What's new



ရန်ကုန်လိုင်စင် ပြန်လည်ခွင့်ပြုပေးမည့်ခွဲတမ်းတွင် ရန်ကုန်လိပ်စာပြောင်းမည့် နယ်လိုင်စင်ကားများအတွက် မပါဝင်သေးကြောင်း

ရန်ကုန်လိုင်စင် ပြန်လည်ခွင့်ပြုပေးမည့်ခွဲတမ်းတွင် ရန်ကုန်လိပ်စာပြောင်းမည့် နယ်လိုင်စင်ကားများအတွက် မပါဝင်သေးကြောင်း google

ရန်ကုန်လိုင်စင် ပြန်လည်ခွင့်ပြုပေးရာတွင် ရန်ကုန်လိပ်စာပြောင်းမည့် နယ်လိုင်စင် ကားများအတွက် ခွဲတမ်းမပါဝင်သေးကြောင်း

မော်တော်ယာဉ်အသုံးပြုခွင့် လတ်မှတ်ထုတ်ပေးမှု ကြီကြပ်ရေးအဖွဲ့မှ သိရပါသည်။

YVQC စနစ်ဖြင့် ရန်ကုန်လိုင်စင် ပြန်လည်ခွင့်ပြုပေးရာတွင် ပြည်ပမှ ဝင်ရောက်လာမည့် လူစီးကားများ လုပ်ငန်းသုံးယာဉ်များ၊ ယန္တရားများ၊ မီးသတ်ယာဉ်များ၊ လူနာတင်ယာဉ်များ၊ နိဗ္ဗာန်ယာဉ်များ၊

သာသနာရေးဆိုင်ရာယာဉ်များ၊ ခရီးသည်တင်ယာဉ်များနှင့် ပြည်တွင်းထုတ်ကားများအတွက်သာ ဦးစားပေး ခွင့်ပြုပေးမည်ဖြစ်သည်။

*** သင်စိတ်ဝင်စားနိုင်သော အထက်မြင့်ကားပါကင်များ ပေါ်ပေါက်လာပုံအကြောင်း သိကောင်းစရာ ***

ရန်ကုန်လိုင်စင်အဝင်လိပ်စာ ပြောင်းမည့်နယ်လိုင်စင်ကားများကိုမူ တိုးပွားလာမည့် ကားအစီးရေအပေါ် မူတည်ပြီးမှသာ ခွဲတမ်းတစ်ခု သတ်မှတ်ပြီး ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရပါသည်။

YVQC စနစ် စစချင်းတွင် ရန်ကုန်လိုင်စင်ပြောင်းမည့် နယ်လိုင်စင်ကားများအတွက် ခွဲတမ်းမပါသေးကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် လက်ခံ၍ရမည့် ကားအစီးရေကို ချင့်ချိန်ပြီးမှသာ

ခွင့်ပြုပေးရန်ရှိကြောင်း၊ ရန်ကုန်အဝင်လိပ်စာပြောင်းကိစ္စက ယခုနှစ်ထဲတွင် ဆောင်ရွက်ပေးရန်အခြေအနေနည်းကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ သိရပါသည်။

ရန်ကုန်အဝင်လိပ်စာပြောင်းမည့် နယ်လိုင်စင်ကားများကို ခွဲတမ်းတစ်ခုထားပြီး ခွင့်ပြုပေးမည်ဆိုပါက မိုဒယ်သတ်မှတ်ချက်နှင့် အရေအတွက်အပေါ်မူတည်ပြီး ခွင့်ပြုပေးမည်ဖြစ်ပါသည်။

ထိုသို့ ရန်ကုန်လိပ်စာ ပြောင်းခွင့်ပြုရာတွင်လည်း လက်ရှိ ကားတင်သွင်းခွင့်မူဝါဒနှုင့် ကိုက်ညီမှုရှိစေရန်အတွက် ၂၀၁၄ မိုဒယ်နှင့်အထက် ဘယ်မောင်းကားများသာ ခွင့်ပြုပေးဖွယ်ရှိကြောင်းလည်း သိရပါသည်။

Source:automobile

Read times
Rate this item
(0 votes)