ဝါးခယ်မ တံတား နှင့်​ ရွှေ​လောင်း တံတားများတွင် သြဂုတ်လ ၁၅ ရက်နေ့မှစတင် သွားလာနိုင်ပြီ

ဝါးခယ်မ တံတား နှင့်​ ရွှေ​လောင်း တံတားများတွင် သြဂုတ်လ ၁၅ ရက်နေ့မှစတင် သွားလာနိုင်ပြီ Ministry Of Information

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့မှ စတင်ကာ တံတားဟောင်း ဖြုတ်သိမ်းခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့တဲ့ ဝါးခယ်မ တံတား နှင့်​ ရွှေ​လောင်း တံတားများကို တံတားအဆင့်မြှင့်တင် တည်ဆောက်ရေး လုပ်ငန်းများ ဆောက်ရွက်ခဲ့ပါတယ်။

 

လက်ရှိမှာတော့ အဆိုပါ တံတားအဆင့်မြှင့်တင်ရေးလုပ်ငန်း လက်ရှိအချိန်တွင် ၉၈ % ပြီးစီးပြီတယ်လို့ သိရပါတယ်။

 

အဆင့်မြှင့်တင် တည်ဆောက်​သော တံတားအမျိုးအစားမှာ သံကူကွန်ကရစ် တံတားအမျိုးအစား ဖြစ်ကာ အရှည် ၃၀၂၀ ပေ၊ အကျယ် ၃၀.၅ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက် ၃ ပေစီ၊ ရေကင်းလွတ်အမြင့် ၃၆ ပေ နှင့်တံတားခံနိုင်ဝန်မှာ HS25 Load Class ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

အဆိုပါ တံတားကို ပြည်ထောင်စု ဘတ်ဂျက်ဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး ခန့်မှန်းခြေတန်ဖိုး ၆၆၄၅ သန်းရှိကာ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၁၅ ရက်နေ့မှစတင်ကာ တံတားပေါ် ဖြတ်သန်းသွားလာခွင့် ပြုသွားမည်လို့ သိရပါတယ်။

 

အဆိုပါ တံတားအဆင့်မြှင့်တင် တည်ဆောက်မှုမှာ လက်ရှိအချိန်ထိ ပြီးစီးမှု ၈၆ % ရှိပြီး တံတား အမျိုးအစားမှာ သံကူကွန်ကရစ်ဖြစ်ကာ အရှည် ၁၉၀၀ ပေ၊ တံတားအကျယ် ၃၀.၅ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ လူသွားလမ်း ၂ ဖက် တစ်ဖက်လျှင် ၃ပေစီနှင့် ရေလမ်း ကင်းလွတ်အမြင့် ၂၉.၅၂ ပေ၊ တံတား၏ခံနိုင်ဝန်မှာ HS25 Load Class ဖြစ်ပါတယ်။

 

အဆိုပါ တံတားကို ပြည်ထောင်စု ဘတ်ဂျက်ဖြင့် တည်ဆောက်ပြီး ခန့်မှန်းခြေတန်ဖိုး ၅၄၃၅.၇၀ သန်းရှိတယ်လို့ သိရပါတယ်။ တံတားပေါ် ဖြတ်သန်း သွားလာခွင့်ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်ကာ ခွင့်ပြုသွားမည်ဖြစ်​ကြောင်းသိရပါတယ်။

 

Ref: Ministry Of Information

Read times
Rate this item
(0 votes)