Japan



ကျပ်သိန်း ၁၅၀ ၀န်းကျင်ဖြင့် ရွေးချယ်သင့်သည့် Toyota bB

ကျပ်သိန်း ၁၅၀ ၀န်းကျင်ဖြင့် ရွေးချယ်သင့်သည့် Toyota bB google

၁၃၀၀ စီစီ ကားတွေထဲမှာ ပုံစံကွဲထွက်ပြီး အတွင်းဂရိတ် အမြင့်ဆုံးလို့တောင်ဆိုနိုင်တဲ့ Toyota bB ဟာ တစ်ချိန်က မြန်မာပြည်ကားဈေးကွက်မှာ ဒီဇိုင်းပုံစံကြောင့် လူကြိုက်နည်းခဲ့ပေမဲ့လည်း အခုအချိန်မှာတော့ ဒီကားရဲ့ အားသာချက်တွေကို သိလာကြတဲ့အတွက် ဈေးကွက်နေရာရလာပါပြီ။

Toyota bB ကိုဝယ်ယူမယ်ဆိုရင် တခြားကားတွေလို ဂရိတ်တွေ သီးသန့်မခွဲဘဲ Dj Version ဖြစ်မဖြစ်ဆိုတာအပေါ် မူတည်ပြီး ဈေးနှုန်း ကွာဟသွားပါတယ်။ Toyota ကထုတ်လုပ်တဲ့ Mini MPV ကားအမျိုးအစား Toyota bB ကို ၂၀၀၀ ပြည့်နှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး ၂၀၀၅ မိုဒယ်အထိကို ပထမမျိုးဆက်နဲ့ ၂၀၀၅ မိုဒယ်ကနေ ၂၀၁၆ အထိကို ဒုတိယမျိုးဆက်အနေနဲ့ သတ်မှတ်ထားပါတယ်။ ပထမမျိုးဆက်ဖြစ်တဲ့ Toyota bB ဟာ Toyota Vitz ကိုအခြေခံပြီး ဂျပန်နိုင်ငံမှာရှိတဲ့ အသက် နှစ်ဆယ်ဝန်းကျင် လူငယ်တွေအတွက် ဈေးကွက်ဦးတည် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဂျပန်နိုင်ငံမှာရှိတဲ့ ဆယ်ကျော်သက်လူငယ်တွေကြားမှာ ရေပန်းစားတဲ့ ကားအမျိုးအစားဖြစ်ပါတယ်။ ဒုတိယမျိုးဆက်မှာတော့ အတွင်းခန်းကျယ်ဝန်းမှုနဲ့ Music Player တွေကို အဓိကထားပြီး အသားပေး ထုတ်လုပ်ခဲ့တဲ့အတွက် လူငယ်တွေရဲ့နှစ်ခြိုက်မှုကို ရရှိခဲ့ပါတယ်။ ဒီကားရဲ့ပုံစံကို နမူနာယူပြီး Daihatsu Materi ၊ Daihatsu Coo ၊ Daihatsu Boon ၊ Daihatsu Sirion ၊ Subaru Dex တို့ကိုလည်း ပုံစံတူအဖြစ် ထုတ်လုပ်ထားပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

Toyota bB မှာ တခြားကားတွေလိုပဲ ဂရိတ်ခွဲတွေအများကြီးရှိပေမဲ့ ဈေးကွက်ထဲမှာတော့ Dj Version ဖြစ်၊မဖြစ်အပေါ်မူတည်ပြီး ဈေးနှုန်းကွာခြား သွားပါတယ်။ ၁၅၀၀ စီစီမှာ Z Aero -G Package နဲ့ ၁၃၀၀ စီစီမှာ S Aero-G Package တို့က Dj Version ဖြစ်သွားလို့ Smart Key ၊ Digitai Aircon ၊HID မီးဖြူ၊ ရှေ့နှင်းခွဲမီး၊ Skirt ပတ်လည်၊ Original bB Alloy စတာတွေ ပါသွားပါတယ်။ နောက်ပြီး ဒိုင်ခွက်ကလည်း ဖောင်းကြွ ဖြစ်သွားပါတယ်။ ရှေ့ခုံအလယ်လက်တင်မှာ Volume Control ပါဝင်ပြီး ilium အတွင်းခန်းမီးအပြာ စတာတွေလည်း ပါသွားပါတယ်။ S Aero-G Package မှာတော့ Dj Version မဖြစ်တာကလွဲပြီး G Package မှာပါဝင်တဲ့ပစ္စည်း တော်တော်များများ ပါဝင်ပါတယ်။

 

အင်ဂျင်အမျိုးအစား

Toyota bB ကို အင်ဂျင်ပါဝါ ၁၅၀၀ စီစီနဲ့ ၁၃၀၀ စီစီ နှစ်မျိုးထုတ်လုပ် ထားပြီး ၁၅၀၀ စီစီ အင်ဂျင်မှာ 2WD တစ်မျိုးတည်းပဲ ရှိပါတယ်။ ဈေး ကွက်ထဲမှာတော့ ၁၅၀၀ စီစီက ကားရှားပါတယ်။ ၁၃၀၀ စီစီမှာတော့ 2WD ရော 4WD ပါ ထုတ်လုပ်ထားပြီး 2WD ရဲ့ ချက်စီက QNC20 နဲ့ 4WD ချက်စီက QNC25 ဖြစ်ပါတယ်။

 

ဈေးနှုန်း

Toyota bB ၂၀၀၈ မိုဒယ်ကနေ ၂၀၁၀ မိုဒယ်အတွင်း ကားကိုဝယ်မယ် ဆိုရင် အက္ခရာမြင့်၊ ကားအဖြူ၊ Dj Version ဖြစ်တယ်ဆိုရင် ကျပ်သိန်း ၁၇၀ ၀န်းကျင်မှာ ရှိပါတယ်။ ပုံမှန်ဂရိတ်ကားတွေကတော့ ကျပ်သိန်း ၁၄၀ ကနေ ကျပ်သိန်း ၁၆၀ မှာ ရှိပါတယ်။

Source; Automobile Journal

Read times
Rate this item
(1 Vote)