What's new



Hyundai Myanmar မှ ပြည်တွင်းဈေးကွက်တွင် မိတ်ဆက်လိုက်သော Creta 2018

Hyundai Myanmar မှ ပြည်တွင်းဈေးကွက်တွင် မိတ်ဆက်လိုက်သော Creta 2018 google

Hyundai Myanmar မှ ၂၀၁၈ မိုဒယ် Creta ကို ပြည်တွင်း ဈေးကွက်အတွင်း မိတ်ဆက်ရောင်းချပေးနေပြီဖြစ်ကြောင်းသိရပါသည်။

၂၀၁၈ မိုဒယ် Creta သည် တောင်ကိုရီးယားနိုင်ငံရှိ Hyundai Motor Company မှ ထုတ်လုပ်ထားသည့် Compact SUV အမျိုးအစားဖြစ်ပြီး ဈေးနှုန်းသင့်တင့်၍ လောင်စာဆီ သက်သာသော

ကားအမျိုးအစားဖြစ်အောင် အသေးစား Compact ပုံစံထုတ်ထားသည်။

Compact အမျိုးအစားဖြစ်သော်လည်း အတွင်းခန်းကျယ်ဝန်းပြီး 1582 CC၊ Disel Engine၊ 6 Speed Auto Gear ဖြင့် ထုတ်လုပ်ပေးထားပါသည်။

လမ်းအကွေ့များ၌ မောင်းနှင်ရာတွင် မြင်နိုင်ရန် ခက်ခဲသော နေရာများကို ရှေ့ဘီးများ၏ အချိုးအကွေ့အလိုက် မီးအလင်းရောင် ထောက်ပံ့ပေးမည့် Static Bending Light တပ်ဆင်ထားပြီး အဖြူရောင်

LED မီများကိုလည်း အချက်ပြမီးများ အသုံးပြုပေးထားသည်။

ရှေ့မှန်၊ ဘေးမှန်နှင့် နောက်မှန်များမှာ နေအလင်းရောင်နှင့် ပြင်ပအပူဒဏ်များ ကာကွယ်ပေးမည့် မှန်များကို တပ်ဆင်ထားသည်။

Projector Headlamp၊ LED Positioning မီးလုံးများတပ်ဆင်ထားပြီး Fog Lamp မီးကို အောက်ဘက်နှိမ့်၍ တပ်ဆင်ပေးထားသည်။

သာမန်ထက် ထူးခြားသော Supervision Cluster ဒိုင်ခွက်နှင့် ဇိမ်ခံကား တစ်စီးပုံစံ ဖန်တီးထားပြီး Audio System တွင် iPod နှင့် USB Port ပါဝင်သော Device များ ချိတ်ဆက်နိုင်ကာ မိုဘိုင်းဖုန်းများနှင့်လည်း

Music Player ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။

စီးနင်းသူလုံခြုံရေးအတွက် အသက်ကယ်လေအိတ် ခြောက်လုံးပါဝင်ပြီး သာမန် Steel ထက် ခိုင်ခံ့သော Steel ကို ကားကိုယ်ထည်၏ အဓိကအပိုင်းများတွင် အသုံးပြုထားသလို ရုတ်တရက် ဘရိတ်ဖမ်းချိန်တွင်

ဘီးကို တည်ငြိမ်အောင်ထိန်းပေးသော Anti-Lock ဘရိတ်စနစ်လည်း ပါဝင်သည်။

 

ဂျပန်နိုင်ငံတွင် Nissan Leaf အစီးရေ တစ်သိန်းရောင်းချရသည့် အထိမ်းအမှတ်အဖြစ် အမိုးဖွင့် Leaf ကားထုတ်လုပ်မည် *** သင်စိတ်ဝင်စားနိုင်သော ဂျပန်နိုင်ငံတွင် Nissan Leaf အစီးရေ တစ်သိန်းရောင်းချရသည့် အထိမ်းအမှတ်အဖြစ် အမိုးဖွင့် Leaf ကားထုတ်လုပ်မည် *** 

 

Hyundai Creta ၂၀၁၈ မိုဒယ်ကို အမေရိကန်ဒေါ်လာ ၃၄၃၀၀ ဖြင့် ဝယ်ယူနိုင်ပြီး သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်း အာမခံဖြင့် ရောင်းချပေးနေကာ အရစ်ကျစနစ်ဖြင့်လည်း ဝယ်ယူနိုင်ကြောင်း သိရပါသည်။

Source:automobile

Read times
Rate this item
(1 Vote)