ကညန မှာ နံပါတ်ယူပြီး ကနဦးမှတ်ပုံတင်တော့ ငွေတွက်ချက်ပြီးပေမဲ့ ငွေမသွင်းရသေးရင် နှုန်းထားသစ် ခံစားခွင့် ရမရ

မော်တော်ယာဉ် ကနဦးမှတ်ပုံတင် နှုန်ထားအဟောင်းကနေ ထက်ဝက်လျှော့ချပေးထားတဲ့ နှုန်းထားအသစ် ပြောင်းလဲကောက်ခံတဲ့ စပ်ကူးမတ်ကူးကာလမှာ -

 

ကညနမှ ကနဦးမှတ်ပုံတင်နှုန်းထားသစ်ဖြင့် ပြောင်းလဲကောက်ခံရာတွင် နံပါတ်ယူပြီး ငွေတွက်ချက်ထားသောကားများဖြစ်သော်လည်း

999.png

ငွေမသွင်းရသေးပါက (ငွေမသွင်းရသေးဘဲ ငွေတွက်ထားတဲ့ ကားတွေ) တစ်ဝက်လျှော့ချပေးလိုက်သည့် နှုန်းထားအသစ်ဖြင့် ပြင်ဆင်တွက်ချက်ပေးမည် ဖြစ်ကြောင်း သိရသည်။

 

သြဂုတ် ၇ ရက်မှစ၍ကညနမှ မှတ်ပုံတင်ခနှုန်းထားများ လျှော့ချရာတွင် စက်စွမ်းအား ၁၃၅၀ နှင့် အောက်ကို ၃၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း၊

hicool.png

စက်စွမ်းအား ၁၃၅၁ စီစီမှ ၂၀၀၀ စီစီ အထိကို ၅၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်း၊ စက်စွမ်းအား ၂၀၀၁ စီစီမှ ၅၀၀၀ စီစီအထိကို ၈၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်း၊

 

စက်စွမ်းအား ၅၀၀၁ စီစီအထက်ကို ၁၂၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်း ပြောင်းလဲကောက်ခံမည်ဖြစ်သည်။

 

By Myanmar Automobile Guide

MMM.png

Additional Info

  • Top Banner: Bawgawadi
Read times
Rate this item
(1 Vote)