What's new



မြန်မာနိုင်ငံတွင် အဆင့်မြင့်ဈေးကား (Mobile Mart) များ ထုတ်လုပ်မည်

မြန်မာနိုင်ငံတွင် အဆင့်မြင့်ဈေးကား (Mobile Mart) များ ထုတ်လုပ်မည် google

စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သည့်ထုတ်ကုန်များကို လှည့်လည်ရောင်းချရန်အတွက် အဆင့်မြင့်ဈေးကား (Mobile Mart) များထုတ်လုပ်မည်ဖြစ်ကြောင်း

စက်မှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းမှ ပြောကြားခဲ့ပါသည်။

 

AAA 0010 *** သင်စိတ်ဝင်စားနိုင်သော သင်္ကြန်အတွင်း အရက်သေစာသောက်စားပြီး ယာဉ်မောင်းနှင်ပါက ထောင်ဒဏ်တစ်လ ချမှတ်သွားမည် *** 

 

ယခင်အချိန်ခန့်က နေရာအနှံ့တွင် ဝင်သူဇာဆိုင်များ ဖွင့်ထားသော်လည်း ယခုအခါ ဝင်သူဇာဆိုင်များမရှိတော့သဖြင့် စက်မှုထုတ်ကုန်များကို ပြန့်ပြန့်နှံ့နှံ့ သိစေရန် မြို့ရွာများအလိုက်

ဈေးများတွင်လည်း ရပ်ပြီးရောင်၍ ရစေရန် အဆင့်မြင့်ဈေးကားများကို ထုတ်လုပ်ခြင်းဖြစ်ပါသည်။

စက်မှုထုတ်ကုန်များကို အများနှင့်ယူချင်သည်ဆိုပါက သက်ဆိုင်ရာအရောင်းဌာနများက ကြီးကြပ်ပြီး စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

ကားတွင်လည်း ဆက်သွယ်၍ရနိုင်မည့် လွယ်ကူစွာမှတ်နိုင်မည့် ဖုန်းနံပါတ်များကို ရေးသားထားကြောင်းသိရပါသည်။

လက်ရှိအချိန်တွင် အဆင့်မြင့်ဈေးကား တစ်စီးထုတ်လုပ်ထားပြီးဖြစ်ကာ နေပြည်တော်၌ စတင်ရောင်းချနေပြီဖြစ်ကြောင်း သိရပါသည်။

ထပ်မံ၍ နှစ်စီးထုတ်လုပ်သွားမည်ဖြစ်ပြီး ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့နယ်၊ ကျေးရွာများအထိ သွားရောက်ကာထုတ်ကုန်များ ရောင်းချသွားမည်ဖြစ်ကြောင်း သိရပါသည်။

အဆင့်မြင့်ဈေးကား (Mobile Mart) တွင် ဈေးကားအမျိုးမျိုး၊ အဝတ်အထည်နှင့် အိပ်ယာခင်းအမျိုးမျိုး၊ အိမ်သုံးစတီးပစ္စည်းအမျိုးမျိုး၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သော

ဘိလပ်မြေ၊ ကြွေပြားနှင့် မှန်အမျိုးအမျိုးမှ ဆိုလာနှင် LED ပစ္စည်းများအထိ စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သော လူသုံးကုန်ပစ္စည်းအမျိုးမျိုးပါဝင်မည်ဖြစ်ပြီး လူစည်ကားရာ ဈေးများ၊

ရုံးဌာနများ၊ ပွဲတော်များသို့ လှည့်လည်ရောင်းချဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

Source:pyi myanmar

Read times
Rate this item
(1 Vote)