Brands



ကျပ်သိန်း ၂၀၀ နှင့် ၃၀၀ ကြားရွေးချယ်သင့်သည့် Volswagen Cross Polo

ကျပ်သိန်း ၂၀၀ နှင့် ၃၀၀ ကြားရွေးချယ်သင့်သည့် Volswagen Cross Polo google

Polo ကို Volkswagen ကုမ္ပဏီကနေ ၁၉၇၅ ခုနှစ်မှာ Supermini Car အနေနဲ့ စတင်ထုတ်လုပ်ခဲ့ပါတယ်။ ဒီကားကို ဥရောပမှာတင်မက ကမာအနှံ့အပြားမှာ Hatchback၊ Sedan နဲ့ Station Wagon အဖြစ်နဲ့ပုံစံ အမျိုးမျိုး ထုတ်လုပ်ခဲ့ပါတယ်။

 

၂၀၀၉ မိုဒယ်ကစပြီး ပဉ္စမမြောက်မျိုးဆက်အဖြစ်ထုတ်လုပ်ခဲ့ရာမှာ European Car Of The Year ၊ Japan Import Car Of The Year နဲ့ Five-Star Euro NCAP စတဲ့ ဆုတွေကို ရရှိခဲ့ပါတယ်။ ဂျာမနီနိုင်ငံထုတ်ကားဖြစ်တဲ့အတွက် ဂျပန်ကားတွေထက် ဘော်ဒီ၊ သံပြား ပိုထူပြီး အင်ဂျင် စက်စွမ်းအားကလည်း ပိုကောင်းပါတယ်။

 

အင်ဂျင်အမျိုးအစား

Volkswagen Polo မှာ အင်ဂျင်ပါဝါ ၁၁၉၇စီစီနဲ့ ၁၃၉၄စီစီ နှစ်မျိုးရှိပြီး ၁၁၉၇စီစီကိုပဲတင်သွင်းမှုများပါတယ်။ အင်ဂျင်ပါဝါ ၁၂၀၀ စီစီပဲရှိတယ်ဆိုပေမဲ့ Turbo Engine ဖြစ်တဲ့အတွက် စက်စွမ်းအားမြင့်မားပါတယ်။ အင်ဂျင်မိုဒယ်က CBZဖြစ်ပြီး Chassis အနေနဲ့ခွဲမယ်ဆိုရင် Polo က 6RCBZ ၊ Cross Polo က 6CRBZW ဖြစ်ပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

၂၀၁၃ မိုဒယ် Polo မှာ Active Bluemotion Technology ၊ Tsi Comfortline Technology ၊ Tsi Highline နဲ့ Cross Polo က Polo ရိုးရိုးထက် အရွယ်အစား မသိမသာကြီးသွားပြီး ရှေ့ရုပ်လည်း ကွဲထွက်သွားပါတယ်။ ဂရိတ် အမြင့်ဆုံးလို့ဆိုနိုင်တဲ့ Cross Polo မှာ Digital Aircon ဖြစ်သွားပြီး အလွိုင်းဆိုက်ကလည်း ၁၇လက်မ ဖြစ်သွားပါတယ်။ Cross Polo ဖြစ်သွားမယ်ဆိုရင် ရှေ့/နောက် နှင်းခွဲမီးတွေနဲ့ ရှေ့ Spoiler လည်း ပါသွားပါတယ်။ ရိုးရိုး Polo မှာ Tsi Highline က Digital Aircon ဖြစ်သွားပေမဲ့ အလွိုင်းဆိုဒ်က ၁၅လက်မပဲ ရှိပါတယ်။ ဒီဂရိတ်မှာလည်း ရှေ့/နောက် နှင်းခွဲမီးတွေ ပါရှိပါတယ်။ ကျန်တဲ့ဂရိတ်တွေမှာတော့ Manual Aircon ဖြစ်သွားပြီး အလွိုင်းအစား အော်ရီဂျင်နယ်ဘီးအဖုံးပဲ ပါရှိပါတယ်။

 

ဈေးနှုန်း

Volkswagen Cross Polo ကို နံပါတ်ထွက်ပြီးသား ဝယ်ယူမယ်ဆိုရင် အက္ခရာနဲ့ ဂရိတ်အပေါ်မူတည်ပြီး ကျပ်သိန်း ၂၅၀ နဲ့ ၂၇၀ ကြားရှိပါတယ်။

 

Source; Automobile Journal

Read times
Rate this item
(1 Vote)