What's new



Automated Parking System ေပၚေပါက္လာပံုအေၾကာင္း သိေကာင္းစရာ (Zawgyi – Unicode)

Automated Parking System ေပၚေပါက္လာပံုအေၾကာင္း သိေကာင္းစရာ (Zawgyi – Unicode) google

အလိုအေလ်ာက္ ကားပါကင္စနစ္ (automated parking system) ဆိုသည္မွာ ကားရပ္နားရန္အတြက္ လုိအပ္ေသာ ေနရာပမာဏကုိ ခ်ံဳ႕ေပးလုိက္ေသာ

စက္ယႏၱရားသံုးစနစ္ကုိ ေခၚျခင္းျဖစ္ပါသည္။

အထပ္ျမင့္ကားပါကင္ဆန္ဆန္ APS စနစ္က ကားမ်ားကို အဆင့္ဆင့္ ေဒါင္လုိက္စီထည့္ၿပီး ေျမေနရာ နည္းနည္းတြင္ ကားပမာဏမ်ားမ်ားရပ္နားေစႏိုင္မည့္ စနစ္စတစ္ခုျဖစ္ပါသည္။

*** သင္စိတ္ဝင္စားႏုိင္ေသာ ဝင္ေငြခြန္ႏႈန္းထားမ်ား ေျပာင္းလဲေကာက္ခံမႈကို အတည္ျပဳရန္ အတြက္ အခြန္ဥပေဒမူၾကမ္းပါအခ်က္မ်ားကို ေဆြးေႏြး ***

အလိုအေလ်ာက္ ကားပင့္စက္မ်ားသံုးၿပီး ယာဥ္ေမာင္းမလိုအပ္ပဲ ကားအတင္/အခ် လုပ္ေပးမည္ျဖစ္၍ ကားပါကင္ထိုးျခင္း စနစ္က်သည့္အတြက္ အထပ္ျမင့္ကားပါကင္မ်ားတြင္ ေနရာအလဟႆ ျဖစ္ရျခင္းမ်ိဳးမ်ားကို

ေလွ်ာ့ခ်ေပးႏုိင္ပါသည္။

APS စနစ္၏ အေစာဆံုးႏွင့္ အသံုးအမ်ားဆံုး အမ်ိဳးအစားမွာ Paternoster ျဖစ္ပါသည္။

APS စနစ္ကို Automated Parking Facility (APF)၊ Automated Vehicle Storage and Retrieval System (AVSRS)၊ Mechanical Packing၊ Robotic Parking Garage အစရွိသျဖင့္လည္း နာမည္အမ်ိဳးမ်ိဳးျဖင့္

ေခၚေဝၚပါေသးသည္။

ကားပါကင္လုိအပ္မႈႏွင့္ ေျမေနရာရွားပါမႈတို႔က APS စနစ္စတင္ေပၚေပါက္လာေစရန္ လမ္းစျဖစ္ခဲ့ပါသည္။

ပထမဦးဆံုး APS စနစ္ကို ၁၉၀၅ ခုႏွစ္တြင္ ျပင္သစ္ႏုိင္ငံ၊ ပါရီၿမိဳ႕က Rue de Ponthieu ကာဂိုေဒါင္တြင္ စတင္အသံုးျပဳခဲ့ပါသည္။

အထပ္ျမင့္ကြန္ကရစ္ အေဆာက္အအံုထဲတြင္ ကားမ်ားကုိ ဓာတ္ေလွကားတစ္ခုႏွစ္ အထပ္ျမင့္မားဆီပို႔ေပးၿပီး ဝန္ထမ္းမ်ားက ပါကင္ထိုးေပးေသာစနစ္ ျဖစ္ပါသည္။

၁၉၂၀ ျပည့္လြန္ႏွစ္မ်ားတြင္ ပံုမွန္ဆိုလွ်င္ ကားႏွစ္စီးသာ ရပ္နားႏုိင္ေသာ ေျမျပင္အက်ယ္အဝန္းတြင္ ကားရွစ္စီးအထိ ရပ္နားႏုိင္ေသာ Paternoster စနစ္ေခၚခ်ားရဟတ္ပံုစံ APS စနစ္ ေခတ္စားလာပါသည္။

အေမရိကန္ျပည္ေထာင္စုတြင္ ၁၉၄၀ ျပည့္လြန္ႏွစ္ေနာက္ပိုင္းႏွင့္ ၁၉၅၀ ျပည့္လြန္ႏွစ္မ်ားတြင္ APS စနစ္ကို စိတ္ဝင္စားမႈျမင့္တက္ခဲ့ၿပီး Bowser၊ Pigeon Hole ႏွင့္ Roto Park စနစ္မ်ား အသံုးျပဳခဲ့ပါသည္။

ကားပိုင္ရွင္မ်ားအေနျဖင့္ ပါကင္ေနရာမွ မိမိကား ျပန္လည္ရယူရန္အတြက္ အခ်ိန္ၾကာျမင့္မငႏွင့္ စက္မႈပုိင္းဆုိင္ရာျပႆနာတစ္ခ်ိဳ႕ေၾကာင့္ APS စန္ကို အေမရိကန္ျပည္ေထာင္စုတြင္ လူႀကိဳက္မ်ားမႈ ယုတ္ေလ်ာ့

လာေသာ္လည္း ၁၉၉၀ ျပည့္လြန္ႏွစ္မ်ားခန္႔က စတင္ၿပီး တစ္ဖန္ျပန္လည္ ေခတ္စားလာခဲ့ပါသည္။

ဂ်ပန္ႏုိင္ငံတြင္ ၂၀၁၂ ခုႏွစ္တြင္ APS ကားပါကင္ေပါင္း ၁ ဒသမ ၆ သန္းခန္႔ ရွိလာပါသည္။

လက္ရွိ ဥေရာပအႀကီးဆံုး APS ကား ပါကင္ႀကီးကို ဒိန္းမတ္ႏိုင္ငံ၊ Aarhus ၿမိဳ႕တြင္ ေတြ႔ျမင္ႏုိင္ၿပီး Car Lift အေရအတြက္ ႏွစ္ဆယ္ကို အသံုးျပဳထားသကဲ့သို႔ ကားအစီးအေရအတြက္တစ္ေထာင္အတြက္

ကားပါကင္ေနရာ ေပးႏုိင္ပါသည္။

APS စနစ္တြင္ အျပည့္အဝအလိုအေလ်ာက္စနစ္ႏွင့္ တစ္စိတ္တစ္ပိုင္း အလုိအေလ်ာက္စနစ္ဆိုၿပီး ႏွစ္မ်ိဳးရွိပါသည္။

မည္သည့္စနစ္ျဖစ္ျဖစ္ ဝင္ေပါက္အထိ ေမာင္းေပးၿပီးမွ ယာဥ္ေမာင္းအပါအဝင္ လူအားလံုး ကားေပၚမွ ဆင္းရျခင္းျဖစ္ပါသည္။

ထို႔ေနာက္ ကားထည့္မည့္ေနရာကို အလိုအေလ်ာက္စနစ္၊ သို႔မဟုတ္ လူအကူအညီႏွင့္ ကားသြင္းရပါသည္။

APS စနစ္သံုး ကားပါကင္တြင္ ယာဥ္ေမာင္းက ကိုယ္တုိင္ကားေမာင္းရန္မလိုသည့္အတြက္ ကားသြားလမ္းမလိုအပ္သကဲ့သို႔ ကားတံခါးဖြင့္ရန္ ေနရာခ်န္ရန္လည္း မလိုအပ္ေပ။

လူသြားလမ္းမလိုဘဲ ကားအတြက္ေနရာသာ လုိအပ္ေသာေၾကာင့္ ေနရာစားသက္သာသြားပါသည္။

ကားပတ္ေမာင္းၿပီး ကားရပ္ရန္ ေနရာရွာရသည့္ ဒုကၡလည္း လြတ္ကင္းသြားသည့္အတြက္ ညစ္ညမ္းဓာတ္ေငြ႕ ထုတ္လႊတ္မႈကိုလည္း ေလွ်ာ့ခ်ထားၿပီးသားျဖစ္သြားပါသည္။

ေရွာ့ပင္းေမာလ္မ်ား၊ မီးရထားဘူတာမ်ား၊ ရုပ္ရွင္ရံုမ်ား၊ အားကစားကြင္းမ်ားကဲ့သို႔ လူထူထပ္ေသာေနရာမ်ားတြင္ စက္ယႏၱရားစနစ္ အသံုးျပဳေသာ APS ကားပါကင္စနစ္က အခက္အခဲျဖစ္ေစႏိုင္ပါသည္။

Source:automobile


(Unicode)

Automated Parking System ပေါ်ပေါက်လာပုံအကြောင်း သိကောင်းစရာ (Zawgyi – Unicode)

အလိုအလျောက် ကားပါကင်စနစ် (automated parking system) ဆိုသည်မှာ ကားရပ်နားရန်အတွက် လိုအပ်သော နေရာပမာဏကို ချုံ့ပေးလိုက်သော စက်ယန္တရားသုံးစနစ်ကို ခေါ်ခြင်းဖြစ်ပါသည်။

အထပ်မြင့်ကားပါကင်ဆန်ဆန် APS စနစ်က ကားများကို အဆင့်ဆင့် ဒေါင်လိုက်စီထည့်ပြီး မြေနေရာ နည်းနည်းတွင် ကားပမာဏများများရပ်နားစေနိုင်မည့် စနစ်စတစ်ခုဖြစ်ပါသည်။

*** သင်စိတ်ဝင်စားနိုင်သော ဝင်ငွေခွန်နှုန်းထားများ ပြောင်းလဲကောက်ခံမှုကို အတည်ပြုရန် အတွက် အခွန်ဥပဒေမူကြမ်းပါအချက်များကို ဆွေးနွေး ***

အလိုအလျောက် ကားပင့်စက်များသုံးပြီး ယာဉ်မောင်းမလိုအပ်ပဲ ကားအတင်/အချ လုပ်ပေးမည်ဖြစ်၍ ကားပါကင်ထိုးခြင်း စနစ်ကျသည့်အတွက် အထပ်မြင့်ကားပါကင်များတွင် နေရာအလဟဿ ဖြစ်ရခြင်းမျိုးများကို

လျှော့ချပေးနိုင်ပါသည်။

APS စနစ်၏ အစောဆုံးနှင့် အသုံးအများဆုံး အမျိုးအစားမှာ Paternoster ဖြစ်ပါသည်။

APS စနစ်ကို Automated Parking Facility (APF)၊ Automated Vehicle Storage and Retrieval System (AVSRS)၊ Mechanical Packing၊ Robotic Parking Garage အစရှိသဖြင့်လည်း နာမည်အမျိုးမျိုးဖြင့်

ခေါ်ဝေါ်ပါသေးသည်။

ကားပါကင်လိုအပ်မှုနှင့် မြေနေရာရှားပါမှုတို့က APS စနစ်စတင်ပေါ်ပေါက်လာစေရန် လမ်းစဖြစ်ခဲ့ပါသည်။

ပထမဦးဆုံး APS စနစ်ကို ၁၉၀၅ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့က Rue de Ponthieu ကာဂိုဒေါင်တွင် စတင်အသုံးပြုခဲ့ပါသည်။

အထပ်မြင့်ကွန်ကရစ် အဆောက်အအုံထဲတွင် ကားများကို ဓာတ်လှေကားတစ်ခုနှစ် အထပ်မြင့်မားဆီပို့ပေးပြီး ဝန်ထမ်းများက ပါကင်ထိုးပေးသောစနစ် ဖြစ်ပါသည်။

၁၉၂၀ ပြည့်လွန်နှစ်များတွင် ပုံမှန်ဆိုလျှင် ကားနှစ်စီးသာ ရပ်နားနိုင်သော မြေပြင်အကျယ်အဝန်းတွင် ကားရှစ်စီးအထိ ရပ်နားနိုင်သော Paternoster စနစ်ခေါ်ချားရဟတ်ပုံစံ APS စနစ် ခေတ်စားလာပါသည်။

အမေရိကန်ပြည်ထောင်စုတွင် ၁၉၄၀ ပြည့်လွန်နှစ်နောက်ပိုင်းနှင့် ၁၉၅၀ ပြည့်လွန်နှစ်များတွင် APS စနစ်ကို စိတ်ဝင်စားမှုမြင့်တက်ခဲ့ပြီး Bowser၊ Pigeon Hole နှင့် Roto Park စနစ်များ အသုံးပြုခဲ့ပါသည်။

ကားပိုင်ရှင်များအနေဖြင့် ပါကင်နေရာမှ မိမိကား ပြန်လည်ရယူရန်အတွက် အချိန်ကြာမြင့်မငနှင့် စက်မှုပိုင်းဆိုင်ရာပြဿနာတစ်ချို့ကြောင့် APS စန်ကို အမေရိကန်ပြည်ထောင်စုတွင် လူကြိုက်များမှု ယုတ်လျော့လာ

သော်လည်း ၁၉၉၀ ပြည့်လွန်နှစ်များခန့်က စတင်ပြီး တစ်ဖန်ပြန်လည် ခေတ်စားလာခဲ့ပါသည်။

ဂျပန်နိုင်ငံတွင် ၂၀၁၂ ခုနှစ်တွင် APS ကားပါကင်ပေါင်း ၁ ဒသမ ၆ သန်းခန့် ရှိလာပါသည်။

လက်ရှိ ဥရောပအကြီးဆုံး APS ကား ပါကင်ကြီးကို ဒိန်းမတ်နိုင်ငံ၊ Aarhus မြို့တွင် တွေ့မြင်နိုင်ပြီး Car Lift အရေအတွက် နှစ်ဆယ်ကို အသုံးပြုထားသကဲ့သို့ ကားအစီးအရေအတွက်တစ်ထောင်အတွက် ကားပါကင်နေရာ

ပေးနိုင်ပါသည်။

APS စနစ်တွင် အပြည့်အဝအလိုအလျောက်စနစ်နှင့် တစ်စိတ်တစ်ပိုင်း အလိုအလျောက်စနစ်ဆိုပြီး နှစ်မျိုးရှိပါသည်။

မည်သည့်စနစ်ဖြစ်ဖြစ် ဝင်ပေါက်အထိ မောင်းပေးပြီးမှ ယာဉ်မောင်းအပါအဝင် လူအားလုံး ကားပေါ်မှ ဆင်းရခြင်းဖြစ်ပါသည်။

ထို့နောက် ကားထည့်မည့်နေရာကို အလိုအလျောက်စနစ်၊ သို့မဟုတ် လူအကူအညီနှင့် ကားသွင်းရပါသည်။

APS စနစ်သုံး ကားပါကင်တွင် ယာဉ်မောင်းက ကိုယ်တိုင်ကားမောင်းရန်မလိုသည့်အတွက် ကားသွားလမ်းမလိုအပ်သကဲ့သို့ ကားတံခါးဖွင့်ရန် နေရာချန်ရန်လည်း မလိုအပ်ပေ။

လူသွားလမ်းမလိုဘဲ ကားအတွက်နေရာသာ လိုအပ်သောကြောင့် နေရာစားသက်သာသွားပါသည်။

ကားပတ်မောင်းပြီး ကားရပ်ရန် နေရာရှာရသည့် ဒုက္ခလည်း လွတ်ကင်းသွားသည့်အတွက် ညစ်ညမ်းဓာတ်ငွေ့ ထုတ်လွှတ်မှုကိုလည်း လျှော့ချထားပြီးသားဖြစ်သွားပါသည်။

ရှော့ပင်းမောလ်များ၊ မီးရထားဘူတာများ၊ ရုပ်ရှင်ရုံများ၊ အားကစားကွင်းများကဲ့သို့ လူထူထပ်သောနေရာများတွင် စက်ယန္တရားစနစ် အသုံးပြုသော APS ကားပါကင်စနစ်က အခက်အခဲဖြစ်စေနိုင်ပါသည်။

Source:automobile

Read times
Rate this item
(0 votes)