Japan



ကျပ်သိန်း ၁၅၀ နှင့် ၃၅၀ ကြား ရွေးချယ်သင့်သည့် Nissan Note

ကျပ်သိန်း ၁၅၀ နှင့် ၃၅၀ ကြား ရွေးချယ်သင့်သည့် Nissan Note google

Mini Hatchback ကားအမျိုးအစားဖြစ်တဲ့ Nissan Note ကို ၂၀၀၄ ခုနှစ်က စတင်ထုတ်လုပ်ခဲ့ပါတယ်။ Nissan Note ကို အမိုးအခုံးသဏ္ဌာန် တည်ဆောက်ထားပါတယ်။

 

နောက်မီးတန်းကို V Shape သဏ္ဌာန် ပုံဖော်ထားပြီး ၁၇ လက်မရှိတဲ့ အလွိုင်းခွေ တပ်ဆင်ထားတဲ့အတွက် ခံ့ညားလှပါပါတယ်။ Nissan Note ရဲ့ ပထမမျိုးဆက်ကို ၂၀၀၄ မိုဒယ်ကနေ ၂၀၁၁ မိုဒယ်အထိ ထုတ်လုပ်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ ပုံပြောင်းအနေနဲ့ ဒုတိယမျိုးဆက်အဖြစ် ထုတ်လုပ်ခဲ့ပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

Nissan Note 15X နဲ့ 15RS တို့ရဲ့ အရှေ့ရှဲလ်တွေကို ခရိုမီယမ်သတ်္တုနဲ့ ပြုလုပ်ထားပါတယ်။ ရှေ့မီးတွေကို Halogen မီးသီးတွေ တပ်ဆင်ထား တဲ့အတွက် လင်းအားကောင်းပြီး နောက်မီးတွေကလည်း V ပုံသဏ္ဌာန် ရှိတဲ့အတွက် ဆန်းသစ်လှပပါတယ်။ ခြေနင်းတွေကို အလူမီနီယံနဲ့ ပြုလုပ် ထားလို့ အကြမ်းခံမှုရှိပါတယ်။ ၂၀၀၉ မိုဒယ်မှာ Aircon က Manual ဖြစ်ပြီး တံခါးလေးချပ်စလုံး Power ဖြစ်သလို မှန်ကာလာလည်း ပါပါတယ်။ ဒါ့ပြင် လှပခံ့ညားတဲ့ ၁၇ လက်မ အလွိုင်းခွေတွေကိုလည်း တပ်ဆင်ထားပါတယ်။ အရောင်အနေနဲ့ကတော့ လေးမျိုးရှိပြီး အနက်၊ ငွေရောင်၊ အဖြူရောင်၊ လိမ္မော်ရောင်တို့ ဖြစ်ပါတယ်။ Nissan Note ၂၀၀၉ မိုဒယ်မှာ Driver Airbag ၊ Passenger Airbag တွေပါရှိပြီး ဗြှ ဘရိတ်စနစ် ဖြစ်ပါတယ်။ Anti Thief Device ပါရှိပြီး တခြား Black Box ၊ Car Camera စတာတွေကိုလည်း လိုအပ်သလို တပ်ဆင်နိုင်ပါတယ်။

 

အင်ဂျင်အမျိုးအစား

Nissan Note ကို ၂၀၀၄ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ အင်ဂျင်ပါဝါ ၁၅၀၀ စီစီနဲ့ ထုတ်လုပ်ခဲ့ပြီး ၂၀၁၂ ခုနှစ်ကနေစလို့ ၁၂၀၀ စီစီကို ပြောင်းလဲ ထုတ်လုပ်ခဲ့ပါတယ်။ ၂၀၀၉ မိုဒယ်ထဲက နှစ်ကုန်ခါနီး ထုတ်တဲ့ Note မှာ Grade အနေနဲ့ 15X AERO STYLE ၊ 15RS AERO STYLE ဆိုပြီး နှစ်မျိုးရှိပါတယ်။ အင်ဂျင်မိုဒယ်က HR 15DE ဖြစ်ပြီး Inline 4 Cylinder DOHC အမျိုးအစားဖြစ်ပါတယ်။ ဆီတိုင်ကီက ၄၅ လီတာ ၀င်ဆံ့ပြီး ဆီစားနှုန်းကတော့ တစ်ဂါလန်ကို ၄၅ ကီလိုဝန်းကျင် မောင်းနှင်လို့ရပါတယ်။

 

ဈေးနှုန်း

Nissan Note ရဲ့ဈေးနှုန်းကတော့ ၂၀၀၉ မိုဒယ်၊ ရန်ကုန်လိုင်စင်၊ Grade အမြင့် Car Condition ကောင်းမယ်ဆိုရင် အက်္ခရာအပေါ်မူတည် ပြီး ကျပ်သိန်း ၁၅၀ ကနေ ၁၆၀ ကြား ရှိပါတယ်။

 

 

Source; Automobile Journal

Read times
Rate this item
(3 votes)