Europe



ဥေရာပ Brand တစ္ခုျဖစ္ေသာ က်ပ္သိန္း ၂၇၀ က်သင့္သည့္ Peugeot ကုမၸဏီထုတ္ Peugeot 208 ကားအေၾကာင္း (Zawgyi – Unicode)

ဥေရာပ Brand တစ္ခုျဖစ္ေသာ က်ပ္သိန္း ၂၇၀ က်သင့္သည့္ Peugeot ကုမၸဏီထုတ္ Peugeot 208 ကားအေၾကာင္း (Zawgyi – Unicode) google

Peugeot ကားကုမၸဏီသည္ Peugeot 208 ကို ၂၀၁၂ ခုႏွစ္ မတ္လတြင္ စတင္ထုတ္လုပ္ခဲ့ျခင္းျဖစ္ပါသည္။

ထိုကားသည္ Supermini ကားအမ်ိဳးအစားျဖစ္ၿပီး စတင္ထုတ္လုပ္ခဲ့သည့္ ႏွစ္တြင္ Geneva Motor Show တြင္ မိတ္ဆက္ျပသခဲ့ပါသည္။

***သင္စိတ္ဝင္စားႏုိင္ေသာဒီဇယ္အင္ဂ်င္တပ္ဆင္ထားေသာကားမ်ားစက္ရပ္သြားပါကျပဳလုပ္သင့္သည့္အခ်က္မ်ား***

ကားဒီဇိုင္းကို ျပင္သစ္ကားဒီဇိုင္နာ Pierre Authier ႏွင့္အတူ Sylvain Henry တို႔က ေရးဆြဲခဲ့ျခင္းျဖစ္ပါသည္။

၂၀၁၅ ခုႏွစ္တြင္ လမ္းၾကမ္းေမာင္းကားၿပိဳင္ပြဲက်င္းပျပဳလုပ္ခဲ့သည့္ FIA World Rallycross Championship ၿပိဳင္ပြဲကို Peugeot 208 ႏွင့္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲရာတြင္Team Peugeot-Hansen ဆိုေသာဆုကုိ ရရွိသကဲ့သို႔ ယခုႏွစ္တြင္ က်င္းပျပဳလုပ္ခဲ့ေသာ

FIA European Rallycross Championship ၿပိဳင္ပြဲတြင္လည္း Runner-up ဆု ရရွိခဲ့ပါသည္။

Peugeot 208 ကုိ အင္ဂ်င္ပါဝါ ၁၀၀၀ စီစီ၊ ၁၂၀၀ စီစီ၊ ၁၄၀၀ စီစီ၊ ၁၆၀၀ စီစီ မ်ားႏွင့္ ထုတ္လုပ္ထားၿပီး ၁၄၀၀ စီစီႏွင့္ ၁၆၀၀ စီစီတို႔ကို ဒီဇယ္အင္ဂ်င္ျဖင့္ ထုတ္လုပ္ထားပါသည္။

၁၂၀၀ စီစီ ဓာတ္ဆီအင္ဂ်င္မွာ Auto ဂီယာ ငါးခ်က္ႏွင့္ ထုတ္လုပ္ထားသကဲ့သုိ႔ Sport Type အတြက္လည္း Manual ဂီယာ ငါးခ်က္ျဖင့္ ထုတ္လုပ္ထားျခင္းရွိပါသည္။

Peugeot 208 ကို ငါးေယာက္စီး၊ တံခါး ငါးခ်ပ္ႏွင့္ ထုတ္လုပ္ထားသကဲ့သို႔ ငါးေယာက္စီး၊ တံခါးသံုးခ်ပ္ႏွင့္လည္း ထုတ္လုပ္ထားပါသည္။

၂၀၁၅ မိုဒယ္တြင္ ဂရိတ္ခြဲအေနျဖင့္ Allure၊ Premium၊ Cielo၊ Style၊ Allure Premium Package စေသာ ဂရိတ္ခြဲမ်ားရွိၿပီး Allure Premium Package က ဂရိတ္အျမင့္ဆံုးျဖစ္၍ Sunroof ပါသကဲ့သို႔ ထိုင္ခံု ႏွစ္ေရာင္စပ္ ျဖစ္သြားပါသည္။

Style ဂရိတ္မွာ ဂရိတ္အနိမ့္ျဖစ္သည့္အတြက္ Manual Aircon ျဖစ္သြားပါသည္။

က်န္ဂရိတ္မ်ားမွာ Digital Aircon ပါသြားၿပီး Cruise Control၊ ေရွ႕ႏွင္းခြဲမီး၊ Original Alloy ၁၆ လက္မ စသည္တို႔ ပါဝင္ပါသည္။

Allure ဂရိတ္တစ္မ်ိဳးတည္းတြင္သာ တံခါးသံုးခ်ပ္ႏွင့္လာၿပီး က်ပ္ဂရိတ္အားလံုးတြင္ တံခါးငါးခ်ပ္ႏွင့္ ထုတ္လုပ္ထားပါသည္။

Peugeot 208 (၁၂၀၀စီစီ) ကို နယ္လုိင္စင္ႏွင့္ မွာယူတင္သြင္းမည္ဆိုလွ်င္ က်ပ္သိန္း ၂၇၀ ဝန္းက်င္က်သင့္မည္ျဖစ္ၿပီး ရန္ကုန္လိုင္စင္ရရွိဖို႔ရန္အတြက္ စလစ္ကပ္တင္သြင္းမည္ဆိုပါက စလစ္ေစ်းကို ထပ္ေပါင္းတြက္ခ်က္ရမည္ျဖစ္ပါသည္။

Source:Automobile


(Unicode)

ဥရောပ Brand တစ်ခုဖြစ်သော ကျပ်သိန်း ၂၇၀ ကျသင့်သည့် Peugeot ကုမ္ပဏီထုတ် Peugeot 208 ကားအကြောင်း (Zawgyi – Unicode)

Peugeot ကားကုမ္ပဏီသည် Peugeot 208 ကို ၂၀၁၂ ခုနှစ် မတ်လတွင် စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။

ထိုကားသည် Supermini ကားအမျိုးအစားဖြစ်ပြီး စတင်ထုတ်လုပ်ခဲ့သည့် နှစ်တွင် Geneva Motor Show တွင် မိတ်ဆက်ပြသခဲ့ပါသည်။

***သင်စိတ်ဝင်စားနိုင်သော ဒီဇယ်အင်ဂျင်တပ်ဆင်ထားသောကားများ စက်ရပ်သွားပါက ပြုလုပ်သင့်သည့်အချက်များ***

ကားဒီဇိုင်းကို ပြင်သစ်ကားဒီဇိုင်နာ Pierre Authier နှင့်အတူ Sylvain Henry တို့က ရေးဆွဲခဲ့ခြင်းဖြစ်ပါသည်။

၂၀၁၅ ခုနှစ်တွင် လမ်းကြမ်းမောင်းကားပြိုင်ပွဲကျင်းပပြုလုပ်ခဲ့သည့် FIA World Rallycross Championship ပြိုင်ပွဲကို Peugeot 208 နှင့် ဝင်ရောက်ယှဉ်ပြိုင်ခဲရာတွင်Team Peugeot-Hansen ဆိုသောဆုကို ရရှိသကဲ့သို့ ယခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော

FIA European Rallycross Championship ပြိုင်ပွဲတွင်လည်း Runner-up ဆု ရရှိခဲ့ပါသည်။

Peugeot 208 ကို အင်ဂျင်ပါဝါ ၁၀၀၀ စီစီ၊ ၁၂၀၀ စီစီ၊ ၁၄၀၀ စီစီ၊ ၁၆၀၀ စီစီ များနှင့် ထုတ်လုပ်ထားပြီး ၁၄၀၀ စီစီနှင့် ၁၆၀၀ စီစီတို့ကို ဒီဇယ်အင်ဂျင်ဖြင့် ထုတ်လုပ်ထားပါသည်။

၁၂၀၀ စီစီ ဓာတ်ဆီအင်ဂျင်မှာ Auto ဂီယာ ငါးချက်နှင့် ထုတ်လုပ်ထားသကဲ့သို့ Sport Type အတွက်လည်း Manual ဂီယာ ငါးချက်ဖြင့် ထုတ်လုပ်ထားခြင်းရှိပါသည်။

Peugeot 208 ကို ငါးယောက်စီး၊ တံခါး ငါးချပ်နှင့် ထုတ်လုပ်ထားသကဲ့သို့ ငါးယောက်စီး၊ တံခါးသုံးချပ်နှင့်လည်း ထုတ်လုပ်ထားပါသည်။

၂၀၁၅ မိုဒယ်တွင် ဂရိတ်ခွဲအနေဖြင့် Allure၊ Premium၊ Cielo၊ Style၊ Allure Premium Package စသော ဂရိတ်ခွဲများရှိပြီး Allure Premium Package က ဂရိတ်အမြင့်ဆုံးဖြစ်၍ Sunroof ပါသကဲ့သို့ ထိုင်ခုံ နှစ်ရောင်စပ် ဖြစ်သွားပါသည်။

Style ဂရိတ်မှာ ဂရိတ်အနိမ့်ဖြစ်သည့်အတွက် Manual Aircon ဖြစ်သွားပါသည်။

ကျန်ဂရိတ်များမှာ Digital Aircon ပါသွားပြီး Cruise Control၊ ရှေ့နှင်းခွဲမီး၊ Original Alloy ၁၆ လက်မ စသည်တို့ ပါဝင်ပါသည်။

Allure ဂရိတ်တစ်မျိုးတည်းတွင်သာ တံခါးသုံးချပ်နှင့်လာပြီး ကျပ်ဂရိတ်အားလုံးတွင် တံခါးငါးချပ်နှင့် ထုတ်လုပ်ထားပါသည်။

Peugeot 208 (၁၂၀၀စီစီ) ကို နယ်လိုင်စင်နှင့် မှာယူတင်သွင်းမည်ဆိုလျှင် ကျပ်သိန်း ၂၇၀ ဝန်းကျင်ကျသင့်မည်ဖြစ်ပြီး ရန်ကုန်လိုင်စင်ရရှိဖို့ရန်အတွက် စလစ်ကပ်တင်သွင်းမည်ဆိုပါက စလစ်စျေးကို ထပ်ပေါင်းတွက်ချက်ရမည်ဖြစ်ပါသည်။

Source:Automobile

Read times
Rate this item
(0 votes)