Europe



အလုိအေလ်ာက္ အာရံုခံထိန္းခ်ဳပ္ႏုိ္င္ေသာ စတီယာရင္ပံုစံအသစ္ႏွင့္ Mercedes Benz S- Class ကားအေၾကာင္း (Zawgyi – Unicode)

အလုိအေလ်ာက္ အာရံုခံထိန္းခ်ဳပ္ႏုိ္င္ေသာ စတီယာရင္ပံုစံအသစ္ႏွင့္ Mercedes Benz S- Class ကားအေၾကာင္း (Zawgyi – Unicode) google

၂၀၁၈ မိုဒယ္ Mercedes Benz S- Class အသစ္စက္စက္ ကားအမ်ိဳးအစားသည္ touch sensitive control buttons ပါဝင္ေသာ စတီယာရင္ ပံုစံအသစ္ႏွင့္ ယခင္မိုဒယ္မ်ား ထက္ပိုၿပီး

လြယ္လြယ္ကူကူထိန္းခ်ဳပ္ ေမာင္းႏွင္ႏုိင္ပါသည္။

ထိုကားသည္ 3.0 L ဓာတ္ဆီအင္ဂ်င္ကိုအသံုးထား၍ အင္ဂ်င္၏ စြမ္းေဆာင္ရည္အေနျဖင့္ ျမင္းေကာင္ေရ ၃၆၇ ေကာင္အားရွိၿပီး Twin turbo အင္ဂ်င္ကိုအသံုးျပဳထားေသာ ဆီဒန္ကား အမ်ိဳးအစားျဖစ္ပါသည္။

***သင္စိတ္ဝင္စားႏုိင္ေသာ ကားေမာင္းသူမ်ား သိထားသင့္သည့္ ကားအင္ဂ်င္ခ်က္မီးလင္းရသည့္အေၾကာင္း တစ္ေစ့တစ္ေစာင္း ***

ယခင္ S-Class မုိဒယ္မ်ားထက္ ပိုမိုဆန္းသစ္ေသာ ကိုယ္ထည္ဒီဇုိင္းကို ဖန္တီးထားပါသည္။

အလ်ားလိုက္ရွဲလ္သံုးတန္းကို ခရိုမီယမ္ေဘာင္မ်ား အနားကြပ္ထားၿပီး ရွဲလ္၏ အထက္ အလယ္တည့္တည့္တြင္ Mercedes ၏ လုိိဂိုတံဆိပ္ကုိ တပ္ဆင္ထားပါသည္။

ဆန္းသစ္ေသာ ဒီဇုိင္းႏွင့္ ပံုေဖာ္ထားေသာ ေရွ႕မီးလံုးမ်ားသည္ အဆင့္ျမင့္ နည္းပညာႏွင့္ ထိန္းခ်ဳပ္ေပးႏုိင္ေသာ LED မီးလံုးမ်ားတပ္ထင္ထားပါသည္။

ယာဥ္၏ အတြင္းခန္းကို အပူအေအးထိန္းညွိေပးႏုိင္ေသာ ဒစ္ဂ်စ္တယ္အဲကြန္းစနစ္ ပါရွိပါသည္။

အဆင့္ျမင့္ခ်ဳပ္လုပ္ထားေသာ သားေရထိုင္ခံုမ်ားက စိတ္ႀကိဳက္အေနအထားခ်ိန္ညွိႏုိင္ၿပီး အပူအေအးထိန္းေပးေသာ စနစ္ပါရွိပါသည္။

ေနာက္တန္းထိုင္ခံုႏွစ္ခုတြင္  Massage System ပါရွိသည့္အတြက္ ခရီးသြားရင္း အေညာင္းအညာေျပေစၿပီး ဇိမ္ခံစီးနင္းႏုိင္ပါသည္။

ေဖ်ာ္ေျဖေရးအစီစဥ္အေနျဖင့္ burmester surround sound system ၏ ပတ္လည္အသံစနစ္ ပါရွိၿပီး စီဒီ၊ အမ္မီသရီး၊ အမ္ပီဖိုးစေသာ ေဖ်ာ္ေျဖေရးကိရိယာပံုစံမ်ိဳးစံုႏွင့္ ခ်ိတ္ဆက္ခံစားႏုိင္ပါသည္။

Wireless Charger ပါရွိသည့္အတြက္ ဖုနး္အားသြင္းႀကိဳးမလိုဘဲ ခရီးသြားရင္း ဖုန္းအားသြင္းႏိုင္ပါသည္။

၃၆၀ ဒီဂရီလွည့္ႏုိင္ေသာ ေနာက္ၾကည့္ကင္မရာႏွင့္ အာရံုခံကိရိယာ (sensors) မ်ားတပ္ဆင္ထားသည့္အတြက္ ယာဥ္ေမာင္းသူ၏ မ်က္ကြယ္အရပ္ကျမင္ကြင္းမ်ားကို ေမာ္နီတာက တစ္ဆင့္ ေတြ႔ျမင္ႏုိင္ၿပီး

အႏၱရာယ္ရွိႏိုင္ေသာ အရာဝတၱဳမ်ားႏွင့္ နီးကပ္လာခဲ့ပါက အခ်က္ျပသတိေပးႏုိင္သည့္အျပင္ ကားပါကင္ထိုးရာတြင္လည္း လြယ္ကူေစပါသည္။

ေသာ့တံမလိုဘဲ keyless go စနစ္ပါရွိသည့္အတြက္ အလြယ္တကူ ခလုတ္ႏွိပ္စက္ႏႈိးႏုိ္င္ပါသည္။

စတီယာရင္လက္ကိုင္မွ ထိန္းခ်ဳပ္ႏုိင္ေသာ စနစ္မ်ားပါရွိပါသည္။

ဥပမာအားျဖင့္ အသံေဗာ္လ်ဴးမ္စနစ္မ်ား ထိန္းခ်ဳပ္ႏုိင္သကဲ့သို႔ cruise control စနစ္ကိုလည္း ထိန္းခ်ဳပ္ႏုိင္ပါသည္။

Touch Screen မွလည္း ဖန္ရွင္မ်ားကို ထိန္းခ်ဳပ္ထားႏုိင္ပါသည္။

ယာဥ္ေမာင္းသူမ်ားႏွင့္ ေရွ႕မွ လုိက္ပါစီးနင္းသူမ်ားအတြက္ ပတ္လည္အသက္ကယ္ေလအိတ္စနစ္ပါရွိၿပီး အသက္ကယ္ေလအိတ္ရွစ္လံုးအထိ ပါရွိသည့္အတြက္ လံုၿခံဳစိတ္ခ်စြာျဖင့္ ေမာင္းႏွင္ႏုိင္ပါသည္။

၂၀၁၈ မုိဒယ္ Mercedes Benz S- Class ကား၏ တန္ဖိုးသည္ အေမရိကန္ေဒၚလာ ၃၈၀၀၀၀ ဝန္းက်င္ရွိပါသည္။

Source:kumudra


 

(Unicode)

အလိုအလျောက် အာရုံခံထိန်းချုပ်နို်င်သော စတီယာရင်ပုံစံအသစ်နှင့် Mercedes Benz S- Class ကားအကြောင်း (Zawgyi – Unicode)

၂၀၁၈ မိုဒယ် Mercedes Benz S- Class အသစ်စက်စက် ကားအမျိုးအစားသည် touch sensitive control buttons ပါဝင်သော စတီယာရင် ပုံစံအသစ်နှင့် ယခင်မိုဒယ်များ ထက်ပိုပြီး လွယ်လွယ်ကူကူထိန်းချုပ်

မောင်းနှင်နိုင်ပါသည်။

ထိုကားသည် 3.0 L ဓာတ်ဆီအင်ဂျင်ကိုအသုံးထား၍ အင်ဂျင်၏ စွမ်းဆောင်ရည်အနေဖြင့် မြင်းကောင်ရေ ၃၆၇ ကောင်အားရှိပြီး Twin turbo အင်ဂျင်ကိုအသုံးပြုထားသော ဆီဒန်ကား အမျိုးအစားဖြစ်ပါသည်။

***သင်စိတ်ဝင်စားနိုင်သော ကားမောင်းသူများ သိထားသင့်သည့် ကားအင်ဂျင်ချက်မီးလင်းရသည့်အကြောင်း တစ်စေ့တစ်စောင်း ***

ယခင် S-Class မိုဒယ်များထက် ပိုမိုဆန်းသစ်သော ကိုယ်ထည်ဒီဇိုင်းကို ဖန်တီးထားပါသည်။

အလျားလိုက်ရှဲလ်သုံးတန်းကို ခရိုမီယမ်ဘောင်များ အနားကွပ်ထားပြီး ရှဲလ်၏ အထက် အလယ်တည့်တည့်တွင် Mercedes ၏ လိုိဂိုတံဆိပ်ကို တပ်ဆင်ထားပါသည်။

ဆန်းသစ်သော ဒီဇိုင်းနှင့် ပုံဖော်ထားသော ရှေ့မီးလုံးများသည် အဆင့်မြင့် နည်းပညာနှင့် ထိန်းချုပ်ပေးနိုင်သော LED မီးလုံးများတပ်ထင်ထားပါသည်။

ယာဉ်၏ အတွင်းခန်းကို အပူအအေးထိန်းညှိပေးနိုင်သော ဒစ်ဂျစ်တယ်အဲကွန်းစနစ် ပါရှိပါသည်။

အဆင့်မြင့်ချုပ်လုပ်ထားသော သားရေထိုင်ခုံများက စိတ်ကြိုက်အနေအထားချိန်ညှိနိုင်ပြီး အပူအအေးထိန်းပေးသော စနစ်ပါရှိပါသည်။

နောက်တန်းထိုင်ခုံနှစ်ခုတွင်  Massage System ပါရှိသည့်အတွက် ခရီးသွားရင်း အညောင်းအညာပြေစေပြီး ဇိမ်ခံစီးနင်းနိုင်ပါသည်။

ဖျော်ဖြေရေးအစီစဉ်အနေဖြင့် burmester surround sound system ၏ ပတ်လည်အသံစနစ် ပါရှိပြီး စီဒီ၊ အမ်မီသရီး၊ အမ်ပီဖိုးစသော ဖျော်ဖြေရေးကိရိယာပုံစံမျိုးစုံနှင့် ချိတ်ဆက်ခံစားနိုင်ပါသည်။

Wireless Charger ပါရှိသည့်အတွက် ဖုနး်အားသွင်းကြိုးမလိုဘဲ ခရီးသွားရင်း ဖုန်းအားသွင်းနိုင်ပါသည်။

၃၆၀ ဒီဂရီလှည့်နိုင်သော နောက်ကြည့်ကင်မရာနှင့် အာရုံခံကိရိယာ (sensors) များတပ်ဆင်ထားသည့်အတွက် ယာဉ်မောင်းသူ၏ မျက်ကွယ်အရပ်ကမြင်ကွင်းများကို မော်နီတာက တစ်ဆင့် တွေ့မြင်နိုင်ပြီး

အန္တရာယ်ရှိနိုင်သော အရာဝတ္တုများနှင့် နီးကပ်လာခဲ့ပါက အချက်ပြသတိပေးနိုင်သည့်အပြင် ကားပါကင်ထိုးရာတွင်လည်း လွယ်ကူစေပါသည်။

သော့တံမလိုဘဲ keyless go စနစ်ပါရှိသည့်အတွက် အလွယ်တကူ ခလုတ်နှိပ်စက်နှိုးနို်င်ပါသည်။

စတီယာရင်လက်ကိုင်မှ ထိန်းချုပ်နိုင်သော စနစ်များပါရှိပါသည်။

ဥပမာအားဖြင့် အသံဗော်လျူးမ်စနစ်များ ထိန်းချုပ်နိုင်သကဲ့သို့ cruise control စနစ်ကိုလည်း ထိန်းချုပ်နိုင်ပါသည်။

Touch Screen မှလည်း ဖန်ရှင်များကို ထိန်းချုပ်ထားနိုင်ပါသည်။

ယာဉ်မောင်းသူများနှင့် ရှေ့မှ လိုက်ပါစီးနင်းသူများအတွက် ပတ်လည်အသက်ကယ်လေအိတ်စနစ်ပါရှိပြီး အသက်ကယ်လေအိတ်ရှစ်လုံးအထိ ပါရှိသည့်အတွက် လုံခြုံစိတ်ချစွာဖြင့် မောင်းနှင်နိုင်ပါသည်။

၂၀၁၈ မိုဒယ် Mercedes Benz S- Class ကား၏ တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃၈၀၀၀၀ ဝန်းကျင်ရှိပါသည်။

Source:kumudra

Read times
Rate this item
(0 votes)