တရုတ်နိုင်ငံတွင် တိုယိုတာကားသစ် အရောင်းသွက်

တရုတ်နိုင်ငံတွင် မေလအတွင်း တိုယိုတာကား ကုမ္ပဏီမှ ကားသစ်ရောင်းချမှု မြင့်တတ်ခဲ့တယ်လို့ ကားထုတ်လုပ်ရေး ကုမ္ပဏီရဲ့ ပြောကြားချက်အရ သိရပါတယ်။ 

 

ကားအရောင်း ပြန်တတ်လာခြင်းသည် တရုတ်နိုင်ငံအတွင်း ကိုဗစ်ရောဂါ ထိန်းချုပ်ရေးအတွက် ချမှတ်ထားသော ပိတ်ဆို့ ကန့်သတ်များကို ဖြေလျှော့ပြီသည့် နောက်ပိုင်းတွင် တိုင်းပြည်၏ စီးပွားရေး ပြန်လည် နာလန်ထူလာခြင်းကို ပြသနေတာ တွေ့ရပါတယ်။

 

ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ဂျပန်နိုင်ငံ၏ အကြီးဆုံးကား ကုမ္ပဏီဖြစ်သည့် တိုယိုတာအတွက် မတ်လအတွင်း ၁၅ ဒသမ ၉ ရာခိုင်နှုန်း အရောင်းချဆင်းခဲ့ပါတယ်။

 

မေလအတွက်မှု ရောင်းအား ၂၀ ဒသမ ၁ ရာခိုင်နှုန်း ပြန်တတ်လာကြောင်း သိရပါတယ်။ နစ်ဆန်ကားကုမ္ပဏီ အရောင်းမှာ မေလအတွင်း ၆ ဒသမ ၇ ရာခိုင်နှုန်းရှိပြီး မာဇဒါကုမ္ပဏီမှာလည်း ၃၁ ဒသမ ၆ ရာခိုင်နှုန်း မြင့်တတ်လာတာကို တွေ့ရပါတယ်။

 

တရုတ်နိုင်ငံတွင် စီးပွားရေးအခြေအနေများ ပုံမှန် ပြန်လည် လည်ပတ်လာပြီး နောက်ပိုင်းတွင်း ကားအရောင်း မြင့်တတ်လာတာကို မီးမောင်းထိုးပြတာကို တွေ့ရပါတယ်။

 

ဟွန်ဒါကားကုမ္ပဏီ တရုတ်နိုင်ငံတွင် မေလအတွက် ကားအရောင်း ၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဧပြီလတွင် ၁၀ ရာခိုင်နှုန်း နှင့် မတ်လအတွင်း ၅၀ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ရပါတယ်။

 

ကိုဗစ် ၁၉ ကပ်ရောဂါသည် တရုတ်နိုင်ငံတွင် ဇန်နဝါရီလ ၂၄ ရက် ဝန်းကျင်မှ စတင်ကာ ပျံ့နှံ့ခဲ့ပြီး တရုတ်နိုင်ငံအတွင်းရှိ ဂျပန်စက်ရုံများ ကားထုတ်လုပ်ရေး ရပ်နားလိုက်ရကာ ကားအရောင်းပြခန်းများ ပိတ်ထားရန် ဖိအားပေးခြင်းများ ဖြစ်လာခဲ့ပါတယ်။

 

ဖေဖော်ဝါရီလအတွင်း တုယိုတာ နှင့် ဟွန်ဒါ ကုမ္ပဏီတို့အတွက် ကားအရောင်း ၇၀ ဒသမ ၂ ရာခိုင်နှုန်း နှင့် ၈၅ ဒသနမ ၁ ရာခိုင်နှုန်း အသီးသီး လျော့ကျခဲ့ပါတယ်။

 

ဖေဖော်ဝါရီလ နှောက်ပိုင်းတွက် ဗိုင်းရပ်စ် ကူးစက်မှု အဆမတန် မြင့်တတ်ခဲ့ပြီးနောက်ပိုင်းတွှု် ဂျပန်ကား ကုမ္ပဏီများသည် ဝူဟန်မြို့ အပါအဝင် အခြားနေရာလုပန်ငန်းများ ရပ်ဆိုင်းခဲ့ရပါတယ်။

 

ဧပြီ ၈ ရက်က ဟူပေပြည်နယ်၏ မြို့တော်တွင် ၇၆ ရက်ကြာ ပိတ်ဆို့ထားမှုကို ဖယ်ရှားပေးခဲ့ပါတယ်။

 

Myanma Alinn

Read times
Rate this item
(1 Vote)