Japan



ကျပ်သိန်း ၁၂၀ နှင့် ၁၅၀ ကြား ရွေးချယ်သင့်သည့် Suzuki Swift

ကျပ်သိန်း ၁၂၀ နှင့် ၁၅၀ ကြား ရွေးချယ်သင့်သည့် Suzuki Swift google

အခုအချိန်မှာ ကျပ်သိန်း ၁၃၀ ၀န်းကျင်သုံးပြီး ၁၃၀၀ စီစီ ကားတစ်စီး လိုချင်တယ်ဆိုရင် Suzuki Swift ကို ရှာဖွေဝယ်ယူလို့ ရပါတယ်။ ဖရီးပါမစ်ကား တင်သွင်းခွင့်တွေ စပေးတုန်းက ဈေးကွက်ထဲမှာ Fit ၊ Vitz ၊ Swift ဆိုပြီး နာမည်ရခဲ့သလို အခုအချိန်မှာလည်း လူကြိုက်များတဲ့ကားစာရင်း ထဲမှာ ပါဝင်နေဆဲဖြစ်ပါတယ်။

 

Suzuki Myanmar Motor ကနေ SKD စနစ်နှဲ့တင်အ ကို ထုတ်လုပ်ခဲ့တဲ့နောက်ပိုင်းမှာ ဂျပန်ကနေ တင်သွင်းထားတဲ့ နံပါတ်ထွက်ပြီးသား မိုဒယ်နိမ့် ညာမောင်း Swift တွေရဲ့ဈေးက တခြား ၁၃၀၀ စီစီကားတွေလို ဈေးထပ် မတက်တော့ဘဲ အတိုင်းအတာတစ်ခုမှာ ရပ်သွားပါတယ်။ Economy Car တွေ ထုတ်လုပ်တဲ့နေရာမှာ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Suzuki က Swift ကို ၂၀၀၀ ပြည့်နှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ Suzuki Swift က Suzuki Cultus ရဲ့ မျိုးဆက်တစ်ခုလည်း ဖြစ်ပါတယ်။ Suzuki Swift ကို ၂၀၀၀ ပြည့်နှစ်က စတင်ထုတ်လုပ်ခဲ့ပြီး ၂၀၀၄ ခုနှစ်အထိကို ပထမမျိုးဆက်၊ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိကို ဒုတိယမျိုးဆက်၊ ၂၀၁၀ ခုနှစ်အထက်ကို တတိယမျိုးဆက်အဖြစ်သတ်မှတ်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ကမ္ဘာကျော်ဘောလုံးသမား စီရော်နယ်ဒိုကိုအသုံးပြုပြီး ဥရောပကားဈေးကွက်ကို ထိုးဖောက်ခဲ့တဲ့အတွက် Suzuki Swift ကို လူသိပိုများလာခဲ့ သလို ဂျပန်နိုင်ငံနဲ့ ဥရောပနိုင်ငံတွေမှာ မျှော်မှန်းထားတာထက်ပိုပြီး ရောင်းချနိုင်ခဲ့ပါတယ်။ Swift ကို Crash Tests လို့ခေါ်တဲ့ တိုက်ကြေခံနိုင်ရည် စစ်ဆေးခဲ့တဲ့အခါမှာလည်း Euro NCAP က သတ်မှတ်တဲ့ ကြယ်ငါးပွင့်အဆင့်မှာ ကြယ်လေးပွင့်အဆင့် ရှိခဲ့ပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

Suzuki Swift ကို ဂျပန်နိုင်ငံအပြင် တရုတ်၊ အီဂျစ်၊ ဟန်ဂေရီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မြန်မာ၊ မလေးရှား၊ ပါကစ္စတန်တို့မှာလည်း တပ်ဆင်ထုတ် လုပ်ပါတယ်။ ဂရိတ်အားလုံးမှာ Smart Key ၊ Auto Aircon ပါရှိပြီး Xs Grade မှာဆိုရင် Steeriing Volume Control ပါသွားသလို အလွိုင်းဆိုဒ်က လည်း ၁၆ လက်မဖြစ်သွားပါတယ်။ XL Grade မှာလည်း အလွိုင်းဆိုဒ် ၁၆ လက်မဖြစ်ပြီး XG မှာတော့ ၁၅ လက်မ ဖြစ်ပါတယ်။ ဒီဂရိတ်တွေအပြင် Sport Type ပုံစံနဲ့ Aero ၊ Sport စတဲ့ ဂရိတ်တွေလည်း ရှိပါတယ်။ ဂျပန်ကနေ တင်သွင်းထားတဲ့ Swift မိုဒယ်နိမ့်ကားတွေက အရင်ပုံဟောင်းဖြစ်ပြီး အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ တပ်ဆင်ထုတ်လုပ်တဲ့ ကားတွေကတော့ အတွင်းခန်းရော အပြင်ဒီဇိုင်းပါ ပြောင်းသွားပါတယ်။

 

အင်ဂျင်အမျိုးအစား

Swift ကို အင်ဂျင်ပါဝါ ၁၂၀၀ စီစီ၊ ၁၃၀၀ စီစီ၊ ၁၅၀၀ စီစီ၊ ၁၆၀၀ စီစီ ထုတ်လုပ်ထားပြီး ၂၀၁၀ မိုဒယ်နဲ့ နောက်ပိုင်းမှာ ၁၂၀၀ စီစီ ကားတွေပဲ ထုတ်လုပ်ပါတယ်။ ဒါပေမဲ့ တချို့နိုင်ငံတွေမှာတော့ ၁၀၀၀ စီစီနဲ့ ထုတ်လုပ်တာတွေ ရှိပါတယ်။ ဒီကားကို CVT Gear နဲ့ ထုတ်လုပ် တာရှိသလို Sport Type အဖြစ်နဲ့ Manual Gear ငါးချက်နဲ့လည်း ထုတ် လုပ်ပါတယ်။

 

ဈေးနှုန်း

Suzuki Swift ၂၀၀၇ မိုဒယ်ကနေ ၂၀၁၀ မိုဒယ်ကြားကို ၀ယ်ယူမယ် ဆိုရင် အက္ခရာ၊ ကားအခြေအနေနဲ့ မိုဒယ်အပေါ် မူတည်ပြီး ကျပ်သိန်း ၁၂၀ ကနေ ၁၅၀ ကြား ရှိပါတယ်။

 

 

Source; Automobile Journal

Read times
Rate this item
(1 Vote)