What's new



ကားဘက်ထရီသက်တမ်းပြည့်သုံးစွဲနိုင်ရန် လိုက်နာသင့်သည့် နည်းလမ်းကောင်းလေးများ

ကားဘက်ထရီသက်တမ်းပြည့်သုံးစွဲနိုင်ရန် လိုက်နာသင့်သည့် နည်းလမ်းကောင်းလေးများ google

ကားဘက်ထရီတစ်လုံး၏ သက်တမ်းသည် ၂ နှစ်မှ လေးနှစ်အထိ အသုံးခံပါသည်။ ချာဂျာအားသွင်းစနစ်ကောင်းမည်ဆိုလျှင် ဘက်ထရီထိန်းသိမ်းရ သက်သာပြီး သက်တမ်းလည်း ကြာကြာခံနိုင်ပါသည်။

ဘက်ထရီထိန်းသိမ်းရန် အောက်ပါ အချက်များကို ဂရုစိုက်ပြီး လုပ်ဆောင်းပေးခြင်းအားဖြင့် ဘက်ထရီသက်တမ်းပြည့် သုံးစွဲနိုင်မည်ဖြစ်ပါသည်။

 

ကားတစ်စီးတွင် အရေးပါလှသော Battery ၏ လည်ပတ်ပုံနှင့် မော်တော်ယာဉ် လျှပ်စစ်စနစ်တွင် အများဆုံး ဒုက္ခပေး သော ချာဂျင်မဝင်သည့်ပြဿနာများ *** သင်စိတ်ဝင်စားနိုင်သော ကားတစ်စီးတွင် အရေးပါလှသော Battery ၏ လည်ပတ်ပုံနှင့် မော်တော်ယာဉ် လျှပ်စစ်စနစ်တွင် အများဆုံး ဒုက္ခပေး သော ချာဂျင်မဝင်သည့်ပြဿနာများ *** 

 

ဘက်ထရီငုတ်တိုင်များ၊ ဘက်ထရီခေါင်းများ အမြဲသန့်ရှင်းနေအောင် ထားပါ။ အက်ဆစ်ကြောင့် ဘက်ထရီခေါင်းနှင့် ဘက်ထရီကြိုးထိပ်များတွင် ဆားပေါက်တတ်ပါသည်။ ဘက်ထရီဆားပေါက်လျှင် ဆော်ဒါရည်နှင့် ဆေးပါ။

ရေနွေးပူပူနှင့် လောင်းဆေးပါ။

ဘက်ထရီအိုးအတွင်း အက်ဆစ် Level မကြာခဏစစ်ဆေးပါ။ နွေရာသီများတွင် အက်ဆစ်ရည်များ ခန်းတတ်ပါသည်။ ဘက်ထရီပလိတ်ပြားများပေါ်နေအောင်အထိ အက်ဆစ်ရည် ခန်းခြောက်ခြင်းမျိုး မဖြစ်စေရန်

ဘက်ထရီမိုးရေ ထပ်ဖြည်ပေးပါ။

ဘက်ထရီအိုးခွံ ကွဲအက်ခြင်း၊ အဖုံးမလုံခြင်း၊ အက်ဆစ်ယိုစိမ့်ခြင်း ရှိ၊ မရှိစစ်ဆေးပါ။ ဘက်ထရီချာဂျင်အဝင်မှန်ပါစေ။ ချာဂျင်အမ်ပီယာ များလွန်းလျှင် ပွက်ပွက်ဆူလာတတ်ပါသည်။ ဘက်ထရီကို ချာဂျင်သွင်းသော ဗို့အားက

13.8V မှ 14.3 V ခန့်သာ ရှိသင့်ပါသည်။

နောက်ဆုံး အိမ်အပြန် ကားသိမ်းချိန်တွင် ကားမီးများ၊ ခလုတ်များ အားလုံးကို ပိတ်ပြီးမှ ကားတံခါးကို ပိတ်ပါ။ ဘက်ထရီအိုးကို ဖမ်းထိန်းထားသော ဘရတ်ကတ်များ၊ နတ် (Nut) များ တင်းကျပ်နေပါစေ။

ဘက်ထရီအခန်းတိုင်း၏ အက်ဆစ်ပြင်းအား သိပ်သည်းဆသည် တူညီနေရန် လိုပါသည်။ Cell တစ်ခန်းက အက်ဆစ်ပြင်းအားက ပျော့နေခြင်းမျိုး ဖြစ်နေ၍မရပါ။

ဘက်ထရီငုတ်နှင့် ဘက်ထရီကေဘယ်ခေါင်းများ တင်းကျပ်နေရန်လိုပါသည်။ ဘက်ထရီကြိုးတစ်စက Body Earth ကြိုးချပြီး ထိမိနေရန် လိုအပ်သကဲ့သို့ ကျန်တစ်စ (မီးကြိုး)က မိုတာဆိုလီနွိုက်ငုတ်တွင်

ထိထိမိမိတင်းကျပ်နေရန် လိုပါသည်။

ဘက်ထရီချာဂျင် ဝင်တာမှန်ရန် လုပ်ငန်းသုံးကား၊ Taxi ဆိုလျှင် လေးလတစ်ကြိမ်လောက် ဒိုင်နမိုကို စစ်ဆေးသင့်ပါသည်။ ကိုယ်ပိုင်ကားဆိုလျှင် အသုံးနည်းခြင်းကြောင့် တစ်နှစ်ခွဲ၊ ၂ နှစ်ခန့်မှ တစ်ကြိမ်ဒိုင်နမိုကို

ဆားဗစ်ဆင်လုပ်ပါ။

မိုးရေအက်ဆစ် ထပ်ထည့်စရာမလိုသော ထိန်းသိမ်းစရာမလိုသော Maintenance Free Battery တစ်မျိုးလည်း ရှိပါသည်။ ဘက်ထရီကို လက်အိတ်နှင့် ကိုင်တွယ်ပါ။ ဘက်ထရီတွင် ခဲသတ္တုအဓိကဖြစ်ခြင်းကြောင့်

ခဲဆိပ်သင့်ခြင်းကို ဂရုစိုက်ပါ။ ဘက်ထရီကိုင်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် ဆေးကြောပါ။

ဘက်ထရီအား ပြည့်/မပြည့် ဘက်ထရီကို ဝါယာကြိုးတစ်ချောင်းနှင့် ငုတ်နှစ်ငုတ်ကို ထောက်ပြီး မီးခတ်ကြည့်ခြင်းမျိုး လုံဝ မလုပ်ပါနှင့်။ ဘက်ထရီအိုး ကွဲတတ်ပါသည်။ အားသွင်းထားသော ဘက်ထရီအိုးထဲတွင်

ဟိုက်ဒရိုဂျင်ပေါက်ကွဲခြင်းဖြစ်ပြီး ဘက်ထရီအိုးပါ ပေါက်ကွဲတတ်ပါသည်။ ဘက်ထရီအိုးပေါက်ကွဲပြီး ပွင့်ထွက်သည်နှင့် အက်ဆစ်များ မျက်နှာကို စင်နိုင်ပါသည်။ အန္တရာယ်မဖြစ်အောင် သတိထားပြီး ကိုင်တွယ်ပါ။

ဘက်ထရီထိန်းသိမ်းမှုကောင်းပြီး ချာဂျင်အဝင်မှန်ပါက သင့်ကားဘက်ထရီသည် အမြဲတမ်းအသင့်အနေအထားတွင် ရှိနေမည်ဖြစ်ပါသည်။

Source:automobile

Read times
Rate this item
(2 votes)