Industry News

တစ်နိုင်ငံလုံးရှိ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနရုံးများ အားလုံး ယာယီပိတ်မည့်ရက် အသိပေးကြေညာ
ကမ္ဘာ့ပေါ်တွင် coronavirus ကူးစက်မှု ဒုတိယအများဆုံး နိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ၏ ထိပ်တန်းကားထုတ်လုပ်သူ Maruti Suzuki သည် ကားအသစ်များရောင်းချခြင်းကို ဦး ဆောင်နေကြောင်း သိရပါတယ်။
  တရုတ်နိုင်ငံတွင် လုပ်ငန်းများလုပ်ကိုင်နေသော အမေရိကန်မော်တော်ကားကုမ္ပဏီများသည် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးတင်းမာမှုများ ကိုတုံ့ပြန်သည့်အနေဖြင့် ယခုနှစ်တွင် ပြည်ပမှထုတ်လုပ်မှုအချို့ကိုလျှော့ချရန်နှင့် ၀န်ထမ်းအရေအတွက်ကိုလည်းလျှော့ချရန်စီစဉ်နေ ကြောင်းအမေရိကန်စီးပွားရေးအဖွဲ့၏ စစ်တမ်းတစ်ခုကနေမှ ဗုဒ္ဓဟူးနေ့တွင်ထုတ်ပြန်ခဲ့ပါတယ်။   တရုတ်ပြည်တွင်း ဈေးကွက်တွင် ကားရောင်းအား ပြန်ကောင်းလာနေပြီး အစိုးရမှ ဘဏ္ဍာရေး အထောက်အပံ့များ ပေးနေတဲ့အပြင် ကိုဗစ်ကို ထိန်းချုပ်တာ အောင်မြင်မှုများ ရရှိနေတာကြောင့် ဝယ်လိုအားလည်း မြင့်တက်နေချိန်မှာ အခုလို အင်အားလျှော့ချဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ကုမ္ပဏီများ၏ အစီအစဉ်များသည် တရုတ်အစိုးရနှင့် ကမ္ဘာ့အဓိက စီးပွားရေးနိုင်ငံများအကြား ပွတ်တိုက်မှု များ ပြားလာခြင်းနှင့်တရုတ်၏ စီးပွားရေးပြန်လည်နာလန်ထူမှု ရေရှည်တည်တံ့အောင် ဆက်ထိန်းထားနိုင်မယ်ဆိုတာ မသေချာ မရေရာမှုများ ကြောင့် စီစဉ်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။   တရုတ်-အမေရိကန် တင်းမာမှုသည် ၀န်ထမ်းများဆက်လက်အလုပ်ခန့်ထားရေးကို အခက်အခဲဖြစ်စေတယ်လို့ အစီရင်ခံစာထုတ်ပြန်သည့် ရှန်ဟိုင်းရှိ အမေရိကန် ကုန်သည်ကြီးများအသင်း ဥက္ကဠ Ker Gibbs က သတင်းစာရှင်းလင်းပွဲ တွင်ပြောကြားခဲ့ပါတယ်။ စီးပွားရေးအပေါ်မှာ အကျိုးသက်ရောက်မှု ရှိသောကြောင့် တရုတ်အစိုးရနှင့် အမေရိကန် အစိုးရတို့သည် ဆွေးနွေးဖြေရှင်းသင့်တယ်လို့ ဆိုကြပါတယ်။   AmCham Shanghai ရဲ့ အစီရင်ခံစာအရ မော်တော်ယာဉ် စက်မှုလုပ်ငန်းမှ အလုပ်သမား ၄၃.၄ ရာခိုင်နှုန်းလျှော့ချတယ်လို့ ပြောခဲ့ပါတယ်။ ဇွန်လ ၁၆ ရက် မှဇူလိုင်လ ၁၆ ရက် အထိ ပြုလုပ်ခဲ့သော စစ်တမ်းအရ အမေရိကန်ကုမ္ပဏီပေါင်း ၃၄၆ ခုတွင် ၂၃ ခုသည် မော်တော်ယာဉ်စက်မှုလုပ်ငန်းမှာ တစ်စိတ်တစ်ဒေသ ပါဝင်ကြောင်း သိရပါတယ်။ ကုန်သွယ်ရေးတင်းမာမှုများနှင့် အခွန်တိုးမြှင့်မှုများကို တုံ့ပြန်သောအားဖြင့် သုံးပုံတစ်ပုံနီးပါးသည် ရင်းနှီးမြှုပ်နှံမှုများကိုလျှော့ချနေတဲ့အတွက်ကြောင့် ၁၇ ရာခိုင်နှုန်းခန့်ရှိသော တစ်ချို့သော ကုမ္ပဏီများသည် သူတို့၏ ထုတ်ကုန်အချို့ကို တရုတ်နိုင်ငံမှ ပြောင်းရွေ့ရန် စီစဉ်နေကြတယ်လို့ သိရပါတယ်။   အိမ်စီကားးများ ရောင်းအားကျဆင်းလာသော်လည်း ဇူလိုင်လတွင် စုစုပေါင်းရောင်းအားသည် ယခင်နှစ် ဇူလိုင်လနှင့်နှိုင်းယှဉ်လျှင် ၁၆.၄% မြင့်တက်ခဲ့ကြောင်းဖော်ပြထားပါတယ်။ မည်သို့ပင်ဆိုစေကာမူ နည်းပညာကုမ္ပဏီများအား တားမြစ်ခြင်းနှင့် နှစ်နိုင်ငံလုံးမှ သတင်းစာဆရာများ နှင်ထုတ်ခြင်း တို့ကြောင့် တင်းမာမှုများ မြင့်တက်လာသည့်အတွက် အမေရိကန်ကုမ္ပဏီများမှ တရုတ်တွင် ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်များကို ပြန်စဉ်းစားစရာ ဖြစ်စေခဲ့ပါတယ်။   ၂၈.၆ ရာခိုင်နှုန်း သာလျှင် တရုတ်နိုင်ငံတွင် ပိုမိုတိုးချဲ့ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ထားပြီး ယခင်နှစ်က ၄၇.၂ ရာခိုင်နှုန်းနှင့်နှိုင်းယှဉ်ပါက များစွာကျဆင်းခဲ့တာ ဖြစ်ပါတယ်။ ယခုအချိန်တွင် တင်းမာမှုများသည်အကန့်အသတ်မရှိဆက်လက်တည်ရှိနေလိမ့်မည်ဟု ပြန်လည် ဖြေကြားသူများက မျှော်လင့်ထားကြပါတယ်။   အဆိုးမြင်ဝါဒအများဆုံးဖြစ်သော စက်မှုလုပ်ငန်းများထဲတွင် နည်းပညာ၊ ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲနှင့် ၀န်ဆောင်မှုများနှင့်ဆေးဝါးများပါ၀င်ပြီး နည်းပညာနှစ်မျိုးသုံးဂေဟစနစ်၏ အလားအလာသည်ပိုမိုကျယ်ပြန့်သောသတင်းအချက်အလက် နည်းပညာနယ်ပယ်၌ရှိသူများ အတွက် အထူးအဆန်း မဟုတ်ကြောင်း သတင်းဌာနကဖော်ပြခဲ့ပါတယ်။   By Myanmar Automobile Guide Ref;asia.nikkei
Lamborghiniမှ ထုတ်လုပ်တဲ့ အိမ်စီးပြိုင်ကားတွေ ရောင်းချတာ စီးရေ တစ်သောင်းပြည့်အဖြစ်
ကညနရုံးဝန်ဆောင်မှုများကို ကိုဗစ်ကပ်ရောဂါ‌ကြောင့်
မန္တလေးမြို့ရှိ ယာဉ်ရပ်နားစခန်း (၅) ခုဖြစ်သည့် ချမ်းမြရွှေပြည် ယာဉ်ရပ်နားစခန်း
Vin fast အော်တိုကားထုတ်လုပ်သောကုမ္ပဏီကို ဗီယက်နမ်နိုင်ငံ အချမ်းသာဆုံးသော ပုဂ္ဂိုလ်တစ်ဦးက တည်ထောင်ပြီး သူ၏ လုပ်ဖော်ကိုင်ဖက်များအတွက် SUV ကား ထုတ်ဖော်ပြသခဲ့ကြောင်း သိရပါတယ်။   ဒေါ်လာ ၁၆၄,၀၀၀ တန်ဖိုးရှိဇိမ်ခံ VinFast Presidentကို ဗီယက်နမ်မှာ တနင်္လာနေ့တွင်ရောင်းချခဲ့ပြီး ၎င်းသည်ဗီယက်နမ်ဈေးကွက်အတွက် သီးသန့်ဖြစ်သောကြောင့်ကား ၅၀၀ သာထုတ်လုပ်မည်ဖြစ်ကြောင်း ကုမ္ပဏီ၏ တင်ပြချက်အရသိ ရပါတယ်။   VinFast President ၏ ဈေးနှုန်းမြင့်မားမှုကြောင့် ဗီယက်နမ် ပြည်တွင်းဈေးကွက်မှာ ဝယ်စီးနိုင်သူ နည်းပါးမှာ ဖြစ်ပြီး VinFast ဂုဏ်သိက္ခာ မြင့်တက်စေဖို့ ရည်ရွယ်ချက် ထားရှိတာ ဖြစ်မယ်လို့ သုံးသပ်ကြပါတယ်။ ကားအမှတ်တံဆိပ်ကို အရောင်တင်တာ ဖြစ်မယ်လို့ ယူဆကြပါတယ်။ ဗီယက်နမ်နိုင်ငံ၏ အမျိုးသားဂုဏ်ဆောင် ကားထုတ်လုပ်မှု ချန်ပီယံ ဖြစ်တဲ့ VinFast ကို Pham Nhat Vuong က ထူထောင်ခဲ့တာ ဖြစ်ပြီး Vingroup လုပ်ငန်းစု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ရပ်တည်လျက် ရှိပါတယ်။   ထုတ်လုပ်တဲ့ ကားတွေကို အမေရိကန်၊ ဥရောပနှင့်ရုရှားသို့ တင်ပို့ ရန် မျှော်မှန်းထားပြီး ဗီယက်နမ်နိုင်ငံက ဇိမ်ခံကားထုတ်လုပ်နိုင်ကြောင်းကို ပြသတာ ဖြစ်ပါတယ်။ VinFast ၏ ဒုတိယအထွေထွေညွှန်ကြားရေးမှူး Nguyen Thi Van Anh က SUV ကားသည် "ဗီယက်နမ်ရဲ့ ကားထုတ်လုပ်မှု စွမ်းရည်ကို သိစေဖို့ ထုတ်ပြတာ ဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။   ဗီယက်နမ်မှာ ကားထုတ်လုပ်ကြတာမှာ ပြည်ပမှ တင်သွင်းတဲ့ ယာဉ်အစိတ်အပိုင်းများကို တပ်ဆင်ပြီး ထုတ်လုပ်ကြတာ ဖြစ်ပါတယ်။ VinFast ကားကုမ္ပဏီဟာ ဗီယက်နိုင်ငံတွင် ကားအစိတ်အပိုင်းတွေကို ကိုယ်တိုင်စီစဉ်ပြီး ကားထုတ်လုပ်သော ပထမဆုံးကုမ္ပဏီဖြစ်ပါတယ်။   Sedans , Hatchbacks အပြင် လျှပ်စစ်မော်တော်ဆိုင်ကယ်များကိုလည်း ထုတ်လုပ်ပါတယ်။ VinFast ကားကုမ္ပဏီသည် BMW နှင့် Bosch တွဲဖက်ကားကုမ္ပဏီနှင့်အတူ ၎င်းကိုယ်ပိုင် အမှတ်တံဆိပ်များဖြင့် ကားများ ထုတ်လုပ် ပါတယ်။ ဂျာမနီနည်းပညာကို သုံးစွဲပြီး အ မေရိကန် ကားထုတ်လုပ်သူGeneral Motors ထံမှ ထုတ်လုပ်ခွင့် လိုင်စင်ရယူပြီး ထုတ်လုပ်တာ ဖြစ်လို့ VinFast ကား အမှတ်တံဆိပ်တွေဟာ ထင်ပေါ်မှုကို မရရှိပါဘူး။   VinFast သည်ဗီယက်နမ်နိုင်ငံ၏ ၂၀၂၀ စီးပွားရေးတိုးတက်မှုရည်မှန်းချက်ကို ယခင်က ရည်မှန်းချက်မှာ ၅ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းမှ ၂.၅ ရာခုင်နှုန်း အထိလျှော့ချပြီးချိန်မှာ အခုလို ဈေးကြီးတဲ့ ဇိမ်ခံကား ထုတ်လုပ်ရောင်းချတာဟာ အချိန်အခါ မကိုက်ဘူးလို့လည်း သုံးသပ်ကြပါတယ်။   ပထမနှစ်နှစ်၀က်တွင် ဗီယက်နမ်နိုင်ငံ၏ Rong Viet Securities အရ ဇိမ်ခံပစ္စည်း ၁၀ ရာခိုင်နှုန်းကျဆင်းခဲ့ချိန်တွင် Auto ကားဈေးသည် ၃၀ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း သိရပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်နေ့စဉ် အဖြစ်အပျက်အနည်းငယ် သတင်းကြောင့် Rong Viet Auto ကားကဏ္ဠs လေ့လာဆန်းစစ်သူ Hoang Bui က ၂၀၂၀ ဒုတိယနှစ် နှစ်ဝက်တွင်စားသုံးမှု ပြန်လည်ကျဆင်းလိမ့်မည်ဟု ခန့်မှန်းထားပါတယ်။   ဗီယက်နမ်နိုင်ငံ အလယ်လတ်လူတန်းစားများသည် ၀င်ငွေကန့်သတ်ထား သလောက် များများစားစားမသုံးစွဲရသော်လည်း၊ ဇိမ်ခံကား ၀ယ်ယူမှုတွင် မပြောင်းလဲပဲ တည်မြဲနေတယ်လို့ဆိုပါတယ်။   By Myanmar Automobile Guide  Ref: asia.nikkei
ကားကို တစ်နေရာမှ တစ်နေရာသို့ လူတွေ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့အတွက် သုံးခဲ့ကြတယ်။
၂၀၂၀ ခုနှစ် အောက်တိုဘာလ တစ်ရက်နေ့မှစတင်ကာ နယ်စပ်မျ လုပ်ငန်းသုံးယာဥ်များ တင်သွင်းခြင်းကို ဆောင်ရွက်လိုပါက
မြဝတီဆိုတာနဲ့ မြန်မာနိုင်ငံအတွင်း တရားမဝင် without ကားတွေသွင်းတဲ့မြို့ without ကားတွေ ထည်လဲစီးတဲ့မြို့လို့ အသိများကြပါတယ်။