BAIC မှ Comfort New Model X55 ကို ပြည်တွင်းဈေးကွက်အတွင်း စတင်မိတ်ဆက်

BAIC မှ Comfort New Model X55 ကို ပြည်တွင်းဈေးကွက် အ တွင်း စတင်မိတ်ဆက် ရောင်းချ နေပြီဖြစ်ကြောင်း သိရသည်။

 

၂ဝ၁၉ မိုဒယ် Comfort New Model X55 သည် အင်ဂျင် ပါဝါ ၁၅ဝဝ စီစီ တာဘိုအင်ဂျင်၊ Belgium CVT Transmission တပ်ဆင်ထားသော SUV ကားအ မျိုးအစားဖြစ်သည်။ ကားအောက်ပိုင်း Suspension နှင့် Steering ကို BMW 7 Series နှင့် Audi Q7 တို့တွင် အသုံးပြုထားသော Supplier များဖြင့် အသုံးပြုထား သည်။

 

ကားအတွင်းပိုင်းတွင် Germany Luxury ကားများကဲ့သို့ Full Option များ ပါဝင်ပြီး Push-Start ၊ ကျယ်ဝန်းသော Pano-ramic Sunroof ၊ ကိုးလက်မ အကျယ်ရှိ အမြုပ် Control Display ၊ 7-inch LCD Dashboard Display ၊ မြင့်မားသော Technology အသစ်ဖြစ်သည့် AI Voice Assistant ၊ AI Security Assistant တို့ ပါဝင်သည်။

 

Safety ပိုင်းတွင် တောင် တက်လမ်းများ၌ ပိုမိုအသုံးဝင်သော Headlight Adjustment ၊ EPP (Electronic Handbrake) ၊ ABS ၊ Traction Control စသည့် စနစ် များပါဝင်ပြီး C-NCAP Test တွင် 5 Star Rating ရရှိထားသည်။

 

၂ဝ၁၉ မိုဒယ် BAIC X55 ကို White ၊ Black ၊ Red ၊ Blue စသည့် အရောင်များရရှိနိုင် မည်ဖြစ်သည်။ ထိုကားကို ကျပ် ၃၆၈ သိန်း (ဝင်ငွေခွန်မပါ)ဖြင့် ဝယ်ယူနိုင်ပြီး Down Payment ၃ဝ ရာခိုင်နှုန်းပေးသွင်းကာ တစ် နှစ်မှ သုံးနှစ်အထိ အရစ်ကျပေး သွင်း၍ ဘဏ်များဖြင့် ချိတ်ဆက် ဝယ်ယူနိုင်မည်ဖြစ်သည်။ အာမခံ အနေဖြင့် သုံးနှစ်၊ သို့မဟုတ် ကီ လိုမီတာတစ်သိန်း ပေးထားကြောင်း သိရသည်။

 

 

Source; Automobile Journal  

Read times
Rate this item
(1 Vote)