Industry News

မော်တော်ယာဉ်အင်ဂျင်တွေကို ပိုမိုရုန်းအား ကောင်းစေတဲ့ Charger (ချာဂျာ) တွေကို ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြပါတယ်။ Charger တွေမှာဆိုရင် Super Charger နဲ့ Turbo Charger ဆိုပြီး နှစ်မျိုးရှိပါတယ်။
ယာဉ်​မှန်/​မမှန်​ စစ်​​ဆေးခြင်းလုပ်​ငန်းအား ​မေလမှစ၍ ယာဉ်​သက်​တမ်းတိုးကားအစီး​ရေများပြားလာမည်​ဖြစ်​ရာ သက်​တမ်းတိုးလုပ်ငန်း ​ဆောင်​ရွက်​ပြီးမှ ယာဉ်​မှန်/​မမှန်​ စစ်​​ဆေး​ပေးသွားမည်​ဖြစ်​​ကြောင်း ကုန်းလမ်းပို့​ဆောင်​​ရေးညွှန်​ကြားမှုဦးစီးဌာနမှသိရသည်။
ဘိုင်ဒူးဟာ တရုတ်ရဲ့ Google လို့ တင်စားခံရတဲ့ Search Engine Company ဖြစ်ပြီး ဒီနှစ်ထဲမှာ တရုတ်မှာ မောင်းသူမဲ့ ကားများကို ပြေးဆွဲမယ်လို့ သိရပါတယ်။ ဘိုင်ဒူးဟာ ၂၀၁၉ ခုနှစ်မှာ ဂျပန်တွင် မောင်းသူမဲ့ ဘတ်စ်ကားများကို ပြေးဆွဲမှာ ဖြစ်တယ်လို့ Bloomberg က ပြောပါတယ်။
အ​ရောင်းပြခန်း၊ အ​ရောင်းစင်​တာများအတွက်​ normal LC/TT ၊ consignment စနစ်​ဖြင့် ထုတ်​​ပေးသည့်သွင်းကုန်​လိုင်​စင်​ consignment စနစ်​ဖြင့် ကားတင်​သွင်းခွင့်လိုင်​စင်​​တစ်​​စောင်​လျှင်​ ကား ၁၀ စီးအထိ ​လျှောက်​ထားခွင့်​ပြုသွားမည်​ဖြစ်​​ကြောင်း ​နေပြည်​​တော်​စီးပွား​ရေးနှင့်ကူးသန်း​ရောင်းဝယ်​​ရေးဝန်​ကြီးဌာနမှသိရသည်​။
Ford Myanmar မှ ရန်ကုန်လိုင်စင် ရရှိသော New Everest နှင့်​ Ranger Rap Cab တို့ကို Summer Promotion အစီအစဉ် ဖြင့် ရောင်းချပေးနေပြီ ဖြစ်ကြောင်း သိရသည်။
ဆူဇူကီးမြန်မာမော်တာကုမ္ပဏီလီမိတက်မှ ကားတွင်း ထိုင်ခုံ ၇ ခုံပါ မျိုးဆက်သစ် "All-new Suzuki Ertiga" အမျိုးအစားသစ်ကားကို မြန်မာနိုင်ငံဈေးကွက်တွင် စတင်မိတ်ဆက်လိုက်ပြီ ဖြစ်သည်။
မော်တော်ယာဉ်ထုတ်လုပ်မှုဆိုင်ရာ ပေါ်လစီကို လာမည့်လအတွင်း ထုတ်ပြန်မည်ဖြစ်ပြီး SKD1 ၊ SKD2 နှင့် CKD ကားများကို အခွန် ခွဲခြားကောက်ခံမည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။
KIA Myanmar မှ ကားအမျိုးအစားခြောက်မျိုးကို Everyone Can Own အစီအစဉ်ဖြင့် ရောင်းချ ပေးနေပြီဖြစ်ကြောင်း သိရသည်။
Volvo Cars Myanmar မှ Volvo ကားများကို ဧပြီလကုန်အထိ အထူးလျှော့ဈေးဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။
သင်္ကြန်မတိုင်မီက နံပါတ်ထွက်ပြီးသား ၁၃၀၀ စီစီကားများနှင့် ၆၆၀ စီစီ မီနီထရပ်များ အရောင်းအဝယ် ကောင်းခဲ့သော်လည်း သင်္ကြန်အပြီးတွင် ဘယ်မောင်းကားသစ်များနှင့်အတူ အင်ဂျင်ပါဝါအမြင့် ဂျပန်ညာမောင်းကားများလည်း အရောင်းအဝယ်အေးစက်နေပါသည်။