Europe



အရေအတွက် အကန့်သတ်ဖြင့်ထုတ်မည့် ဂျိမ်းစ်ဘွန်းစီးသောကား

အရေအတွက် အကန့်သတ်ဖြင့်ထုတ်မည့် ဂျိမ်းစ်ဘွန်းစီးသောကား google

Aston Martin သည် ဂျိမ်းစ်ဘွန်းရုပ်ရှင်ဇာတ်ကား Goldfinger ထဲမှ မင်းသား ရှောင်ကွန်နရီ အသုံးပြုခဲ့သည့် Grand Tourer ကားအမျိုးအစား DB5 ကို ဇာတ်ကားထုတ်လုပ်သော EON Productions နှင့် ပူးပေါင်း၍ ၂၈ စီးကိုသာ အရေအတွက်အကန့်အသတ်ဖြင့် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

Aston Martin DB5 သည် ဂျိမ်းစ်ဘွန်း ရုပ်ရှင်ဇာတ်ကားများထဲတွင် ပထမဆုံး ထည့်သွင်းရိုက်ကူးခဲ့သော ကားဖြစ်ပြီး Goldfinger အပြင် Thunderball ၊ Goldem Eye ၊ Tomottow Never Dies ၊ Casino Royale ၊ Skyfall နှင့် Spectre တို့တွင်လည်း ပါဝင်ခဲ့ပါတယ်။

 

Goldfinger ဇာတ်ကားထဲမှ DB5 ကားတွင် သူလျှိုလုပ်ငန်းအတွက် အထူးပစ္စည်းများဖြစ်သည့် ကားလိုင်စင်သုံးခု ပြောင်းလဲနိုင်သည့် နံပါတ်ပြား၊ မီးခိုးဗုံး၊ လမ်းချော်အောင် ဆီဖျန်းပေးသည့် ခလုတ်များပါသော Center Console ၊ ကျည်ကာ နောက်လေကာမှန်နှင့် စက်သေနတ် နှစ်လက်တို့အပြင် မောင်းသူဘေးမှ ထိုင်ခုံကို အမိုးပွင့်ပြီး ခုန်ထွက်စေသောခလုတ်၊ ဘေးဘက်မှ ကားတာယာထိုးခွဲစက်၊ ကားတံခါးတွင် တပ်ဆင်ထားသောကြိုးဖုန်းတို့ ပါဝင်ပါတယ်။

 

အင်္ဂလန် အရှေ့တောင်ပိုင်း Buckinghamshire အရပ်ရှိ Aston Martin စက်ရုံမှ ထုတ်လုပ်မည့် Goldfinger ရုပ်ရှင်ထဲမှ DB5 ကားပုံတူများကို မူလအတိုင်း Silver Birch အရောင်ခြယ်သထားပြီး Spy Gadget များကိုလည်း တတ်နိုင်မျှစုံလင်အောင် ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

သို့သော်လည်း လုံခြုံရေးအကြောင်းပြချက်အရ ကားထဲမှခုန်ထွက်သော ထိုင်ခုံပါဝင်ရန် မသေချာသလို စက်သေနတ်နှင့် ကားတာယာ ထိုးခွဲစက်တို့မှာလည်း အမှန်တကယ်အသုံးပြုနိုင်မည်မဟုတ်ဘဲ ဒီဇိုင်းပုံစံအဖြစ်သာ ပါဝင်မှာ ဖြစ်ပါတယ်။

 

ထို့ပြင် တရားဝင် မောင်းနှင်နိုင်မည့်ကားများမဟုတ်ကြောင်း သိရပါတယ်။

 

Aston Martin သည် ၁၉၆၄ မိုဒယ်ပုံတူ DB5 ကား ၂၈ စီးကို ထုတ်လုပ်ကာ တစ်စီးကို သိမ်းဆည်းထားပြီး တစ်စီးကို EON Productions သို့ ပေးအပ်၍ နောက်တစ်စီးကို ပရဟိတရန်ပုံငွေရရန် လေလံတင်ရောင်းချမှာ ဖြစ်ပါတယ်။

 

ကျန် DB5 ကားများကို ၂၀၂၀ ပြည့်နှစ်တွင် မှာကြားဝယ်ယူသူများထံ စတင်ပို့ပေးမည်ဖြစ်ပြီး တစ်စီးအတွက် ဈေးနှုန်း အမေရိကန် ဒေါ်လာ သုံးသန်းခွဲ ကျသင့်မည်ဟု သိရပါတယ်။

 

Read more: Proton နှင့် Geely တို့ အကျိုးတူပူးပေါင်းမှု မြှင့်တင်
Source: Automobile

Read times
Rate this item
(0 votes)