လျှော့ချ အကောက်ခွန်၊ မှတ်ပုံတင်နှုန်းထားများနှင့် လတ်တလောကားစျေးကွက်အခြေအနေ

လျှော့ချ အကောက်ခွန်၊ မှတ်ပုံတင်နှုန်းထားများနှင့် လတ်တလောကားစျေးကွက်အခြေအနေ Nikkei Asian Review

ကိုဗစ်ကြောင့် ဖြစ်ပေါ်နေတဲ့ စီးပွားရေးကျဆင်းမှုကို ကုစားသည့်အနေဖြင့် ပြည်ပမှ 

မော်တော်ယဉ်အိမ်စီးကားများအပေါ် ကောက်ခံတဲ့ အခွန်နှုန်ထား ၂ ရပ်ကို လျှော့ချသတ်မှတ်ပေးခဲ့ပါတယ်။ တစ်ခုက အကောက်ခွန်နှုန်းထားဖြစ်ပြီး နောက်တစ်ခုက ကညနမှ ကနဦးမှတ်ပုံတင်ရင် ပေးဆောင်ရတဲ့ အခွန်အခဖြစ်ပါတယ်။ အကောက်ခွန်နှုန်းထားတွေကို ၁၀ ရာခိုင်နှုန်း လျှော့ချပေးပြီး ကနဦးမှတ်ပုံတင်ခတွေကိုတော့ ထက်ဝက် လျှော့ချပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် အိမ်စီးကားတစ်စီး တင်သွင်းတဲ့အခါ အခွန်ဆောင်ရတဲ့ ကုန်ကျစရိတ် လျော့ကျသွားပါတယ်။

 

လျှော့ချ အကောက်ခွန်နှုန်းထားများ

ယခင် က အကောက်ခွန်နှုန်းထား { AV × ၃၀ % (2000 cc နှင့် အောက်) } ကို ယခု လျှော့ချ အကောက်ခွန်နှုန်းထား { ယခု - AV × ၂၀ % (2000 cc နှင့် အောက်) } ရှိပြီးတော့ ယခင်က { AV × ၄၀ % (2000 cc နှင့် ထက်) } ကို ယခု လျှော့ချ အကောက်ခွန်နှုန်းထား { ယခု - AV × ၃၀ % (2000 cc နှင့် ထက်) } ဖြစ်ပြီး ၁၀ ရာခိုင်းနှုန်း စီ လျှော့ချ ကောက်ခံသွားမှာ ဖြစ်ပါတယ်။

 

14_Lucky.png

 

လျှော့ချ ကနဦး မှတ်ပုံတင်ကြေး

(ယခင် က)

AV + 0.8333 × ၃၀ % (1350 cc နှင့် အောက်)

AV + 0.8333 × ၅၀ % (1351 cc ~ 2000 cc )

AV + 0.8333 × ၈၀ % (2000 cc ~ 5000 cc )

AV + 0.8333 × ၁၂၀ % (5001 cc အထက် )

 

( ယခု )

AV + 0.8333 × ၁၅ % (1350 cc နှင့် အောက်)

AV + 0.8333 × ၂၅ % (1351 cc ~ 2000 cc )

AV + 0.8333 × ၄၀ % (2000 cc ~ 5000 cc )

AV + 0.8333 × ၆၀ % (5001 cc အထက် )

စီ အသီးသီးရှိပြီးတော့ ထက်ဝက် လျှော့ချ ကောက်ခံသွားမှာ ဖြစ်ပါတယ်။

 

မော်တော်ယာဉ် ကနဦး မှတ်ပုံတင်ကြေး နှုန်းထား ထက်ဝက်လျှော့ချခြင်းကို ၇-၈-၂၀၂၀ရက် (သောကြာနေ့)မှ စတင်၍ လျှော့ချကောက်ခံမည်ဖြစ်ပါကြောင်း အသိပေးကြေညာခဲ့ပါတယ်။ ထက်ဝက်လျှော့ချတာကြောင့် မှတ်ပုံတင်ဖို့အတွက် ကုန်ကျစရိတ်သိက်သာသာ လျော့ကျသွားမှာ ဖြစ်ပါတယ်။

 

ဥပမာအားဖြင့် ဒေါ်လာ ၁၀၀၀၀တန် ၂၀၀၁ စီစီအထက်ကားတစ်စီး ပြည်ပမှ တင်သွင်းတာကို တွက်ချက်ကြည့်မယ်ဆိုရင်

အကောက်ခွန်နှုန်းထား သက်သာခြင်း

10,000 x 30% = 3,000 USD

10,000 x 20% = 2,000 USD

အမေရိကန်ဒေါ်လာ ၁၀၀၀ သက်သာမှာ ဖြစ်ပြီး ငွေလဲနှုန်းကို ၁၃၆၀ ကျပ်လို့ အကြမ်းအားဖြင့် သတ်မှတ်ပြီး တွက်ချက်ကြည့်ရင် ကျပ် ၁၃ သိန်းကျော် (1,360,000) သက်သာမှာ ဖြစ်ပါတယ်။

 

ကနဦးမှတ်ပုံတင်ခ သက်သာခြင်း

10,000 x 80% = 8,000

10,000 x 40% = 4,000

အမေရိကန်ဒေါ်လာ ၄၁၀၀ သက်သာမှာ ဖြစ်ပြီး ငွေလဲနှုန်းကို ၁၃၆၀ ကျပ်လို့ အကြမ်းအားဖြင့် သတ်မှတ်ပြီး တွက်ချက်ကြည့်ရင် ကျပ် ၅၄ သန်းကျော် (5,440,000) သက်သာသွားပါတယ်။

 

အခန်နှစ်ရပ် စုစုပေါင်း သက်သာသွားတဲ့ ပမာဏက ကျပ် ၆၈သိန်း ဖြစ်ပါတယ်။

 

ရာခိုင်နှုန်းဖြင့် လျှောချပေးထားတာ ဖြစ်လို့တင်သွင်းတဲ့ ကားက ဈေးကြီးရင် ကြီးသလို သက်သာတဲ့ ပမာဏလည်း သက်သာပါတယ်၊ ဈေးမကြီးတဲ့ ကားတွေအဖို့တော့ များများစားစား သက်သာသွားတာ မဟုတ် တာကြောင့် ဈေးကျမှာ မဟုတ်ဘူးလို့ ထင်ကြေးပေးကြတာ တွေလည်း ရှိနေပါတယ်။ အမြင့်ကားတွေကတော့ အခုလို လျှော့ချတာကြောင့် ဈေးသိသိသာသာ ရာဂဏန်း ကျဆင်းမယ်လို့ ဆိုကြပါတယ်။

 

171 Amarapura Maritime Services Co

 

 

“ ကနဦးမှ မှတ်ပုံတင်ကြေး နှုန်းထား ထက်ဝက်လျှော့ချပေးတာကြောင့် တစ်ချို့ ကားတွေက စျေးမကျဖူးလို့ ယူဆကြပေးမယ့် သိန်း ၅၀၀ တန်းကား သိန်း ၄၀၀ ကို ဆင်းလာမယ်ဆိုရင် သိန်း ၄၀၀ တန်ကားက ကျပ်သိန်း ၃၀၀ ကို ဆင်းပေးရမှာပါပဲ။ ကားနှင့် ပတ်သက်တဲ့ ဥပဒေတွေက လက်ရှိအခြေနေမှာ ကုစားပေးတဲ့အနေနဲ့ ယခုလို ဖြစ်ပွားတယ်ဆိုပေးမယ့် နောက်တစ်ချိန်မှာ ကား စျေးကွက်တွေက ပုံမှန်အတိုင်း ပြန်ဖြစ်လာနိုင်မလားဆိုတာက သိဖို့တော့ စောပါသေးတယ်။” လို့ ဝါရင့်ကားပွဲစားဖြစ်သူ ဦးမြင့်ထူးက ဆိုပါတယ်။

 

“ ယခုလက်ရှိအနေမှာ ကားလုပ်ငန်းလုပ်ကိုင်နေသူများအတွက် ကားအသစ်တွေကို တင်သွင်းဖို့အတွက် အခွင့်အရေးတစ်ခုဖြစ်လာပါတယ်။ ဘာပဲပြောပြော ကားစျေးကျဆင်းသွားတာ ကားအသစ်ဝယ်တဲ့သူတစ်ယောက်အနေနဲ့ဆိုရင်အခွင့်အရေးကောင်းပေမယ့် ကားရှိပြီးသားသူတွေအတွက် မိမိရဲ့ ကားတန်ဖိုးတွေ ကျဆင်းသွားတာနဲ့ ရင်ဆိုင်နေရပါတယ်။”

 

“ နိဂုံးချုပ်အနေနဲ့ပြောရမယ်ဆိုရင် User customer တွေလည်း နှိုင်းယှဉ်ရွေးချယ်စရာတွေ တော်တော်များလာတဲ့အတွက် သာမာန်ကားဝယ်ရောင်းတွေအတွက်တော့ ရောင်းကားအတော်များများ ပြန်ထွက်လာနိုင်တဲ့အတွက် အလုပ်ပိုကောင်းလာနိုင်မှာပါ။” လို့ ၎င်း၏ ပြောကြားချက်အရ သိရပါတယ်။

 

By Automobile Guide

class="img-responsive"

Additional Info

  • Top Banner: San-Chain-Oo
Read times
Rate this item
(4 votes)