ပြည်ပမှတင်သွင်းသည့် မော်တော်ယာဉ်များ အခွန်အခလျှော့ချခြင်းနှင့်ပတ်သက်၍ မော်တော်ယာဉ် ထုတ်လုပ်တင်သွင်းရောင်းဝယ်သည့် လုပ်ငန်းရှင်များ နှင့်တွေ့ဆုံဆွေးနွေး

COVID ကြောင့်ဖြစ်ပေါ်လာသော စီးပွားရေးကျဆင်းမှုများကို ကုစားသည့်အနေဖြင့် ပြည်ပတင်သွင်းသည့်လူစီးမော်တော်ယာဉ်များအတွက် မူလတန်ဖိုး (FOB) အပေါ် ကောက်ခံလျက်ရှိသည့် ယာဉ်မှတ်ပုံတင်ခနှုန်းထားများကို ဩဂုတ်လ (၇) ရက်နေ့မှစတင်၍ လျှော့ချကောက်ခံသွားမည်ဖြစ်ကြောင်းကို

 

117643701_1883733935100771_4639347139710171878_o.jpg

Image may contain: 1 person, sitting and indoor

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) မှ ကြေညာခဲ့ရာ

Image may contain: 1 person, sitting and indoor

အဆိုပါမှတ်ပုံတင်ခလျော့ချပေးခြင်းအပေါ် မော်တော်ယာဉ်ထုတ်လုပ်တင်သွင်းရောင်းဝယ်သူလုပ်ငန်းရှင်များသည် သြဂုတ်လ ၁၃ ရက်နေ့ညနေပိုင်းတွင် ကုန်သည်စက်မှုအသင်းချုပ်သို့လာရောက်၍ အစည်းအဝေးပြုလုပ်ဆွေးနွေးခဲ့ကြသည်။

Image may contain: 1 person, sitting and indoor

အစည်းအဝေးကို ကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းနှင့် အမှုဆောင်များ၊ မော်တော်ယာဉ် ထုတ်လုပ်ရောင်းချသူလုပ်ငန်းရှင်များ၊

Image may contain: one or more people, people sitting and indoor

တင်သွင်းရောင်းချသူလုပ်ငန်းရှင်များနှင့် ဝယ်ရောင်းပြုလုပ်သည့်လုပ်ငန်းများရှင်များတက်ရောက်ခဲ့ကြပြီး မှတ်ပုံတင်ခလျှော့ချပေးသည့်ကိစ္စနှင့်စပ်လျဉ်း၍ ပြည်တွင်း၌ တင်ဆင်ထုတ်လုပ်သည့် မော်တော်ယာဉ်လုပ်ငန်းများအပေါ်သက်ရောက်နိုင်မှုများအား ဆွေးနွေးခဲ့ကြသည်။

Image may contain: 2 people, people sitting

Image may contain: 2 people, people sitting and indoor

ကညနမှ မော်တော်ယာဉ်မှတ်ပုံတင်ကြေးလျှော့ချရာတွင် ကောက်ခံနေသည့်အခွန်နှုန်းထားအရ

Image may contain: one or more people, table and indoor

အင်ဂျင်ပါဝါ ၁၃၅၀ စီစီနှင့်အောက် ကားများကို ၃၀% မှ ၁၅%၊ ၁၃၅၁ စီစီမှ ၂၀၀၀ စီစီအထိကားများကို ၅၀% မှ ၂၅%၊ ၂၀၀၁ စီစီမှ ၅၀၀၀ စီစီအထိ ကားများကို ၈၀% မှ ၄၀%၊ ၅၀၀၁ စီစီနှင့်အထက် ကားများကို ၁၂၀% မှ ၆၀% အထိ လျော့ချပေးခဲ့ခြင်းဖြစ်သည်။

Image may contain: 1 person, sitting and indoor

Image may contain: 2 people, people sitting, table, closeup and indoor

COVID ကာလအတွင်းတွင် မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ရောင်းချမှု ဈေးကွက်များသည် ထက်ဝက်ခန့် ကျဆင်းနေကြောင်းသိရှိရပြီး ပြည်တွင်း၌ SKD စနစ်နှင့် CKD စနစ်တို့ဖြင့် မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်ရောင်းချသည့်လုပ်ငန်းများ ရေရှည်ရှင်သန်လုပ်ကိုင်နိုင်ရန်နှင့် ပြည်တွင်းသို့ ထပ်မံလာရောက်ရင်းနှီးမြှုပ်နှံမည့် မော်တော်ယာဉ်ထုတ်လုပ်မှုလုပ်ငန်းများအတွက် ဆောင်ရွက်ရန်လိုအပ်သည်များကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

 

ကုန်သည်စက်မှုအသင်းချုပ်

Kyaw_Aye_559.png

Read times
Rate this item
(1 Vote)