What's new



သက်တမ်းနှစ်နှစ်ဆယ်နှင့်အထက်ကားများကို နှစ်လဲမှတ်ပုံတင်ကြေး တိုးမြှင့်ရန် စီစဉ်နေ

သက်တမ်းနှစ်နှစ်ဆယ်နှင့်အထက်ကားများကို နှစ်လဲမှတ်ပုံတင်ကြေး တိုးမြှင့်ရန် စီစဉ်နေ google

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သက်တမ်းနှစ် နှစ်ဆယ်နှင့်အထက်ကားများကို နှစ်လဲ မှတ်ပုံတင်ကြေး တိုးမြှင့်ကောက်ခံရန် စီစဉ်နေကြောင်း

ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် အသုံးပြုခွင့် လက်မှတ်ထုတ်ပေးမှု ကြီးကြပ်ရေးအဖွဲ့မှ သိရပါသည်။

*** သင်စိတ်ဝင်စားနိုင်သော ကားအင်ဂျင်ရေဆူခြင်းကြောင့် ဖြစ်လာနိုင်သော ဆိုးကျိုးများ၊ အင်ဂျင်အအေးခံစနစ်နှင့် ပြုပြင်ထိန်းသိမ်းခြင်း ***

YVQC စနစ် ကျင့်သုံးမည်ဆိုပါက အရည်ကျိုအပ်ကားစာရင်းဝင်နေသည့် ထုတ်လုပ်သက်သမ်းနှစ် နှစ်ဆယ်နှင့်အထက် ကားများကို နှစ်လဲမှတ်ပုံတင်ကြေး ထပ်ဆောင်းတိုးမြှင့်ကောက်ခံမည်

ဖြစ်သည်။

သက်တမ်းနှစ် နှစ်ဆယ်ပြည့် ကားများကို မှတ်ပုံတင်ကြေး တိုးမြှင့်ကောက်ခံရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်ပင်ဆွေးနွေးပါသည်။

အမှန်တကယ် တိုးမြှင့်ကောက်ခံမည်ဆိုလျှင် ဝန်ကြီးဌာနမှ တစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြပြီး ခွင့်ပြုချက်ရယူရမည်ဖြစ်ပါသည်။

သက်တမ်းနှစ် နှစ်ဆယ်ကျော်ကားများကို အခွန်တိုးမြှင့်ကောက်ခံရန် ကိစ္စမှာ တစ်နိုင်ငံလုံးဖြင့် သက်ဆိုင်နေသည့်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ရရှိမှသာ

  ဆောင်ရွက်ရမည်ဖြစ်ကြောင်းကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြားခဲ့ပါသည်။

ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်လုပ်သက်တမ်းနှစ် နှစ်ဆယ်နှင့်အထက် ကားစာရင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ပေးပို့ထားရာတွင် လူစီးယာဉ် အစီးရေ ၂၃၂၄၀ နှင့်

တက္ကစီ ၂၆၇၆ စီး ရှိကြောင်း သိရပါသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ကလည်း ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် သက်တမ်းနှစ် နှစ်ဆယ်နှင့် အထက် YBS ဘတ်စ်များကို အချိန်ကာလတစ်ခု

နောက်ဆုံးထားသတ်မှတ်ပြီး အပ်နှံရမည် ဖြစ်ကြောင်းလည်း ညွှန်ကြားထားကြောင်း သိရပါသည်။

Source:automobile

Read times
Rate this item
(1 Vote)