What's new



အင္ဂ်င္ပါဝါအလိုက္ ခြဲျခားသတ္မွတ္ၿပီး ရန္ကုန္လိုင္စင္ျဖင့္ ကားတင္သြင္းခြင့္ေပးမည္ (Zawgyi – Unicode)

အင္ဂ်င္ပါဝါအလိုက္ ခြဲျခားသတ္မွတ္ၿပီး ရန္ကုန္လိုင္စင္ျဖင့္ ကားတင္သြင္းခြင့္ေပးမည္ (Zawgyi – Unicode) google

COE စနစ္ျဖင့္ ရန္ကုန္လိုင္စင္ခြင့္ျပဳေပးရာတြင္ အင္ဂ်င္ပါဝါအလိုက္ ခြဲျခားသတ္မွတ္ၿပီး တင္သြင္းခြင့္ေပးဖြယ္ရွိေၾကာင္း ေမာ္ေတာ္ယာဥ္တင္သြင္းသူမ်ားထံမွ သိရပါသည္။

ရန္ကုန္ၿမိဳ႕၏ ယာဥ္ေၾကာက်ပ္တည္းမႈကို ထိန္းခ်ဳပ္ရန္အတြက္ ၂၀၁၆ ခုႏွစ္၊ ဧၿပီလမွစ၍ ဖရီးပါမစ္ျဖင့္ ကားမ်ားတင္သြင္းရာတြင္ ရန္ကုန္လိုင္စင္ပါမစ္ခြင့္ျပဳျခင္းကို ရပ္ဆုိင္းခဲ့ၿပီး ျပည္တြင္း၌

တပ္ဆင္ထုတ္လုပ္သည့္ CKD၊ SKD ကားမ်ားကုိသာ ယာဥ္ပိုင္ရွင္ဆႏၵအရ ရန္ကုန္လုိင္စင္ခြင့္ျပဳေပးခဲ့ပါသည္။

***သင္စိတ္ဝင္စားႏုိင္ေသာ ျမန္မာႏုိင္ငံတြင္ ေရပန္းစားေနေသာ Honda ကားကုမၸဏီ၏ မ်ိဳးဆက္သစ္ Honda Fit Shuttle Hybrid ကားအေၾကာင္း***

တစ္ႏွစ္ေက်ာ္ တင္သြင္းခြင့္ ပိတ္ပင္ထားေသာ ရန္ကုန္လိုင္စင္ျဖင့္ ကားတင္သြင္းမႈကို ဧၿပီ ၁ ရက္မွစ၍ ျပန္လည္ခြင့္ျပဳေပးမည္ျဖစ္ရာ အင္ဂ်င္ပါဝါႏွင့္ တန္အားအေပၚမူတည္ၿပီး ခြဲျခားသတ္မွတ္မည္ဟု

သိရပါသည္။

COE စနစ္ျဖင့္ ရန္ကုန္လိုင္စင္ကားမ်ားတင္သြင္းခြင့္ေပးမည္ဆိုလွ်င္ ကားေဟာင္း၊ ကားသစ္ မခြဲျခားဘဲ အင္ဂ်င္ပါဝါႏွင့္ တန္အားအေပၚမူတည္၍ ခြဲတမ္းသတ္မွတ္ေပးရန္ ရွိၿပီး အင္ဂ်င္ပါဝါႏွင့္ ခြဲျခားသည့္အခါ

၁၃၀၀ စီစီေအာက္၊ ၁၃၀၀ စီစီမွ ၃၀၀၀ စီစီ အထိႏွင့္ ၃၀၀၀ စီစီအထက္ဟူ၍ ခြဲျခားေပးထားမည္ျဖစ္ပါသည္။

ထို႔ေနာက္ လုပ္ငန္းသံုးကားမ်ားအတြက္ကိုလည္း ႏွစ္တန္အထိႏွင့္ ႏွစ္တန္မွ ငါးတန္းၾကားဟူ၍ ခြဲျခားထားေၾကာင္း ျမန္မာႏုိင္ငံေမာ္ေတာ္ယာဥ္ တင္သြင္းျဖန္႔ျဖဴးေရာင္းခ်ေရး လုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒မွ

ေျပာၾကားခဲ့ပါသည္။

ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲမွ ဧၿပီလ ၁ ရက္မွစၿပီး ရန္ကုန္လိုင္စင္ ကားတင္သြင္းမႈကို ျပန္လည္ခြင့္ျပဳေပးမည္ျဖစ္သျဖင့္ ျပည္တြင္းထုတ္ CKD၊ SKD ကားမ်ားကို လက္ရွိအတိုင္း ရန္ကုန္လိုင္စင္

ထုတ္ေပးမည္ျဖစ္ၿပီး နယ္ဝင္ကားအတြက္ ခြင့္ျပဳေပးမည္မဟုတ္ေၾကာင္း သိရပါသည္။

ရန္ကုန္လုိင္စင္ျဖင့္ ကားတင္သြင္းခြင့္ေပးရာတြင္လည္း Brand New၊ Used Car ဟူ၍ မခြဲျခားဘဲ အင္ဂ်င္ပါဝါႏွင့္ တန္အားအေပၚမူတည္ၿပီး ခြဲျခားသတ္မွတ္ေပးမည္ျဖစ္ေၾကာင္း သိရပါသည္။

Source:automobile


(Unicode)

အင်ဂျင်ပါဝါအလိုက် ခွဲခြားသတ်မှတ်ပြီး ရန်ကုန်လိုင်စင်ဖြင့် ကားတင်သွင်းခွင့်ပေးမည် (Zawgyi – Unicode)

COE စနစ်ဖြင့် ရန်ကုန်လိုင်စင်ခွင့်ပြုပေးရာတွင် အင်ဂျင်ပါဝါအလိုက် ခွဲခြားသတ်မှတ်ပြီး တင်သွင်းခွင့်ပေးဖွယ်ရှိကြောင်း မော်တော်ယာဉ်တင်သွင်းသူများထံမှ သိရပါသည်။

ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုကို ထိန်းချုပ်ရန်အတွက် ၂၀၁၆ ခုနှစ်၊ ဧပြီလမှစ၍ ဖရီးပါမစ်ဖြင့် ကားများတင်သွင်းရာတွင် ရန်ကုန်လိုင်စင်ပါမစ်ခွင့်ပြုခြင်းကို ရပ်ဆိုင်းခဲ့ပြီး ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့်

CKD၊ SKD ကားများကိုသာ ယာဉ်ပိုင်ရှင်ဆန္ဒအရ ရန်ကုန်လိုင်စင်ခွင့်ပြုပေးခဲ့ပါသည်။

***သင်စိတ်ဝင်စားနိုင်သော မြန်မာနိုင်ငံတွင် ရေပန်းစားနေသော Honda ကားကုမ္ပဏီ၏ မျိုးဆက်သစ် Honda Fit Shuttle Hybrid ကားအကြောင်း***

တစ်နှစ်ကျော် တင်သွင်းခွင့် ပိတ်ပင်ထားသော ရန်ကုန်လိုင်စင်ဖြင့် ကားတင်သွင်းမှုကို ဧပြီ ၁ ရက်မှစ၍ ပြန်လည်ခွင့်ပြုပေးမည်ဖြစ်ရာ အင်ဂျင်ပါဝါနှင့် တန်အားအပေါ်မူတည်ပြီး ခွဲခြားသတ်မှတ်မည်ဟု သိရပါသည်။

COE စနစ်ဖြင့် ရန်ကုန်လိုင်စင်ကားများတင်သွင်းခွင့်ပေးမည်ဆိုလျှင် ကားဟောင်း၊ ကားသစ် မခွဲခြားဘဲ အင်ဂျင်ပါဝါနှင့် တန်အားအပေါ်မူတည်၍ ခွဲတမ်းသတ်မှတ်ပေးရန် ရှိပြီး အင်ဂျင်ပါဝါနှင့် ခွဲခြားသည့်အခါ ၁၃၀၀

စီစီအောက်၊ ၁၃၀၀ စီစီမှ ၃၀၀၀ စီစီ အထိနှင့် ၃၀၀၀ စီစီအထက်ဟူ၍ ခွဲခြားပေးထားမည်ဖြစ်ပါသည်။

ထို့နောက် လုပ်ငန်းသုံးကားများအတွက်ကိုလည်း နှစ်တန်အထိနှင့် နှစ်တန်မှ ငါးတန်းကြားဟူ၍ ခွဲခြားထားကြောင်း မြန်မာနိုင်ငံမော်တော်ယာဉ် တင်သွင်းဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌမှ

ပြောကြားခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲမှ ဧပြီလ ၁ ရက်မှစပြီး ရန်ကုန်လိုင်စင် ကားတင်သွင်းမှုကို ပြန်လည်ခွင့်ပြုပေးမည်ဖြစ်သဖြင့် ပြည်တွင်းထုတ် CKD၊ SKD ကားများကို လက်ရှိအတိုင်း ရန်ကုန်လိုင်စင်ထုတ်ပေးမည်ဖြစ်ပြီး

နယ်ဝင်ကားအတွက် ခွင့်ပြုပေးမည်မဟုတ်ကြောင်း သိရပါသည်။

ရန်ကုန်လိုင်စင်ဖြင့် ကားတင်သွင်းခွင့်ပေးရာတွင်လည်း Brand New၊ Used Car ဟူ၍ မခွဲခြားဘဲ အင်ဂျင်ပါဝါနှင့် တန်အားအပေါ်မူတည်ပြီး ခွဲခြားသတ်မှတ်ပေးမည်ဖြစ်ကြောင်း သိရပါသည်။

Source:automobile

Read times
Rate this item
(2 votes)