Japan

Toyota Corolla ရဲ့ ၁၀ ခုမြောက်မျိုးဆက်ဖြစ်တဲ့ Axio ကို ၂၀၀၆ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ ဗထငသ ဆိုတဲ့ အဓိပ္ပာယ်က ဂရိဘာသာစကား “Axia” အင်္ဂလိပ်လို “Things With Value” (တန်ဖိုးရှိသောအရာ) လို့ အမည်နာမ ပေးခဲ့တာဖြစ်ပါတယ်။
ဂျပန်ညာမောင်းကားတွေထဲက Wish ၊ Fielder တို့ဈေးတွေ မြင့်တက်နေတဲ့အချိန်မှာ တချို့အဝယ်တွေကလည်း ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တဲ့ Suzuki Ertiga type 2 ကို ကျပ်သိန်း ၂၃၀ ဝန်ကျင်း နဲ့ ဝယ်ယူလာကြပါတယ်။
Honda ကုမ္ပဏီကနေ Honda Freed ကို ၂၀၀၈ ခုနှစ်ကမှ ဘက်စုံသုံး Mini MPV အနေနဲ့ ထုတ်လုပ်ခဲ့ပါတယ်။ ဒီကားဟာ Mobilio နေရာကို အစားထိုးဖို့အတွက် ထုတ်လုပ်ခဲ့တာဖြစ်ပြီး Honda ရဲ့နာမည်ကြီး Fit နဲ့ Jazz ကို အခြေခံထုတ်ထားတာ ဖြစ်ပါတယ်။
Toyota ကုမ္ပဏီက Corolla Van နေရာမှာ အစားထိုးဖို့အတွက် ၂၀၀၂ ခုနှစ်မှာ Probox နဲ့အတူ Succeed ကိုလည်း ထုတ်လုပ်ခဲ့ပါတယ်။
ဒီရက်ပိုင်းမှာ ၁၃၀၀ စီစီကားတွေထဲက Toyota Probox က အရောင်းအ၀ယ် အသွက်ဆုံး ဖြစ်နေပြီး ဈေးကလည်း တခြားကားတွေထက် ပိုပြီးမြင့်နေပါတယ်။
၁၃၀၀ စီစီ ကားတွေထဲမှာ ပုံစံကွဲထွက်ပြီး အတွင်းဂရိတ် အမြင့်ဆုံးလို့တောင်ဆိုနိုင်တဲ့ Toyota bB ဟာ တစ်ချိန်က မြန်မာပြည်ကားဈေးကွက်မှာ ဒီဇိုင်းပုံစံကြောင့် လူကြိုက်နည်းခဲ့ပေမဲ့လည်း အခုအချိန်မှာတော့ ဒီကားရဲ့ အားသာချက်တွေကို သိလာကြတဲ့အတွက် ဈေးကွက်နေရာရလာပါပြီ။
အခုအချိန်မှာ ကျပ်သိန်း ၁၃၀ ၀န်းကျင်သုံးပြီး ၁၃၀၀ စီစီ ကားတစ်စီး လိုချင်တယ်ဆိုရင် Suzuki Swift ကို ရှာဖွေဝယ်ယူလို့ ရပါတယ်။ ဖရီးပါမစ်ကား တင်သွင်းခွင့်တွေ စပေးတုန်းက ဈေးကွက်ထဲမှာ Fit ၊ Vitz ၊ Swift ဆိုပြီး နာမည်ရခဲ့သလို အခုအချိန်မှာလည်း လူကြိုက်များတဲ့ကားစာရင်း ထဲမှာ ပါဝင်နေဆဲဖြစ်ပါတယ်။
Mini Hatchback ကားအမျိုးအစားဖြစ်တဲ့ Nissan Note ကို ၂၀၀၄ ခုနှစ်က စတင်ထုတ်လုပ်ခဲ့ပါတယ်။ Nissan Note ကို အမိုးအခုံးသဏ္ဌာန် တည်ဆောက်ထားပါတယ်။
2020 Model Year တွင် Toyota Yaris Model သည် Hatchback Version အား Mazda 2 Hatchback rebadged အနေဖြင့် ထုတ်လုပ်ပါမည်။
ဂျပန်နာမည်ကျော်ကားထုတ်လုပ်ရေးတိုယိုတာရဲ့ နောက်ဆုံးမော်ဒယ် အသစ် 2020 Toyota Supra ကားအမျိုးအစားထုတ်လုပ်မှုကို သြစတြေးလျနိုင်ငံမှာယခုနှစ်အစောပိုင်းအတွင်းစတင်ခဲ့တယ်လို့ သိရှိရပါတယ်။