2021 Toyota Corolla Hatchback မိတ်ဆက်

Toyota က 2021 Toyota Corolla Hatchback  ကို အထူးထုတ်  Special Edition အဖြစ်

ထုတ်လုပ်မယ်လို့ ဆိုပါတယ်။ စီးရေ ၁၅၀၀ ကိုသာ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ အရောင်ကိုလည်း တခြား Corolla တွေလို အမျိုးမျိုး ထုတ်မှာ မဟုတ်ဘူး။ ပုံမှာ မြင်ရတွေ့ရတဲ့ အသံထက်မြန်တဲ့ အနီရောင် Supersonic Red တစ်မျိုးတည်းဖြင့်သာ စီးရေ ၁၅၀၀ ကို ထုတ်လုပ်မှာ ဖြစ်ပါတယ်။ အဲ'ီ အနီရောင် ကြွတက်နေအောင် ဘီးကို သုံးနေကျ chrome မဟုတ်တော့ဘဲ အထူးတလည် မည်းနက်တဲ့ 18-inch alloy wheels တွေ တပ်ဆင်ပေးထားပါတယ်။ 

sporty style ကိုယ်လုံးကိုယ်ထည်ရဲ့ အောက်မှတော့ အဲဒီ အထူးထုတ်က သာမန် Corolla SE အတိုင်းပါပဲ။ အင်ဂျင်က turbo မဟုတ်ဘူး။ လေးဘီးယက်လည်း မဟုတ်ဘူး။ ၂ လီတာ ဆလင်ဒါလေးလုံး အင်ဂျင်ဖြစ်ပြီး ၁၆၈ မြင်းကောင်ရေ ရှိတယ်။ ရှေ့ဘီးတွေကို ဒူးဆစ်နဲ့ ချိတ်ပြီး ယက်ပေးတယ်။ လက်ထိုးဂီယာ ၆ ချက် သုံးထားတယ်။ 

ကားနောက်ဘက်က အသွားအလာနဲ့ မမြင်ကွယ်ရာကို စောင့်ကြည့်တဲ့စနစ် ပါလို့ရတယ်။ ဆိုလိုချင်တာက ဝယ်တဲ့သူက ငွေပိုပေးပြီး တပ်ခိုင်းရင် တပ်ပေးမယ်။

နောက်ထိုင်ခုံတွေ နောက်ဘက်မှာ ပစ္စည်းပစ္စယတွေ တင်ဖို့ ၆ ကုဗပေ နေရာလုပ်ပေးထားတယ်။ အမြင့်ကြီး မ မနေရအောင် ကြမ်းခင်းကို နည်းနည်း နှိမ့်ပေးထားတယ်။

 

Zawgyi 

 

 

 

 

 

2021 Toyota Corolla Hatchback  မိတ္ဆက္

 

Toyota က 2021 Toyota Corolla Hatchback  ကို အထူးထုတ္  Special Edition အျဖစ္ ထုတ္လုပ္မယ္လို႔ ဆိုပါတယ္။ စီးေရ ၁၅၀၀ ကိုသာ ထုတ္လုပ္မွာ ျဖစ္ပါတယ္။ အေရာင္ကိုလည္း တျခား Corolla ေတြလို အမ်ိဳးမ်ိဳး ထုတ္မွာ မဟုတ္ဘူး။ ပုံမွာ ျမင္ရေတြ႕ရတဲ့ အသံထက္ျမန္တဲ့ အနီေရာင္ Supersonic Red တစ္မ်ိဳးတည္းျဖင့္သာ စီးေရ ၁၅၀၀ ကို ထုတ္လုပ္မွာ ျဖစ္ပါတယ္။ အဲ'ီ အနီေရာင္ ႂကြတက္ေနေအာင္ ဘီးကို သုံးေနက် chrome မဟုတ္ေတာ့ဘဲ အထူးတလည္ မည္းနက္တဲ့ 18-inch alloy wheels ေတြ တပ္ဆင္ေပးထားပါတယ္။ 

sporty style ကိုယ္လုံးကိုယ္ထည္ရဲ႕ ေအာက္မွေတာ့ အဲဒီ အထူးထုတ္က သာမန္ Corolla SE အတိုင္းပါပဲ။ အင္ဂ်င္က turbo မဟုတ္ဘူး။ ေလးဘီးယက္လည္း မဟုတ္ဘူး။ ၂ လီတာ ဆလင္ဒါေလးလုံး အင္ဂ်င္ျဖစ္ၿပီး ၁၆၈ ျမင္းေကာင္ေရ ရွိတယ္။ ေရွ႕ဘီးေတြကို ဒူးဆစ္နဲ႔ ခ်ိတ္ၿပီး ယက္ေပးတယ္။ လက္ထိုးဂီယာ ၆ ခ်က္ သုံးထားတယ္။ 

ကားေနာက္ဘက္က အသြားအလာနဲ႔ မျမင္ကြယ္ရာကို ေစာင့္ၾကည့္တဲ့စနစ္ ပါလို႔ရတယ္။ ဆိုလိုခ်င္တာက ဝယ္တဲ့သူက ေငြပိုေပးၿပီး တပ္ခိုင္းရင္ တပ္ေပးမယ္။

ေနာက္ထိုင္ခုံေတြ ေနာက္ဘက္မွာ ပစၥည္းပစၥယေတြ တင္ဖို႔ ၆ ကုဗေပ ေနရာလုပ္ေပးထားတယ္။ အျမင့္ႀကီး မ မေနရေအာင္ ၾကမ္းခင္းကို နည္းနည္း ႏွိမ့္ေပးထားတယ္။

Read times
Rate this item
(0 votes)