ကားလူပို၊ ဝန်တင်ခြင်းရဲ့ အကျိုးဆက်အကြောင်း
ကားလူပို၊ ဝန်တင်ခြင်းရဲ့ အကျိုးဆက်အကြောင်း google
ကားထုတ်လုပ်တဲ့ လုပ်ငန်းတွေ၊ အနေနဲ့ မော်တော်ယာဉ်ရဲ့ အမျိုးအစားအလိုက် လူဦးရေနဲ့ ကုန်အလေးချိန်တို့ကို တစ်ပါတည်းသတ်မှတ်ပေးထားကြပါတယ်။
လူစီးဆလွန်းကားများတွင် လူဦးရေအလိုက် payload - 4 Passenger/ 7 passengers စသည်ဖြင့် လည်းကောင်း၊ ၀န်တင်ကားများတွင် ၀န်တင်အလေးချိန်အလိုက် Payload -650 Kg/ 3000Kg စသည့်ဖြင့်လည်းကောင်း ရေးသားဖော်ပြလေ့ရှိပါတယ်။
ကားထုတ်လုပ်တဲ့ ကုမ္ပဏီအနေနဲ့ ခုနှစ်ယောက် စီးဖို့အတွက် သတ်မှတ်ပေးလိုက်တဲ့ ပစ်ကပ်ကားတစ်စီးကို လူနှစ်ဆယ်ကျော် တင်ဆောင်မောင်းနှင်ခြင်း၊ ၄၅ ယောက်စီး ဘတ်စ် တစ်စီးကို လူတစ်ရာကျော် တင်ဆောင်မောင်းနှင်ခြင်း ၊ ၃တန်တင်ဖို့ ခွင့်ပြုထားတဲ့ ထရပ်ကားတစ်စီးကို ငါးတန်တင်ဆောင်မောင်းနှင်ခြင်း စတာတွေကို ဆင်းရဲတဲ့ နိုင်ငံများနဲ့ အသိပညာနည်းပါးတဲ့ ဒေသများတွင် တွေ့ရလေ့ရှိပါတယ်။
ထိုအတူပဲ မလိုလားအပ်တဲ့ ထိခိုက်ပျက်စီးမှုတွေကိုနဲ့ အသက်ဆုံးရူံးမှုတွေကိုလည်း အဆိုပါ နိုင်ငံနဲ့ ဒေသများတွင် အများဆုံးတွေ့မြင်ကြရပါတယ်။ သတ်မှတ်ဝန်အလေးချိန်ကို ကျော်လွန်တင်ဆောင်မောင်းနှင်တဲ့ အခါ ကားတစ်စီးကြောင့် အခြားကားများနဲ့ အပြစ်မဲ့သူတို့ အတွက် နစ်နာစရာများ ဖြစ်ပေါ်ကြရပါတယ်။
အင်ဂျင်နီယာအတတ်ပညာတွင် Yield point လို့ ခေးတဲ့ အမြင့်ဆုံးသော ခံနိုင်စွမ်းရှိတဲ့ အခြေအနေ တစ်ရပ်ကို အမြဲ ထည့်သွင်း စဉ်းစားတွက်ချက်ကြရမှာ ဖြစ်ပါတယ်။ အချို့သော စက်ပစ္စည်းအစိတ်အပိုင်းများသည် Yield point ကို နီးကပ်လာတဲ့အခါ အက်ကွဲလာပြီး လိမ်ကောင်ခြင်း၊ ပုံမှန်ထက် ပိုပြီး တုန်ခါလာခြင်း အတိုင်းအတာများ ခြားနားသွားခြင်း၊ ထောင့်ချို့ဒီဂရီများ ကွဲလွဲသွားခြင်း စတဲ့ မျက်စိနဲ့ မြင်နိုင်လောက်တဲ့ ပြောင်းလဲမှုများ ဖြစ်ပေါ်လာတတ်ပါတယ်။ သတိထားမိပါက ချက်ချင်း ပြင်ဆင် အစားထိုးခြင်းဖြင့် အန္တရာယ် ဖြစ်ပွားရခြင်း ကို ကြိုတင်ရှောင်လွဲနိုင်မှာ ဖြစ်ပါတယ်။
ဝန်တင်ခံနိုင်ရည်အားကို သတ်မှတ်ရာတွင် သတ်မှတ်ချက်မှ ကျော်လွန်တင်ဆောင် တာနဲ့ ချက်ချင်းလက်ငင်း ထိခိုက်ပျက်စီးမှုနဲ့ တိမ်းမှောက်မှု ဖြစ်ပွားမယ်လို့ ဆိုလိုခြင်း မဟုတ်သကဲ့သို့ ၀န်တင်သည့်တိုင် ခံနိုင်ရည်ကောင်းစွာ ရိုသေးတာကိုလည်း အာမခံပေးထားခြင်း မရှိပါဘူး။
ဝန်ပိုတင်ဆောင်မှုကို တစ်ကြိမ်ပြုလုပ်ပြီး မောင်းနှင်ကြည့်တဲ့အခါ အန္တရာယာမဖြစ်ပွားသောကြောင့် နောက်တစ်ကြိမ် ၀န်ပိုတင်ဖို့ အတွက် လက်ရဲဇက်ရဲ ဖြစ်လာတတ်ကြပါတယ်။
လူပို၊ ၀န်ပိုတင်ဆောင်ခြင်းကြောင့် တစ်ကြိမ်မဟုတ် တစ်ကြိမ်၊တွင် အန္တာရယ်နဲ့ ကြုံလာနိုင်ကြောင့် ကို မျှော်လင့်ထားလေ့မရှိကြပါဘူး။ ယေဘုယျသဘောဆိုရမယ်ဆိုရင် ကားတစ်စီးသည် သတ်မှတ် ၀န်အလေးချိန် အတိုင်း တင်ဆောင် မောင်းနှင်နေစဉ်တွင် ကားအစိတ်အပိုင်းများက ရာနှုန်းပြည့်အာမခံ ပေးထားမည် ဖြစ်သောလည်း သတ်မှတ်ဝန်အားထက် ၅၀ ရာခိုင်နှုန်းခန့်အထိ ကျော်လွန်တင်ဆောင်နေစဉ်တွင် ကားအစိတ်အပိုင်းများရဲ့ အာမခံနိုင်မှုက ၈၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ၀န်ပိုတင်ဆောင်ထားတဲ့ ကားရဲ့ အမြန်နှုန်း ပိုမိုမြင့်မားလေလေ၊ ကားအစိတ်အပိုင်းများရဲ့ အာမခံမှုနှုန်းမှာ ပိုမို ကျဆင်းလေလေ ဖြစ်တာကြောင့် သတိပြု ဆင်ခြင် နိုင်အောင် ဖော်ပြ လိုက်ရပါတယ်။
Home_page.png
Unicode
ကားလူပို၊ ဝန်တင်ခြင်းရဲ့ အကျိုးဆက်အကြောင်း
ကားထုတ်လုပ်တဲ့ လုပ်ငန်းတွေ၊ အနေနဲ့ မော်တော်ယာဉ်ရဲ့ အမျိုးအစားအလိုက် လူဦးရေနဲ့ ကုန်အလေးချိန်တို့ကို တစ်ပါတည်းသတ်မတ်ပေးထားကြပါတယ်။
လူစီးဆလွန်းကား၊ ပစ်ကပ်ကား၊ လိုက်ထရပ်နဲ့ ထရပ်ကားမျိုးစုံတို့တွင် လူဦးရေနဲ့ ကုန်အလေးချိန် မည်မျ တင်ဆောင်နိုင်ကြောင်းကို ပိုင်ရင် လက်စွဲ စာအုပ် ( Owner's Manual) တွင် ဖော်ပြပေးထားကြပါတယ်။ နောက်ထပ်အနေနဲ့ ကားကိုယ်ထည်ရဲ့ တစ်နေရာရာတွင် Label ကပ်ပေးထားခြင်းဖြင့်လည်း အတိအကျ ဖော်ပြပေးထားကြပါတယ်။
လူစီးဆလွန်းကားများတွင် လူဦးရေအလိုက် payload - 4 Passenger/ 7 passengers စသည်ဖြင့် လည်းကောင်း၊ ဝန်တင်ကားများတွင် ဝန်တင်အလေးချိန်အလိုက် Payload -650 Kg/ 3000Kg စသည့်ဖြင့်လည်းကောင်း ရေးသားဖော်ပြလေ့ရိပါတယ်။
ကားထုတ်လုပ်တဲ့ ကုမ္ပဏီအနေနဲ့ ခုနစ်ယောက် စီးဖို့အတွက် သတ်မတ်ပေးလိုက်တဲ့ ပစ်ကပ်ကားတစ်စီးကို လူနစ်ဆယ်ကျော် တင်ဆောင်မောင်းနင်ခြင်း၊ ၄၅ ယောက်စီး ဘတ်စ် တစ်စီးကို လူတစ်ရာကျော် တင်ဆောင်မောင်းနင်ခြင်း ၊ ၃တန်တင်ဖို့ ခွင့်ပြုထားတဲ့ ထရပ်ကားတစ်စီးကို ငါးတန်တင်ဆောင်မောင်းနင်ခြင်း စတာတွေကို ဆင်းရဲတဲ့ နိုင်ငံများနဲ့ အသိပညာနည်းပါးတဲ့ ဒေသများတွင် တွေ့ရလေ့ရိပါတယ်။
ထိုအတူပဲ မလိုလားအပ်တဲ့ ထိခိုက်ပျက်စီးမုတွေကိုနဲ့ အသက်ဆုံးရူံးမုတွေကိုလည်း အဆိုပါ နိုင်ငံနဲ့ ဒေသများတွင် အများဆုံးတွေ့မြင်ကြရပါတယ်။ သတ်မတ်ဝန်အလေးချိန်ကို ကျော်လွန်တင်ဆောင်မောင်းနင်တဲ့ အခါ ကားတစ်စီးကြောင့် အခြားကားများနဲ့ အပြစ်မဲ့သူတို့ အတွက် နစ်နာစရာများ ဖြစ်ပေါ်ကြရပါတယ်။
အင်ဂျင်နီယာအတတ်ပညာတွင် Yield point လို့ ခေးတဲ့ အမြင့်ဆုံးသော ခံနိုင်စွမ်းရိတဲ့ အခြေအနေ တစ်ရပ်ကို အမြဲ ထည့်သွင်း စဉ်းစားတွက်ချက်ကြရမာ ဖြစ်ပါတယ်။ အချို့သော စက်ပစ္စည်းအစိတ်အပိုင်းများသည် Yield point ကို နီးကပ်လာတဲ့အခါ အက်ကွဲလာပြီး လိမ်ကောင်ခြင်း၊ ပုံမန်ထက် ပိုပြီး တုန်ခါလာခြင်း အတိုင်းအတာများ ခြားနားသွားခြင်း၊ ထောင့်ချို့ဒီဂရီများ ကွဲလွဲသွားခြင်း စတဲ့ မျက်စိနဲ့ မြင်နိုင်လောက်တဲ့ ပြောင်းလဲမုများ ဖြစ်ပေါ်လာတတ်ပါတယ်။ သတိထားမိပါက ချက်ချင်း ပြင်ဆင် အစားထိုးခြင်းဖြင့် အန္တရာယ် ဖြစ်ပွားရခြင်း ကို ကြိုတင်ရောင်လွဲနိုင်မာ ဖြစ်ပါတယ်။
ဝန်တင်ခံနိုင်ရည်အားကို သတ်မတ်ရာတွင် သတ်မတ်ချက်မ ကျော်လွန်တင်ဆောင် တာနဲ့ ချက်ချင်းလက်ငင်း ထိခိုက်ပျက်စီးမုနဲ့ တိမ်းမောက်မု ဖြစ်ပွားမယ်လို့ ဆိုလိုခြင်း မဟုတ်သကဲ့သို့ ဝန်တင်သည့်တိုင် ခံနိုင်ရည်ကောင်းစွာ ရိုသေးတာကိုလည်း အာမခံပေးထားခြင်း မရိပါဘူး။
ဝန်ပိုတင်ဆောင်မုကို တစ်ကြိမ်ပြုလုပ်ပြီး မောင်းနင်ကြည့်တဲ့အခါ အန္တရာယာမဖြစ်ပွားသောကြောင့် နောက်တစ်ကြိမ် ဝန်ပိုတင်ဖို့ အတွက် လက်ရဲဇက်ရဲ ဖြစ်လာတတ်ကြပါတယ်။
လူပို၊ ဝန်ပိုတင်ဆောင်ခြင်းကြောင့် တစ်ကြိမ်မဟုတ် တစ်ကြိမ်၊တွင် အန္တာရယ်နဲ့ ကြုံလာနိုင်ကြောင့် ကို မျော်လင့်ထားလေ့မရိကြပါဘူး။ ယေဘုယျသဘောဆိုရမယ်ဆိုရင် ကားတစ်စီးသည် သတ်မတ် ဝန်အလေးချိန် အတိုင်း တင်ဆောင် မောင်းနင်နေစဉ်တွင် ကားအစိတ်အပိုင်းများက ရာနုန်းပြည့်အာမခံ ပေးထားမည် ဖြစ်သောလည်း သတ်မတ်ဝန်အားထက် ၅၀ ရာခိုင်နုန်းခန့်အထိ ကျော်လွန်တင်ဆောင်နေစဉ်တွင် ကားအစိတ်အပိုင်းများရဲ့ အာမခံနိုင်မုက ၈၀ ရာခိုင်နုန်းအထိ ကျဆင်းသွားမာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ဝန်ပိုတင်ဆောင်ထားတဲ့ ကားရဲ့ အမြန်နုန်း ပိုမိုမြင့်မားလေလေ၊ ကားအစိတ်အပိုင်းများရဲ့ အာမခံမုနုန်းမာ ပိုမို ကျဆင်းလေလေ ဖြစ်တာကြောင့် သတိပြု ဆင်ခြင် နိုင်အောင် ဖော်ပြ လိုက်ရပါတယ်။
Credit; CG GPS Myanmar
Read times
Rate this item
(1 Vote)