Brands



နာမည်ကြီးအမှတ်တံဆိပ်တော့ စီးချင်တယ်၊ အများအကြိုက်ရန်ကုန်လိုင်စင်လည်းလိုချင်တယ်၊ အချိန်ပေးစောင့်တာလည်း မလုပ်ချင်ဘူးဆိုပြီး တစ်မေးတည်းမေးနေသူတွေအတွက်

ပြည်တွင်းလမ်းမထက်မှာ တွေ့ရတဲ့ကားတော်တော်များများကိုကြည့်လိုက်မယ်ဆိုရင် Sedan ပဲဖြစ်ဖြစ်၊ Crossover ပဲဖြစ်ဖြစ် full-size ဆိုတာထက် compact အရွယ်အစားတော်တော်များ များကိုတွေ့ရမှာဖြစ်ပါတယ်။

 

Slide_01.jpg

 

ဒါကကားအရွယ်စားသေးသေးကို ဆီစားနှုန်းသက်သက်သာသာနဲ့ လိုချင်တယ်ဆိုတာ ကိုပြသနေတာဆိုရင်လည်း မမှားပါဘူး။ ကားထုတ်လုပ်သူတော်တော်များများ ကလည်း ၀ယ်သူတွေအကြိုက် sport type ဆန်ဆန်ကျစ်ကျစ်လစ်လစ်လေးကို ထုတ်လုပ်လာတာ ကြောင့် တံခါးနှစ်ပေါက် (coupe) ပုံစံတည်ဆောက်မှုက crossover SUV အမျိုးအစားမှာ တော်တော် လေးခေတ်စားလာပါတယ်။ ဒါကြောင့် compact luxury crossover SUV အမျိုးအစားဖြစ်တဲ့ ဗြိတိန်အခြေစိုက် Jaguar Land Rover (JLR) ရဲ့ Land Rover Range Rover Evoque နဲ့စာဖတ်ပရိတ်ကြီးကို မိတ်ဆက်ပေးပါရစေ။

 

Slide_002.jpg

 

၂၀၁၁ခုနှစ်မှာစတင်မိတ်ဆက်ပေးပြီး တစ်နှစ်ထက်တစ်နှစ်ရောင်းအားတက်လာတဲ့ JLR ရဲ့ထုတ်ကုန် တစ်ခုပဲဖြစ်ပါတယ်။ JLR အနေနဲ့ Range Rover Evoque အတွက် အလူမီနီယံတည်ဆောက်မှုကိုသုံးပေးထားတော့ လှစ်လှစ်ထနေရုံသာမက ဆီစား နှုန်းများမလားဆိုပြီး စိုးရိမ်ရမှုအတွက်လည်း စိတ်သာချပေတော့ပေါ့။ ဒါ့အပြင် တန်ဖိုးရှိလှတဲ့အသက် တွေအတွက် လုံခြုံရေးပိုင်းမှာစိတ်ချရတဲ့ ထုတ်ပြန်မှုတွေစဉ်ဆက်မပြတ်ပြုလုပ်ပေးနေတဲ့ Euro NCAP ရဲ့စမ်းသပ်ချက်မှာလည်း Range Rover Evoque က အမြင့်ဆုံးဖြစ်တဲ့ ကြယ်ငါးပွင့်ရထားတော့ ယာဉ်မတော်တဆမှုအတွက်လည်း တော်တော်လေးစိတ်ချရစေမှာဖြစ်ပါတယ်။ ရှေ့ရောနောက်မှာ disc ဘရိတ်တွေဖြစ်ပြီး မြေပြင်ကင်းလွတ်အကွာအဝေးကလည်း ၂၁၀ မီလီမီတာအထိရှိပါတယ်။

 

2.0L turbocharged diesel အင်ဂျင်ကနေမြင်းကောင်ရေ ၁၇၈ကောင်အားကို ရရှိစေပြီး ဆီစားနှုန်းကတော့ မြို့တွင်းမြို့ပြင်နှစ်ခုပေါင်းကို 5.1L/100km အထိရှိမှာဖြစ်ပါတယ်။

 

ဒီလိုအချက်တွေနဲ့ပြည့်စုံနေတာကြောင့်orderပြီး ကားရဖို့ စောင့်စရာမလို ချက်ချင်းဝယ် ချက်ချင်းရမယ့်အခွင့်အရေးတစ်ခု သင့်ဆီရောက်ရှိလို့နေပါပြီ ကျွန်ပ်တို့ automobile page ကနေပြီး လူကြီးမင်းတို့ အားလုံးအတွက် အသင့်ရှိပြီးသား Range Rover Evoque Brand New ကားသစ်ကြီး ၂ စီးကို အသက်သာဆုံးဈေးနှုန်းနဲ့ရောင်းချပေးသွားမှာဖြစ်လို့ အခုပဲ ဆက်သွယ်လိုက်ရအောင်

 

အသေးစိတ်အချက်အလက်များနဲ့ ကားအတွင်း အပြင်ကြည့်ရှု့လို ပါက

ဖုန်းနံပါတ် - 09- 420 071 336, 09-50 440 20, 09- 250 638 055 သို့ ခေါ်ယူမေးမြန်းနိုင်ပါတယ်။

 

Slide_Phone_No.jpg

Myanmar Automobile Equipment Directory

Read times
Rate this item
(1 Vote)