈေးတန်းအမျိုးမျိုး ရှိပါတယ်။

 

Toyota Probox

၁၃၀၀ စီစီ ကားဈေးကွက်ထဲမှာ Probox ၊ Succeed နဲ့ Fit တို့က ဈေးတက်အကြမ်းဆုံး ကားတွေထဲမှာ ပါဝင်နေပါတယ်။ Probox ဆိုရင်လည်း အကြမ်းခံပြီး Spare Part ပေါတဲ့အတွက် မြို့ရောနယ်ပါ လူကြိုက်များသလို ၁၃၀၀ စီစီကားတွေထဲမှာ နံပါတ်တစ် အရောင်းအ၀ယ်အဖြစ်ဆုံးကားလည်း ဖြစ်ပါတယ်။ Toyota ကုမ္ပဏီကနေ Corolla Van နေရာမှာ အစားထိုးဖို့အတွက် Probox ကို ၂၀၀၂ ခုနှစ်က စပြီးထုတ်လုပ်ခဲ့ပါတယ်။ Probox ကို တက္ကစီအဖြစ် ပီးရူး၊ ဘိုလီးဗီးယားနိုင်ငံတွေမှာ ဘယ်မောင်းအနေနဲ့ အသုံးပြုကြပါတယ်။ မြန်မာနိုင်ငံမှာလည်း Probox ကို တက္ကစီအဖြစ်နဲ့တင်မက အိမ်သုံး၊ ရုံးသုံးအနေနဲ့ပါ အသုံးပြုကြပါတယ်။

 

အင်ဂျင်အမျိုးအစား

Toyota Probox မှာ အင်ဂျင်ပါဝါ ၁၃၀၀ စီစီနဲ့ ၁၅၀၀ စီစီ နှစ်မျိုး ရှိပါတယ်။ ၁၅၀၀ စီစီမှာ 2WD က NCB58G၊ 4WD က NCB59G စတဲ့ ချက်စီနဲ့ထွက်ပြီး ၁၃၀၀ စီစီမှာ NCB50 ဖြစ်ပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

Probox ကို ၂၀၀၂ ခုနှစ်ကနေ စတင်ထုတ်လုပ်ခဲ့ပြီး နောက်ဆုံးမိုဒယ် အထိ ဘော်ဒီဒီဇိုင်းမပြောင်းလဲဘဲ ရှေ့နောက်ရှဲလ်နဲ့ မီးခွက်တွေသာ မိုဒယ်နှစ်ခုကို တစ်ပုံစံပြောင်းလဲပါတယ်။ ၂၀၀၉ မိုဒယ်နဲ့ ၂၀၁၀ မိုဒယ် ဆိုရင် အပြင်ပိုင်းပုံစံ ပြောင်းလဲမှုမရှိပါဘူး။ ၁၃၀၀ စီစီမှာ DX ၊ GL စတဲ့ ဂရိတ်တွေရှိပြီး GL မှာ ရှေ့ Power Window နှစ်ချပ်၊ မှန်ချိုးမှန် ခေါက်နဲ့ နောက်ဝိုက်ပါ ပါရှိပါတယ်။ DX မှာတော့ Power Window တစ်ချပ်နဲ့ ဘက်မှန်အကြီး ဖြစ်သွားပါတယ်။ ၁၅၀၀ စီစီမှာ F Extra Package က Power Window လေးချပ်၊ မှန်ချိုးမှန်ခေါက်၊ နောက်ဝိုက်ပါ နဲ့ နောက်ထိုင်ခုံခေါင်းမှီ ပါလာပါတယ်။

 

ဈေးနှုန်း

Toyota Probox မှာ နံပါတ် အနီနဲ့အနက်၊ ကုမ္ပဏီလိုင်စင်နဲ့ လူလိုင်စင်အပေါ်မူတည်ပြီး ၀ယ်သူအကြိုက် ကွဲလွဲပါတယ်။ ဒါ့ပြင် အက္ခရာ၊ ဂရိတ်နဲ့ လိုင်စင်အပေါ် မူတည်ပြီးတော့လည်း ဈေးကွာဟပါတယ်။ ၁၃၀၀ စီစီ ၂၀၀၈၊ ၂၀၀၉၊ ၂၀၁၀ နံပါတ်အနက်၊ ရန်ကုန်လိုင်စင်ထဲကဆိုရင် အက္ခရာအပေါ်မူတည်ပြီး ကျပ်သိန်း ၁၆၀ ကနေ ကျပ်သိန်း နှစ်ရာကြားမှာရှိပြီး ၁၅၀၀ စီစီကတော့ ကျပ်သိန်း နှစ်ရာအထက်မှာ ရှိပါတယ်။

 

Source; Automobile Journal

Read times
Rate this item
(1 Vote)