Europe



ကျပ်သိန်း ၂ဝဝ ဝန်းကျင်ဖြင့် ရွေးချယ်သင့်သည့် Volkswagen Polo

ကျပ်သိန်း ၂ဝဝ ဝန်းကျင်ဖြင့် ရွေးချယ်သင့်သည့် Volkswagen Polo google

ဂျပန်ညာမောင်းကားဈေးတွေ မြင့်တက်နေတဲ့အချိန်မှာ ဂျပန်ကားတွေလိုပဲအကြမ်းခံတဲ့ ၁၃ဝဝ စီစီ ကားအမျိုးအစားထဲက တခြားအမျိုးအစားတစ်ခုကို ရွေးချယ်မယ်ဆိုရင် ဂျာမနီနိုင်ငံထုတ် Volkswagen Polo က အသင့် တော်ဆုံး ဖြစ်တယ်လို့ ထင်ပါတယ်။

 

Polo ကို နောက်ပိုင်းမှာ တင်သွင်းမှုများလာပြီး အပိုပစ္စည်းလည်း ရှာရလွယ်ကူသလို ဈေးတန်းလည်း ဝင်တဲ့အတွက် ဂျပန်ကားဈေးတွေ မြင့်တက်တဲ့အချိန်မှာ ဝယ်ယူသင့်တဲ့ကား အမျိုးအစား ဖြစ်ပါတယ်။ Poloကို Volkswagen ကုမ္ပဏီကနေ ၁၉၇၅ ခုနှစ်မှာ Supermini Car အနေနဲ့ စတင်ထုတ်လုပ်ခဲ့ပါတယ်။ ဒီကားကို ကမ္ဘာအနှံ့အပြား Hatchback ၊ Sedan ၊ Station Wagon စတဲ့ ပုံစံအမျိုးမျိုး ထုတ်လုပ်ခဲ့ပါတယ်။ ၂ဝဝ၉ မိုဒယ်ကစပြီး ပဉ္စမမြောက်မျိုးဆက်အဖြစ် ထုတ်လုပ်ခဲ့ရာမှာ European Car of The Year ၊ Japan Import Car of The Year နဲ့ Five-Star Euro NCAP   စတဲ့ ဆုတွေကို ရရှိခဲ့ပါတယ်။ ဂျာမနီ Brand ဖြစ်တဲ့အတွက် ဂျပန်ကားတွေထက် ဘော်ဒီ၊ သံပြားပိုထူပြီး အင်ဂျင်စက်စွမ်းအားကလည်း ပိုကောင်းပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

 

Volkswagen Polo မှာ Active Bluemotion Technology ၊ TSI Confortline Blue motion Technology ၊ TSI Highline နဲ့ Cross Polo စတဲ့ ဂရိတ်ခွဲတွေ ရှိပါတယ်။ Cross Polo က Polo ရိုးရိုးထက် အရွယ်အစား မသိမသာကြီးသွားပြီး ရှေ့ရုပ်လည်း ကွဲထွက်သွားပါတယ်။ ဂရိတ် အမြင့်ဆုံးလို့ဆိုနိုင်တဲ့ Cross Polo မှာ Digital Aircon ဖြစ်သွားပြီး အလွိုင်းဆိုဒ်ကလည်း ၁၇ လက်မ ဖြစ်သွားပါတယ်။ Cross Polo ဖြစ် သွားမယ်ဆိုရင် ရှေ့နောက်နှင်းခွဲမီးတွေနဲ့ ရှေ့စပွိုင်လာလည်း ပါသွားပါတယ်။ ရိုးရိုး Polo မှာ TSI Highline က Digital Aircon ဖြစ်သွားပေမဲ့ အလွိုင်းဆိုဒ်က ၁၅ လက်မပဲ ရှိပါတယ်။ ဒီဂရိတ်မှာလည်း ရှေ့နောက် နှင်းခွဲမီးတွေ ပါရှိသွားပါတယ်။ ကျန်ဂရိတ်တွေမှာတော့ Manual Aircon ဖြစ်သွားပြီး Original Alloy နဲ့လည်း ရှားပါတယ်။

 

အင်ဂျင်အမျိုးအစား

 

Volkswagen Polo မှာ အင်ဂျင်ပါဝါ ၁၁၉၇ စီစီနဲ့ ၁၃၉၄ စီစီ နှစ်မျိုး ရှိပါတယ်။ အင်ဂျင်ပါဝါ သေးတယ်ဆိုပေမဲ့ Turbo Engine ဖြစ်တဲ့အတွက် စက်စွမ်းအား မြင့်မားပါတယ်။ အင်ဂျင်မိုဒယ်က CBZ ဖြစ်ပြီး Chassis အနေနဲ့ခွဲမယ်ဆိုရင် Polo က 6RCBZ၊ Cross Polo က 6CRBZW ဖြစ်ပါတယ်။

 

ဈေးနှုန်း

 

Volkswagen Polo ကို ဝယ်ယူမယ်ဆိုရင် ဂရိတ်၊ ကားအရောင်နဲ့ လိုင်စင်အပေါ်မူတည်ပြီး ကျပ်သိန်း ၁၈ဝ ကနေ ၂၃ဝ ကြား ရှိပါတယ်။ Cross Polo ကတော့ ကျပ်သိန်း ၂၅ဝ အထက်မှာ ရှိပါတယ်။

 

 

Unicode

 

ဂျပန်ညာမောင်းကားဈေးတွေ မြင့်တက်နေတဲ့အချိန်မှာ ဂျပန်ကားတွေလိုပဲအကြမ်းခံတဲ့ ၁၃ဝဝ စီစီ ကားအမျိုးအစားထဲက တခြားအမျိုးအစားတစ်ခုကို ရွေးချယ်မယ်ဆိုရင် ဂျာမနီနိုင်ငံထုတ် Volkswagen Polo က အသင့် တော်ဆုံး ဖြစ်တယ်လို့ ထင်ပါတယ်။ Polo ကို နောက်ပိုင်းမှာ တင်သွင်းမှုများလာပြီး အပိုပစ္စည်းလည်း ရှာရလွယ်ကူသလို ဈေးတန်းလည်း ဝင်တဲ့အတွက် ဂျပန်ကားဈေးတွေ မြင့်တက်တဲ့အချိန်မှာ ဝယ်ယူသင့်တဲ့ကား အမျိုးအစား ဖြစ်ပါတယ်။ Poloကို Volkswagen ကုမ္ပဏီကနေ ၁၉၇၅ ခုနှစ်မှာ Supermini Car အနေနဲ့ စတင်ထုတ်လုပ်ခဲ့ပါတယ်။ ဒီကားကို ကမ္ဘာအနှံ့အပြား Hatchback ၊  Sedan ၊  Station Wagon စတဲ့ ပုံစံအမျိုးမျိုး ထုတ်လုပ်ခဲ့ပါတယ်။ ၂ဝဝ၉ မိုဒယ်ကစပြီး ပဉ္စမမြောက်မျိုးဆက်အဖြစ် ထုတ်လုပ်ခဲ့ရာမှာ European Car of The Year ၊  Japan Import Car of The Year နဲ့ Five-Star Euro NCAP   စတဲ့ ဆုတွေကို ရရှိခဲ့ပါတယ်။ ဂျာမနီ Brand ဖြစ်တဲ့အတွက် ဂျပန်ကားတွေထက် ဘော်ဒီ၊ သံပြားပိုထူပြီး အင်ဂျင်စက်စွမ်းအားကလည်း ပိုကောင်းပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

 

Volkswagen Polo မှာ Active Bluemotion Technology ၊ TSI Confortline Blue motion Technology ၊ TSI Highline နဲ့ Cross Polo  စတဲ့ ဂရိတ်ခွဲတွေ ရှိပါတယ်။ Cross Polo က Polo  ရိုးရိုးထက် အရွယ်အစား မသိမသာကြီးသွားပြီး ရှေ့ရုပ်လည်း ကွဲထွက်သွားပါတယ်။ ဂရိတ် အမြင့်ဆုံးလို့ဆိုနိုင်တဲ့ Cross Polo  မှာ Digital Aircon ဖြစ်သွားပြီး အလွိုင်းဆိုဒ်ကလည်း ၁၇ လက်မ ဖြစ်သွားပါတယ်။ Cross Polo ဖြစ် သွားမယ်ဆိုရင် ရှေ့နောက်နှင်းခွဲမီးတွေနဲ့ ရှေ့စပွိုင်လာလည်း ပါသွားပါတယ်။ ရိုးရိုး Polo မှာ TSI Highline က Digital Aircon ဖြစ်သွားပေမဲ့ အလွိုင်းဆိုဒ်က ၁၅ လက်မပဲ ရှိပါတယ်။ ဒီဂရိတ်မှာလည်း ရှေ့နောက် နှင်းခွဲမီးတွေ ပါရှိသွားပါတယ်။ ကျန်ဂရိတ်တွေမှာတော့ Manual Aircon ဖြစ်သွားပြီး Original Alloy နဲ့လည်း ရှားပါတယ်။

 

အင်ဂျင်အမျိုးအစား

 

Volkswagen Polo မှာ အင်ဂျင်ပါဝါ ၁၁၉၇ စီစီနဲ့ ၁၃၉၄ စီစီ နှစ်မျိုး ရှိပါတယ်။ အင်ဂျင်ပါဝါ သေးတယ်ဆိုပေမဲ့ Turbo Engine ဖြစ်တဲ့အတွက် စက်စွမ်းအား မြင့်မားပါတယ်။ အင်ဂျင်မိုဒယ်က CBZ ဖြစ်ပြီး Chassis အနေနဲ့ခွဲမယ်ဆိုရင် Polo က 6RCBZ၊ Cross Polo က 6CRBZW ဖြစ်ပါတယ်။

 

ဈေးနှုန်း

 

Volkswagen Polo ကို ဝယ်ယူမယ်ဆိုရင် ဂရိတ်၊ ကားအရောင်နဲ့ လိုင်စင်အပေါ်မူတည်ပြီး ကျပ်သိန်း ၁၈ဝ ကနေ ၂၃ဝ ကြား ရှိပါတယ်။ Cross Polo ကတော့ ကျပ်သိန်း ၂၅ဝ အထက်မှာ ရှိပါတယ်။

 

 

Source; Automobile Journal

Read times
Rate this item
(2 votes)