What's new



ကားတြင္ပါဝင္ေသာ TRC system ႏွင့္ CTBA system တို႔၏ အသံုးဝင္ပံု (Zawgyi – Unicode)

ကားတြင္ပါဝင္ေသာ TRC system ႏွင့္ CTBA system တို႔၏ အသံုးဝင္ပံု (Zawgyi – Unicode) google

TRC system ( Traction Control System ) ဆိုသည္မွာ လမ္းေခ်ာ္လွ်င္ ထိန္းသိမ္းေပးေသာစနစ္ျဖစ္ပါသည္။

ထုိခလုတ္ကို မလိုအပ္ဘဲ ပိတ္မထားသင့္ေပ။ အဘယ္ေၾကာင့္ဆိုေသာ္ ထုိခလုတ္ပိတ္ထားပါက လမ္းေခ်ာ္လွ်င္ထိန္းသိမ္းေပးေသာစနစ္အလုပ္မလုပ္ေသာေၾကာင့္ျဖစ္သည္။

***သင္စိတ္ဝင္စားႏုိင္ေသာ ေစ်းကြက္အေျပာင္းအလဲကုိ ေစာင့္ၾကည့္ေနေသာေၾကာင့္ အေရာင္းအဝယ္ၿငိမ္သက္ေနဆဲျဖစ္ေသာ ကားေစ်းကြက္ႏွင့္ ကားေစ်းႏႈန္းမ်ား ***

ထုိခလုတ္ကုိပိတ္ထားလွ်င္ စက္ႏိုးၿပီးေနာက္ အခ်က္ျပမီးဝါးေလး ဆက္လင္းေနမည္ျဖစ္ၿပီး ပံုမွန္ဖြင့္ထားေသာ အေနအထားတြင္ စက္ႏိုးၿပီးသည္ႏွင့္ ၿငိမ္းသြားပါသည္။

ထို TRC ခလုတ္ကို ပိတ္မထားဘဲ မီးလင္းလာပါက ကားဘီးမ်ား ေခ်ာ္ေနသည့္အေၾကာင္း အသိေပးျခင္း ျဖစ္ပါသည္။

ကားေမာင္းေနစဥ္အေကြ႕မ်ားတြင္ တခ်က္ခ်က္ လင္းလာျခင္းသည္ TRC ေကာင္းမြန္စြာ အလုပ္လုပ္ေနေၾကာင္းႏွင့္ လမ္းေခ်ာ္ေနေၾကာင္း အသိေပးျခင္းျဖစ္ပါသည္။

ထိုမီးလင္းလာသည့္အခါ လမ္းေခ်ာ္ေနျခင္းျဖစ္ေသာေၾကာင့္ ကားေမာင္းသူမွ သတိထားၿပီး ေမာင္းႏွင္ရန္လိုအပ္ပါသည္။

TRC ခလုတ္ကို ဖြင့္ထား၍ စက္ႏိႈးၿပိးေနာက္ သို႔မဟုတ္ ေမာင္းေနခ်ိန္တြင္ အခ်ိန္အၾကာႀကီး TRC မီးလင္းေနပါက စစ္ေဆးျပဳျပင္သင့္ပါသည္။

CTBA သည္ ေမာ္ေတာ္ယာဥ္အား ျမန္ႏႈန္းနိမ့္ေမာင္းႏွင္ေနစဥ္တြင္ ယာဥ္မေတာ္တဆမႈကို ေရွာင္ရွာရန္ (သို႔မဟုတ္) ေလ်ာ့ပါးႏုိင္ေစရန္ ကူညီဖို႔ အထူးျပဳလုပ္ထားျခင္း ျဖစ္ပါသည္။

CTBA ကုိ ON (အသံုးျပဳထားလွ်င္) ေသာ့ဖြင့္ခ်ိန္ ဒိုင္ခြက္မီးမ်ားႏွင့္အတူ CTBA မီးဝါေလး လင္းလာပါမည္ျဖစ္ၿပီး Off (အသံုးမျပဳလွ်င္) ဒိုင္ခြက္၌ CTBA မီးမလင္းေပ။

CTBA ကို ON ထားၿပီး စတပ္ဆြဲ စက္ႏုိ္းၿပီးလွ်င္ CTBA မီးဝါေလး ၿငိမ္းသြားရပါမည္ျဖစ္ၿပီး မၿငိမ္းဘဲ ဆက္လင္းေနပါက  CTBA တြင္ ျပႆနာရွိေနႏုိင္ပါသည္။

CTBA ၏ ေလဆာေထာက္လွမ္းေရးဆင္ဆာသည္ ေရွ႕မွန္ႀကီးတြင္ တပ္ဆင္ထားေသာ ေနာက္ၾကည့္မွန္ အေနာက္တြင္ လံုၿခံဳစြာ တပ္ဆင္ထားပါသည္။

အကယ္၍ ေရွ႕မွန္ႀကီးတြင္ ဖုန္မႈန္႔မ်ား၊ ေရခဲမ်ား၊ ႏွင္းမႈန္မ်ား ကပ္ေနလွ်င္ ဝိုက္ဘာႏွင့္ ေဆးေၾကာပါ။

CTBA ဆင္ဆာသည္ ေရွ႕ျမင္ကြင္းကို ေထာက္လွမ္းရေသာေၾကာင့္ ေရွ႕မွန္ႀကီးတြင္ ညစ္ေပလွ်င္ ဆင္ဆာေကာင္းစြာအလုပ္လုပ္ႏုိင္မည္ မဟုတ္ေပ။

ထိုသို႔သန္႔ရွင္းမႈမရွိပါက CTBA မီးဝါေလးလင္း၍ ယာဥ္ေမာင္းသူအား အသိေပးပါသည္။

CTBA သည္ ယာဥ္တုိက္မႈျဖစ္ႏုိင္ေခ်ကုိ အျမန္ႏႈန္း ၅ ကီလိုမီတာ မွ ၃၀ ကီလုိမီတာ အတြင္းတြင္ အာရံုခံေထာက္လွမ္း ထိန္းခ်ဳပ္ႏုိ္င္စြမ္းရွိပါသည္။

CTBA သည္ ယာဥ္တိုက္မႈျဖစ္ႏိုင္ေျခ ရွိလွ်င္ အသံျဖင့္ အခ်က္ေပးျခင္း၊ CTBA မီးမွိတ္တုတ္မွိတ္တုတ္ လင္း၍ အခ်က္ေပးျခင္း၊ ေနာက္ဆံုး ဘရိ္အုတ္ေပးျခင္းမ်ားကို ျပဳလုပ္ေပးပါသည္။

ယာဥ္ေမာင္းသင္ခါစ လီဘာႏွင့္ ဘရိတ္မွားနင္းျခင္း၊ မရည္ရြယ္ဘဲ လီဘာေဆာင့္နင္းမိျခင္း၊ ယာဥ္ေမာင္းသူမွ ယာဥ္တုိက္မႈျဖစ္ႏုိင္ေခ်ကုိ သတိမထားမိျခင္း၊ ဘရိတ္နင္းရန္ ေႏွးေကြးေနျခင္းမ်ား ျဖစ္လာလွ်င္ CTBA က

အလုိအေလ်ာက္ ဘရိတ္အုပ္ေပးၿပီး ယာဥ္တုိက္မႈမွ ေရွာင္ရွားေပးပါသည္။

အထူးသတိျပဳရန္မွာ CTBA သည္ ယာဥ္ေမာင္းသူ၏ ဘရိတ္နင္းျခင္းကို မျပဳလုပ္ဘဲ ေနႏုိ္င္ရန္ အစားထိုးျခင္းမဟုတ္ဘဲ ဆင္ဆာထည့္ထားျခင္းျဖစ္ပါသည္။

Source:car lover


(Unicode)

ကားတွင်ပါဝင်သော TRC system နှင့် CTBA system တို့၏ အသုံးဝင်ပုံ (Zawgyi – Unicode)

TRC system ( Traction Control System ) ဆိုသည်မှာ လမ်းချော်လျှင် ထိန်းသိမ်းပေးသောစနစ်ဖြစ်ပါသည်။

ထိုခလုတ်ကို မလိုအပ်ဘဲ ပိတ်မထားသင့်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုခလုတ်ပိတ်ထားပါက လမ်းချော်လျှင်ထိန်းသိမ်းပေးသောစနစ်အလုပ်မလုပ်သောကြောင့်ဖြစ်သည်။

***သင်စိတ်ဝင်စားနိုင်သော စျေးကွက်အပြောင်းအလဲကို စောင့်ကြည့်နေသောကြောင့် အရောင်းအဝယ်ငြိမ်သက်နေဆဲဖြစ်သော ကားစျေးကွက်နှင့် ကားစျေးနှုန်းများ ***

ထိုခလုတ်ကိုပိတ်ထားလျှင် စက်နိုးပြီးနောက် အချက်ပြမီးဝါးလေး ဆက်လင်းနေမည်ဖြစ်ပြီး ပုံမှန်ဖွင့်ထားသော အနေအထားတွင် စက်နိုးပြီးသည်နှင့် ငြိမ်းသွားပါသည်။

ထို TRC ခလုတ်ကို ပိတ်မထားဘဲ မီးလင်းလာပါက ကားဘီးများ ချော်နေသည့်အကြောင်း အသိပေးခြင်း ဖြစ်ပါသည်။

ကားမောင်းနေစဉ်အကွေ့များတွင် တချက်ချက် လင်းလာခြင်းသည် TRC ကောင်းမွန်စွာ အလုပ်လုပ်နေကြောင်းနှင့် လမ်းချော်နေကြောင်း အသိပေးခြင်းဖြစ်ပါသည်။

ထိုမီးလင်းလာသည့်အခါ လမ်းချော်နေခြင်းဖြစ်သောကြောင့် ကားမောင်းသူမှ သတိထားပြီး မောင်းနှင်ရန်လိုအပ်ပါသည်။

TRC ခလုတ်ကို ဖွင့်ထား၍ စက်နှိုးပြိးနောက် သို့မဟုတ် မောင်းနေချိန်တွင် အချိန်အကြာကြီး TRC မီးလင်းနေပါက စစ်ဆေးပြုပြင်သင့်ပါသည်။

CTBA သည် မော်တော်ယာဉ်အား မြန်နှုန်းနိမ့်မောင်းနှင်နေစဉ်တွင် ယာဉ်မတော်တဆမှုကို ရှောင်ရှာရန် (သို့မဟုတ်) လျော့ပါးနိုင်စေရန် ကူညီဖို့ အထူးပြုလုပ်ထားခြင်း ဖြစ်ပါသည်။

CTBA ကို ON (အသုံးပြုထားလျှင်) သော့ဖွင့်ချိန် ဒိုင်ခွက်မီးများနှင့်အတူ CTBA မီးဝါလေး လင်းလာပါမည်ဖြစ်ပြီး Off (အသုံးမပြုလျှင်) ဒိုင်ခွက်၌ CTBA မီးမလင်းပေ။

CTBA ကို ON ထားပြီး စတပ်ဆွဲ စက်နို်းပြီးလျှင် CTBA မီးဝါလေး ငြိမ်းသွားရပါမည်ဖြစ်ပြီး မငြိမ်းဘဲ ဆက်လင်းနေပါက  CTBA တွင် ပြဿနာရှိနေနိုင်ပါသည်။

CTBA ၏ လေဆာထောက်လှမ်းရေးဆင်ဆာသည် ရှေ့မှန်ကြီးတွင် တပ်ဆင်ထားသော နောက်ကြည့်မှန် အနောက်တွင် လုံခြုံစွာ တပ်ဆင်ထားပါသည်။

အကယ်၍ ရှေ့မှန်ကြီးတွင် ဖုန်မှုန့်များ၊ ရေခဲများ၊ နှင်းမှုန်များ ကပ်နေလျှင် ဝိုက်ဘာနှင့် ဆေးကြောပါ။

CTBA ဆင်ဆာသည် ရှေ့မြင်ကွင်းကို ထောက်လှမ်းရသောကြောင့် ရှေ့မှန်ကြီးတွင် ညစ်ပေလျှင် ဆင်ဆာကောင်းစွာအလုပ်လုပ်နိုင်မည် မဟုတ်ပေ။

ထိုသို့သန့်ရှင်းမှုမရှိပါက CTBA မီးဝါလေးလင်း၍ ယာဉ်မောင်းသူအား အသိပေးပါသည်။

CTBA သည် ယာဉ်တိုက်မှုဖြစ်နိုင်ချေကို အမြန်နှုန်း ၅ ကီလိုမီတာ မှ ၃၀ ကီလိုမီတာ အတွင်းတွင် အာရုံခံထောက်လှမ်း ထိန်းချုပ်နို်င်စွမ်းရှိပါသည်။

CTBA သည် ယာဉ်တိုက်မှုဖြစ်နိုင်ခြေ ရှိလျှင် အသံဖြင့် အချက်ပေးခြင်း၊ CTBA မီးမှိတ်တုတ်မှိတ်တုတ် လင်း၍ အချက်ပေးခြင်း၊ နောက်ဆုံး ဘရိ်အုတ်ပေးခြင်းများကို ပြုလုပ်ပေးပါသည်။

ယာဉ်မောင်းသင်ခါစ လီဘာနှင့် ဘရိတ်မှားနင်းခြင်း၊ မရည်ရွယ်ဘဲ လီဘာဆောင့်နင်းမိခြင်း၊ ယာဉ်မောင်းသူမှ ယာဉ်တိုက်မှုဖြစ်နိုင်ချေကို သတိမထားမိခြင်း၊ ဘရိတ်နင်းရန် နှေးကွေးနေခြင်းများ ဖြစ်လာလျှင် CTBA က

အလိုအလျောက် ဘရိတ်အုပ်ပေးပြီး ယာဉ်တိုက်မှုမှ ရှောင်ရှားပေးပါသည်။

အထူးသတိပြုရန်မှာ CTBA သည် ယာဉ်မောင်းသူ၏ ဘရိတ်နင်းခြင်းကို မပြုလုပ်ဘဲ နေနို်င်ရန် အစားထိုးခြင်းမဟုတ်ဘဲ ဆင်ဆာထည့်ထားခြင်းဖြစ်ပါသည်။

Source:car lover

Read times
Rate this item
(2 votes)