Brands

Nissan President ကို Nissan ရဲ့ ထိပ်တန်းမိုဒယ်တစ်ခုဖြစ်တဲ့ Cedric Special နေရာမှာ အစားထိုးထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ပြင် President က Nissan ရဲ့ အကောင်းဆုံး Limousine Model ဖြစ်ပြီး နောက်ဆုံးထုတ်ထားတဲ့ကားက ၂ဝဝ၃၊၂ဝဝ၈ ရုပ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ၂ဝဝ၃၊ ၂ဝဝ၆ မိုဒယ်တွေကို တင်သွင်းစီးနင်းကြပါတယ်။ ၂ဝဝ၃ ရုပ်ပြောင်းမိုဒယ်က ဂျပန်မှာ အထူးဈေးမြင့်တဲ့ Luxury Model လည်း ဖြစ်ပါတယ်။ President ကို Sovereign အနေနဲ့ ထုတ်လုပ်ထားပြီး ထူးခြားမှုကတော့ Fully Loaded ပုံစံဖြစ်တဲ့အတွက် ပါဝင်မှုများစွာကို Standard ထည့်သွင်းပေးထားတာပဲ ဖြစ်ပါတယ်။

Published in Japan

Toyota Celsior ၂ဝဝ၃ မိုဒယ်က ၂ဝဝဝ ပြည့်နှစ်မှာစထုတ်ခဲ့တဲ့ မျိုးဆက်ကားရဲ့ Facelift မိုဒယ်ဖြစ်ပြီး ၂ဝဝ၅ ခုနှစ်ကနေ ၂ဝဝ၆ ခုနှစ်အထိ အဲဒီဒီဇိုင်းနဲ့ ထုတ်လုပ်ခဲ့ပါတယ်။ North America Auto Show မှာ စတင်ပွဲထုတ်ခဲ့ပြီး မျိုးဆက်သုံးဆက်မြောက်ဖြစ်တဲ့ Toyota Celsior ၂ဝဝ၃-၂ဝဝ၆ မိုဒယ်ကို Lexus LS 430 လို့လည်း ခေါ်တွင်ပါတယ်။

Published in Japan

၂ဝ၁ဝ မိုဒယ်မတိုင်ခင် ထုတ်လုပ်ထားတဲ့ Nissan March က Volkswagen ပုံသဏ္ဍန်လို အမိုးခုံးပုံစံတည်ဆောက်ထားပြီး တခြား ၁၃ဝဝ စီစီကားတွေနဲ့ယှဉ်ရင် ပုံစံရိုးရှင်းလွန်းတဲ့အတွက် လူကြိုက်နည်းခဲ့ပါတယ်။

Published in Japan

ကျပ်သိန်း ၁၅ဝ ဝန်းကျင်သုံးပြီး မိုဒယ်မြင့်ပုံပြောင်းကားထဲက အင်ဂျင်ပါဝါနည်းနည်းနဲ့ Supermini ကားကို ဝယ်ယူချင်တယ်ဆိုရင် Toyota Passo ကို ရွေးချယ်လို့ရပါတယ်။ အရင် ပုံဟောင်းမှာ ဒီကားလေးက လူကြိုက်နည်းခဲ့ပေမဲ့ ပုံပြောင်းသွားတဲ့နောက်ပိုင်းမှာတော့ ဒီဇိုင်းဆန်းသစ် သွားတဲ့အတွက် ကားအသေးကြိုက်သူတွေကို ဆွဲဆောင်မှု အပြည့်အဝပေးနိုင်လာပါတယ်။

Published in Japan

ဂျပန်နိုင်ငံအခြေစိုက် Honda အနေနဲ့ Tokyo Motor Show မှာ ၂၀၂၀မော်ဒယ် ရုပ်ပြောင်းဖြစ်တဲ့ Honda Fit ကိုမိတ် ဆက်ပြသခဲ့ပါတယ်။ ထူးခြားမှုကတော့ hybrid အမျိုးအစားကို အရင်ဆုံးမိတ်ဆက်ပြသပေးခဲ့ခြင်းပဲဖြစ်ပါတယ်။

Published in Japan

TOYOTA ရဲ့ MPV အမျိုးအစားမှာ အရောင်ရဆုံး ဘုရင်တပါးဖြစ်တဲ့ Alphard ကို NAME PLATE လေးကြည့်ရုံနဲ့ ကားရဲ့ GRADE သိရမဲ့အပြင် 2W လား ? 4W လား ? 7 ယောက်စီးလား ? 8 ယောက်စီးလား ? စတာတွေကို သိနိုင်မယ်ဗျ။

Published in Japan

ဒုတိယကမ္ဘာစစ် ပြီးဆုံးသွားပြီးသောအခါ တိုယိုတာသည် မော်တော်ယာဉ်အမျိုးမျိုးကို မဟာဗျူဟာကျကျ ထုတ်လုပ်ပြီး မဟာဗျူဟာကျကျ ရောင်းချခဲ့ရာ ကမ္ဘာ့အကြီးမားဆုံး မော်တော်ယာဉ် ထုတ်လုပ်သည့် လုပ်ငန်းကြီးတစ်ခုအဖြစ်သို့ ရောက်ရှိသွားခဲ့သည်မှာ အများသိပြီးသား ဖြစ်သည်။

Published in History

ဂျပန်ညာမောင်းကားဈေးတွေ မြင့်တက်နေတဲ့အချိန်မှာ ဂျပန်ကားတွေလိုပဲအကြမ်းခံတဲ့ ၁၃ဝဝ စီစီ ကားအမျိုးအစားထဲက တခြားအမျိုးအစားတစ်ခုကို ရွေးချယ်မယ်ဆိုရင် ဂျာမနီနိုင်ငံထုတ် Volkswagen Polo က အသင့် တော်ဆုံး ဖြစ်တယ်လို့ ထင်ပါတယ်။

Published in Europe

ပြည်တွင်းလမ်းမထက်မှာ တွေ့ရတဲ့ကားတော်တော်များများကိုကြည့်လိုက်မယ်ဆိုရင် Sedan ပဲဖြစ်ဖြစ်၊ Crossover ပဲဖြစ်ဖြစ် full-size ဆိုတာထက် compact အရွယ်အစားတော်တော်များ များကိုတွေ့ရမှာဖြစ်ပါတယ်။

Published in UK

တောင်ကိုရီးယားနိုင်ငံရဲ့အကြီးဆုံးမော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Hyundai ကထုတ်လုပ်ထားတဲ့ Creta ၊ သို့မဟုတ် Hyundai ix25 လို့သိကြတဲ့ SUV ကားဟာဆိုရင် မြန်မာနိုင်ငံမှာလည်း SKD စနစ်နဲ့ တပ်ဆင်ထုတ်လုပ် နေတဲ့အတွက် ဈေးကွက်မှာ အတိုင်းအတာတစ်ခုအထိ ပေါက်ပါတယ်။

Published in Tips
Page 1 of 4