What's new



သင်သိထားသင့်သော မော်တော်ယာဉ်ဥပဒေ

သင်သိထားသင့်သော မော်တော်ယာဉ်ဥပဒေ google

၂၀၁၅ ခုနှစ်မော်တော်ယာဉ်ဥပဒေအရ အောက်ပါအတိုင်း စစ်ဆေး အရေးယူ ဆောင်ရွက်နေပါသည်။

၁။ ပုဒ်မ-၄၅(က) -- မော်တော်ယာဉ် မှတ်ပုံတင်မထားခြင်း။

၂။ ပုဒ်မ-၄၅(ခ) --- အဝိုင်းသတ်တမ်းကုန်၊ သိမ်းဆည်းခံ၊ ရပ်စဲခံ၊ မပြခြင်း။

၃။ ပုဒ်မ-၄၅(ဂ) --- အုံနာဘုတ်ဖျက်သိမ်းခံ၊ သက်တမ်းကုန်ခြင်း။

၎။ ပုဒ်မ-၄၆ ------- ယာဉ်အာမခံ မထားခြင်း။

 

Free Shipping Car Engine Tester Diagnostic Tool Automotive Mechanic Stethoscope Engine Cylinder Noise Tester Detector *** သင်စိတ်ဝင်စားနိုင်သော ကားအင်ဂျင်သံ ထွက်ရသည့်အကြောင်းအရင်း ***

၅။ ပုဒ်မ-၄၇(က) -- ယာဉ်မောင်း လိုင်စင်မပါ။

၆။ ပုဒ်မ-၄၇(ခ) --- ယာဉ်မောင်း လိုင်စင်မရှိခြင်း။

၇။ ပုဒ်မ-၄၇(ဂ) --- ယာဉ်ပိုင်ရှင်မှ ယာဉ်မောင်းလိုင်စင် မရှိသူအား မောင်းခိုင်းခြင်း။

၈။ ပုဒ်မ-၄၈ ------- သတ်မှတ်လိုင်စင်ဖြင့် မမောင်းခြင်း။

၉။ ပုဒ်မ-၄၉(က) -- သတ်မှတ်အမြန်နှုန်း ထက်ပိုမောင်း၊ လျော့မောင်းခြင်း။

၁၀။ ပုဒ်မ-၄၉(ခ) -- အန္တရာယ်ဖြစ်စေသော ယာဉ်ကိုမောင်းခြင်း။

၁၁။ ပုဒ်မ-၄၉(ဂ) -- အရက်၊ မူးယစ်ဆေးဝါးသုံးစွဲပြီး မောင်းနှင်ခြင်း။

၁၂။ ပုဒ်မ-၅၀(ခ) -- လိုင်စင်မရှိဘဲပြုပြင်လုပ်ငန်း လုပ်ကိုင်ခြင်း။

၁၃။ ပုဒ်မ-၅၃(က) - နံပါတ်ပြား မထင်ရှားအောင်ပြုလုပ်ခြင်း။

၁၄။ ပုဒ်မ-၅၃(ခ) -- နံပါတ်ပြား အတုလုပ်ငန်း။

၁၅။ ပုဒ်မ-၅၃(ဂ) -- နံပါတ်ပြားအတု တပ်ဆင်မောင်းနှင်ခြင်း။

၁၆။ ပုဒ်မ-၅၄(က) - စပယ်ယာလိုင်စင်မပါဘဲ စပယ်ယာလုပ်ခြင်း။

၁၇။ ပုဒ်မ-၅၄(ခ) -- ယာဉ်မောင်းရန် မသင့်လျော်သော အခြေအနေတွင်မောင်းခြင်း။

၁၈။ ပုဒ်မ-၅၄(ဂ) -- ကုန်ပိုတင်ခြင်း။

၁၉။ ပုဒ်မ-၅၄(ဃ) - ဆိုင်ကယ်ဦးထုပ် မဆောင်း၊ မေးသိုင်းကြိုး မတပ်ခြင်း။

၂၀။ ပုဒ်မ-၅၄(င) -- ထိုင်ခုံခါးပတ် မတပ်ခြင်း။

၂၁။ ပုဒ်မ-၅၄(စ) -- လမ်းကူးသူဆိုင်ရာ နေရာများတွင် စည်းကမ်း မလိုက်နာခြင်း။

၂၂။ ပုဒ်မ-၅၄(ဆ) - ယာဉ်အမျိုးအမည်၊ ရုပ်၊ စက်၊ အဝိုင်း ပြုပြင်ပြောင်းလဲခြင်း။

၂၃။ ပုဒ်မ-၅၄(ဇ) -- ဆိုင်ကယ်နောက်ကြည့်မှန်မပါ ပါဝါအိပ်ဇော တပ်ခြင်း။

၂၄။ ပုဒ်မ-၅၆ ------ ဌာနတံဆိပ်၊ စာရွက်စာတမ်းအား မသက်ဆိုင်သော ယာဉ်တွင်သုံးစွဲခြင်း။

၂၅။ ပုဒ်မ-၅၇ ------ အခြားသူ၏ ယာဉ်မောင်းလိုင်စင်၊ စပယ်ယာလိုင်စင် အားအသုံးပြုခြင်း။

၂၆။ ပုဒ်မ-၇၅ ------ နည်းဥပဒေပါပြဌာန်းချက် ဖောက်ဖျက် ကျူးလွန်ခြင်း။

ယာဉ်စည်းကမ်း လမ်းစည်းကမ်း ချိုးဖောက်သည့် ယာဉ်များအား ဥပဒေအရ တရားစွဲအရေးယူနေခြင်း ဖြစ်ပါသည်။

သို့ဖြစ်၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဖောက်ဖျက်သည့် ယာဉ်မောင်းများ အနေဖြင့် သက်ဆိုင်ရာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း မော်တော်ယာဉ်တရားရုံး၌သာ ဒဏ်ကြေး ပေးဆောင်ရမည်

ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Source:car lover

Read times
Rate this item
(2 votes)