Europe



အနာဂတ္မ်ိဳးဆက္ကားကို ပံုေဖာ္ျပသလုိက္ေသာ Mercedes(Zawgyi-Unicode)

အနာဂတ္မ်ိဳးဆက္ကားကို ပံုေဖာ္ျပသလုိက္ေသာ Mercedes(Zawgyi-Unicode) google

Mercedes မွ နာမည္ေက်ာ္ Maybach အဆင့္ျမင့္ဇိမ္ခံစီးရီး၏ အနာဂတ္မ်ိဳးဆက္ဟုဆိုႏိုင္ေသာ

Concept ဒီဇိုင္းသစ္တစ္မ်ိဳးကို ကယ္လီဖိုးနီးယားတြင္ စတင္ပြဲထုတ္ျပသလိုက္ေၾကာင္း သိရပါသည္။

Mercedes ၏ Brand ခြဲ Maybach မွာ ဇိမ္ခံကားမ်ား၏ ဘုရင္ဟု ဆိုႏိုင္ေလာက္ေအာင္ အဆင့္ျမင့္ခမ္းနားလြန္း သလို တူမတူေသာ ဇိမ္ခံႏိုင္မႈကုိ ေပးစြမ္းသည့္အတြက္ ကမာၻ႔ေခါင္းေဆာင္မ်ားႏွင့္ ကမာၻအႏွံ႔က ခ်မ္းသာၾကြယ္ဝသူမ်ား အႀကိဳက္ေတြ႔စီးနင္းေနေသာ တန္ဖိုးႀကီးဇိမ္ခံကား Brand ျဖစ္ပါသည္။

ယခုတြင္ Brand ၏ ပထမဆံုးေသာ တံခါးႏွစ္ေပါက္ အမိုးပြင့္ ေရွ႕ေျပးဒီဇိုင္း Maybach 6 Cabri Concept ကို အခမ္းနားဆံုး စတင္မိတ္ဆက္လုိက္ျခင္းျဖစ္ေၾကာင္း သိရပါသည္။

 

***သင္စိတ္၀င္စားႏုိင္ေသာတစ္ပတ္အတြင္းရန္ကုန္ကားေစ်းကြက္အေျခအေနသုံးသပ္ခ်က္ႏွင့္ ကားေစ်းႏႈန္းမ်ား***

 

 blue metallic အေရာင္၊ ႀကီးမားေသာရွဲ၊ က်ယ္ျပန္္႔ရွည္လ်ားေသာ ေခါင္ဖံုး၊ ျမန္ႏႈန္းပိုထိေရာက္ေစေသာ တုိးေတာင္းေသာ ေရွ႕ေလကာမွန္၊ 24လက္မ ႀကီးမားေသာဘီး၊ စသည္ျဖင့္ ဆြဲေဆာင္ႏိုင္မႈ အေကာင္းဆံုးဒီဇိုင္း ျမင္ေတြ႔ရမည္ျဖစ္ေၾကာင္း သိရပါသည္။

ဇိမ္ခံရြက္ေလွကုိ မွီျငမ္းဒီဇိုင္းထုတ္လုပ္ထားျခင္းျဖစ္ၿပီး ေပါ့ပါးေသာအလူမီနီယမ္ဖရိန္၊ ထိခိုက္မႈဒဏ္ အျမင့္ဆံုးကာကြယ္ႏိုင္မည့္ ေသးသြယ္သည့္ ေရွ႕ေနာက္မီးခြက္၊ အထူးထုတ္ထားေသာ (custom- made) fabric အမိုးစနစ္မ်ားဆင္ယင္ၿပီး အတြင္းခန္းတြင္ သလင္းေက်ာက္ျဖဴေရာင္ Leather ထိုင္ခံု၊ hand-up display၊ အလူမီနီယမ္ ကြ်န္းကြက္ ၾကမ္းျပင္ စသည္ျဖင့္ မ်က္ေမွာက္ေခတ္ကားမ်ားႏွင့္ မ်ားစြာကြဲျပားေၾကာင္းေတြ႔ရပါသည္။

အႏၱရာယ္ကင္းေစရန္ ဆင္ဆာမ်ားႏွင့္ အဆင့္ျမင့္နည္းပညာ အေျမာက္အမ်ား ေပါင္းစပ္ပါဝင္သြားမည္ျဖစ္ေၾကာင္း သိရပါသည္။

စြမ္းအားစနစ္သည္ ဆီမလုိေသာလွ်ပ္စစ္စနစ္ျဖင့္ စြမ္းအားေပးသြားမည္ျဖစ္ၿပီး ေမာ္တာ 4လံုးမွ အျမင့္ဆံုးစြမ္းအား 750PS (550 kW) ထိ ထုတ္လုပ္ေပးႏုိင္စြမ္းရွိမည္ျဖစ္ေၾကာင္းလည္း သိရပါသည္။

တစ္နာရီကီလိုမီတာ 100ႏႈန္းကို 4စကၠန္႔တည္းျဖင့္ တင္ႏိုင္စြမ္းရွိၿပီး အျမင့္ဆံုးျမန္ႏႈန္း တစ္နာရီကို ကီလုိမီတာ 250ထိ တင္ေမာင္းႏိုင္စြမ္းရွိမည့္ ျမန္ႏႈန္းျမင့္ လွ်ပ္စစ္ကားျဖစ္ေၾကာင္းသိရပါသည္။

စြမ္းအားသိုေလွာင္ႏိုင္စြမ္းျမင့္မားေသာ floor- mounted battery တြဲဖက္ၿပီး အားအျပည့္ဆိုပါက ကီလိုမီတာ 500 (310မိုင္) သြားႏိုင္စြမ္းရွိေၾကာင္းသိရပါသည္။

အျမန္အားသြင္းစနစ္ျဖင့္ ျပန္လည္အားျဖည့္သြားမည္ျဖစ္ၿပီး ကီလိုမီတာ 100(62မိုင္) ခရီးအတြက္ ငါးမိနစ္တည္းျဖင့္ အားသြင္းႏုိင္မည္ျဖစ္ေၾကာင္းသိရပါသည္။

ဒီဇိုင္းလွပလြန္းသလို အဆင့္ျမင့္လွ်ပ္စစ္ကားျဖစ္ေသာေၾကာင့္ ထုတ္လုပ္မႈေမာ္ဒယ္အျဖစ္ လာမည့္ႏွစ္အနည္းငယ္အတြင္း ျမင္ေတြ႔လာႏိုင္ဖြယ္ရွိေၾကာင္းသိရပါသည္။

Source:colay automobile


(Unicode)

အနာဂတ်မျိုးဆက်ကားကို ပုံဖော်ပြသလိုက်သော Mercedes(Zawgyi-Unicode)

Mercedes မှ နာမည်ကျော် Maybach အဆင့်မြင့်ဇိမ်ခံစီးရီး၏ အနာဂတ်မျိုးဆက်ဟုဆိုနိုင်သော Concept ဒီဇိုင်းသစ်တစ်မျိုးကို ကယ်လီဖိုးနီးယားတွင် စတင်ပွဲထုတ်ပြသလိုက်ကြောင်း သိရပါသည်။

Mercedes ၏ Brand ခွဲ Maybach မှာ ဇိမ်ခံကားများ၏ ဘုရင်ဟု ဆိုနိုင်လောက်အောင် အဆင့်မြင့်ခမ်းနားလွန်း သလို တူမတူသော ဇိမ်ခံနိုင်မှုကို ပေးစွမ်းသည့်အတွက် ကမ္ဘာ့ခေါင်းဆောင်များနှင့် ကမ္ဘာအနှံ့က ချမ်းသာကြွယ်ဝသူများ အကြိုက်တွေ့စီးနင်းနေသော တန်ဖိုးကြီးဇိမ်ခံကား Brand ဖြစ်ပါသည်။

ယခုတွင် Brand ၏ ပထမဆုံးသော တံခါးနှစ်ပေါက် အမိုးပွင့် ရှေ့ပြေးဒီဇိုင်း Maybach 6 Cabri Concept ကို အခမ်းနားဆုံး စတင်မိတ်ဆက်လိုက်ခြင်းဖြစ်ကြောင်း သိရပါသည်။

 

***သင်စိတ်ဝင်စားနိုင်သောတစ်ပတ်အတွင်း ရန်ကုန်ကားစျေးကွက်အခြေအနေသုံးသပ်ချက်နှင့် ကားစျေးနှုန်းများ***

 

 blue metallic အရောင်၊ ကြီးမားသောရှဲ၊ ကျယ်ပြန့််ရှည်လျားသော ခေါင်ဖုံး၊ မြန်နှုန်းပိုထိရောက်စေသော တိုးတောင်းသော ရှေ့လေကာမှန်၊ 24လက်မ ကြီးမားသောဘီး၊ စသည်ဖြင့် ဆွဲဆောင်နိုင်မှု အကောင်းဆုံးဒီဇိုင်း မြင်တွေ့ရမည်ဖြစ်ကြောင်း သိရပါသည်။

ဇိမ်ခံရွက်လှေကို မှီငြမ်းဒီဇိုင်းထုတ်လုပ်ထားခြင်းဖြစ်ပြီး ပေါ့ပါးသောအလူမီနီယမ်ဖရိန်၊ ထိခိုက်မှုဒဏ် အမြင့်ဆုံးကာကွယ်နိုင်မည့် သေးသွယ်သည့် ရှေ့နောက်မီးခွက်၊ အထူးထုတ်ထားသော (custom- made) fabric အမိုးစနစ်များဆင်ယင်ပြီး အတွင်းခန်းတွင် သလင်းကျောက်ဖြူရောင် Leather ထိုင်ခုံ၊ hand-up display၊ အလူမီနီယမ် ကျွန်းကွက် ကြမ်းပြင် စသည်ဖြင့် မျက်မှောက်ခေတ်ကားများနှင့် များစွာကွဲပြားကြောင်းတွေ့ရပါသည်။

အန္တရာယ်ကင်းစေရန် ဆင်ဆာများနှင့် အဆင့်မြင့်နည်းပညာ အမြောက်အများ ပေါင်းစပ်ပါဝင်သွားမည်ဖြစ်ကြောင်း သိရပါသည်။

စွမ်းအားစနစ်သည် ဆီမလိုသောလျှပ်စစ်စနစ်ဖြင့် စွမ်းအားပေးသွားမည်ဖြစ်ပြီး မော်တာ 4လုံးမှ အမြင့်ဆုံးစွမ်းအား 750PS (550 kW) ထိ ထုတ်လုပ်ပေးနိုင်စွမ်းရှိမည်ဖြစ်ကြောင်းလည်း သိရပါသည်။

တစ်နာရီကီလိုမီတာ 100နှုန်းကို 4စက္ကန့်တည်းဖြင့် တင်နိုင်စွမ်းရှိပြီး အမြင့်ဆုံးမြန်နှုန်း တစ်နာရီကို ကီလိုမီတာ 250ထိ တင်မောင်းနိုင်စွမ်းရှိမည့် မြန်နှုန်းမြင့် လျှပ်စစ်ကားဖြစ်ကြောင်းသိရပါသည်။

စွမ်းအားသိုလှောင်နိုင်စွမ်းမြင့်မားသော floor- mounted battery တွဲဖက်ပြီး အားအပြည့်ဆိုပါက ကီလိုမီတာ 500 (310မိုင်) သွားနိုင်စွမ်းရှိကြောင်းသိရပါသည်။

အမြန်အားသွင်းစနစ်ဖြင့် ပြန်လည်အားဖြည့်သွားမည်ဖြစ်ပြီး ကီလိုမီတာ 100(62မိုင်) ခရီးအတွက် ငါးမိနစ်တည်းဖြင့် အားသွင်းနိုင်မည်ဖြစ်ကြောင်းသိရပါသည်။

ဒီဇိုင်းလှပလွန်းသလို အဆင့်မြင့်လျှပ်စစ်ကားဖြစ်သောကြောင့် ထုတ်လုပ်မှုမော်ဒယ်အဖြစ် လာမည့်နှစ်အနည်းငယ်အတွင်း မြင်တွေ့လာနိုင်ဖွယ်ရှိကြောင်းသိရပါသည်။

Source:colay automobile

Read times
Rate this item
(0 votes)