What's new



တစ်ပတ်အတွင်း ကားဈေးကွက်အခြေအနေနှင့် ကားဈေးနှုန်းများ (Zawgyi – Unicode)

တစ်ပတ်အတွင်း ကားဈေးကွက်အခြေအနေနှင့် ကားဈေးနှုန်းများ (Zawgyi – Unicode) google

၂၀၁၈ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်များ ထုတ်ပြန်ပြီးနောက်ပိုင်းတွင် ကားဈေးများ

မိုင်ကုန်ဖြင့်တက်သွားသော်လည်း တက်ဈေးဖြင့် အရောင်းအဝယ်အဖြစ် နည်းနေသည့်အတွက် အရောင်းအဝယ်အေးစက်နေသည်။


ဈေးကွက်အတွင်း ရန်ကုန်လိုင်စင်ဖြင့် အသစ်တင်သွင်းထားသည့် အင်ဂျင်ပါဝါ ၁၃၀၀ စီစီ ကားများမှာလည်း ဈေးများ မိုင်ကုန်မြင့်တက်နေသကဲ့သို့ ကားအရောင်းစင်တာများတွင် ရှိသော Honda Fit GK3၊ Honda Fit Shuttle စသည့်ကားများကိုလည်း


ညာမောင်ကားများ၏ ဈေးမှာ မိုင်ကုန်မြင့်တက်နေသည့်အချိန်တွင် သိန်းနှစ်ရာနှင့် သိန်းသုံးရာကြား သုံးချင်သူများအတွက် လက်ငင်းငွေချေရမည့်အစား အရစ်ကျရောင်းပေးသော Suzuki Ciaz၊ Suzuki Ertiga နှင့် Nissan Sunny တို့ဘက်သို့ 


နယ်အဝယ်များ ဆင်းသော်လည်း ယခင်နှစ်များလောက် မရောင်းရကြောင်း၊ ပါမစ်လျှောက်ရမည့် ရက်က ကျန်နေသေးသည့်အတွက် စလစ်ဈေးများက ယခုရက်ပိုင်းတွင် ကျဆင်းရန်မရှိကြောင်း၊ ပါမစ်သက်တမ်းတိုးပေးလိုက်သည့်အတွက်

အရောင်းအဝယ်လိုက်နေသော အခြေအနေ ရပ်တန့်သွားပြီး ကားဈေးနှုန်းများ အတက်အကျမရှိကြောင်း RIXS Group မန်နေဂျင်း ဒါရိုက်တာကပြောကြားပါသည်။



ထို့အပြင် ဈေးကွက်အတွင်း၌လည်း အသစ်ဝင်ရောက်လာမည့် ဘယ်မောင်းကားဈေးကွက်နှင့် ညာမောင်းဈေးကွက်ဟူ၍ ဈေးကွက်နှစ်မျိုးကွဲပြားသွားမည် ဖြစ်သည်။

အပြင်ဝယ်လက်များကလည်း တက်ဈေးအတိုင်းမပေးဘဲ ယခင်ပေါက်ဈေးဖြင့်သာ ဈေးဆစ်ပြီး ဝယ်ယူကြသဖြင့် ဈေးတန်းစုံစမ်းရုံသာဖြစ်ပြီး လက်တွေ့အရောင်းအဝယ်မဖြစ်ကြောင်း သိရပါသည်။

ဝယ်/ရောင်းများကလည်း လက်ထဲတွင်ရှိသော ကားကို ဈေးလျှော့ရောင်းပြီး ရောင်းရပါက နောက်တစ်စီးပြန်ရှာရာတွင် တက်ဈေးဖြင့် ဝယ်ရမည်ဖြစ်သောကြောင့် ကြိုက်ဈေးမရလျှင် မရောင်းဘဲ တင်းခံနေကြသည့်တွက် အရောင်းအဝယ်အဖြစ်နည်းသွားခြင်း


တစ်ဦးချင်းမော်တော်ယာဉ်တင်သွင်းခွင့်ပါမစ်လျှောက်ထားခြင်းကို ဒီဇင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ခွင့်ပြုပေးခဲ့ရာ အဆိုပါ ရက်မတိုင်မီအတွင်း စလစ်ဈေးများ မြင့်တက်နေသော်လည်း ယင်းရက်နောက်ပိုင်းတွင် စလစ်ဈေးများ ပြန်လည်ကျဆင်းသွားဖွယ်ရှိကြောင်း


ကားဈေးနှုန်းများ

စဉ် ကားအမျိုးအစားများ နံပါတ် မိုဒယ် ဈေးနှုန်း
Honda Fit ယာယီ 2011 230

Source:automobile


(Unicode)

တစ်ပတ်အတွင်း ကားစျေးကွက်အခြေအနေနှင့် ကားစျေးနှုန်းများ (Zawgyi – Unicode)

၂၀၁၈ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်များ ထုတ်ပြန်ပြီးနောက်ပိုင်းတွင် ကားစျေးများ မိုင်ကုန်ဖြင့်တက်သွားသော်လည်း တက်စျေးဖြင့် အရောင်းအဝယ်အဖြစ် နည်းနေသည့်အတွက် အရောင်းအဝယ်အေးစက်နေသည်။

***သင်စိတ်ဝင်စားနိုင်သော ဒီဇယ်အင်ဂျင်သုံးမော်တော်ယာဉ်များတွင် အများဆုံးဖြစ်တတ်သော ချွတ်ယွင်းချက်များ***

စျေးကွက်အတွင်း ရန်ကုန်လိုင်စင်ဖြင့် အသစ်တင်သွင်းထားသည့် အင်ဂျင်ပါဝါ ၁၃၀၀ စီစီ ကားများမှာလည်း စျေးများ မိုင်ကုန်မြင့်တက်နေသကဲ့သို့ ကားအရောင်းစင်တာများတွင် ရှိသော Honda Fit GK3၊ Honda Fit Shuttle စသည့်ကားများကိုလည်း

ကျပ်သိန်းသုံးရာဝန်ကျင်အထိ ခေါ်ရောင်းနေကြောင်း ပြည်တွင်း၌ CKD၊ SKD စနစ်ဖြင့် ထုတ်လုပ်သော ရန်ကုန်လိုင်စင်အမည်ပေါက် Suzuki Ciaz၊ Suzuki Ertiga နှင့် Nissan Sunny စသည့်ကားများအပေါ် အာရုံစိုက်လာကြောင်း သိရပါသည်။

ညာမောင်ကားများ၏ စျေးမှာ မိုင်ကုန်မြင့်တက်နေသည့်အချိန်တွင် သိန်းနှစ်ရာနှင့် သိန်းသုံးရာကြား သုံးချင်သူများအတွက် လက်ငင်းငွေချေရမည့်အစား အရစ်ကျရောင်းပေးသော Suzuki Ciaz၊ Suzuki Ertiga နှင့် Nissan Sunny တို့ဘက်သို့ 

စိတ်ဝင်စားမှုရှိလာကြပါသည်။

နယ်အဝယ်များ ဆင်းသော်လည်း ယခင်နှစ်များလောက် မရောင်းရကြောင်း၊ ပါမစ်လျှောက်ရမည့် ရက်က ကျန်နေသေးသည့်အတွက် စလစ်စျေးများက ယခုရက်ပိုင်းတွင် ကျဆင်းရန်မရှိကြောင်း၊ ပါမစ်သက်တမ်းတိုးပေးလိုက်သည့်အတွက် အရောင်းအဝယ်လိုက်နေသော

အခြေအနေ ရပ်တန့်သွားပြီး ကားစျေးနှုန်းများ အတက်အကျမရှိကြောင်း RIXS Group မန်နေဂျင်း ဒါရိုက်တာကပြောကြားပါသည်။

လာမည့်နှစ်မှစ၍ ၂၀၁၄ မိုဒယ်နှင့်အထက် ဘယ်မောင်းကားများကိုသာ တင်သွင်းရမည်ဖြစ်ရာ ကိုရီးယား၊ တရုတ်ကားများကို တင်သွင်းမည့်လိုင်း၊ ဥရောပထုတ် ဘယ်မောင်းကားများကို တင်သွင်းမည့်လိုင်း၊ ဒူဘိုင်းကဲ့သို့ ဘယ်မောင်းအသုံးပြုသည့် အာရှနိုင်ငံမှ

ဂျပန်ဘယ်မောင်းကားများကို တစ်ဆင့်ပြန်လည်တင်သွင်းမည့် လိုင်း အစရှိသဖြင့် တင်သွင်းမည့် ပုံစံအမျိုးမျိုးပြောင်းလဲသွားမည်ဖြစ်သည်။

ထို့အပြင် စျေးကွက်အတွင်း၌လည်း အသစ်ဝင်ရောက်လာမည့် ဘယ်မောင်းကားစျေးကွက်နှင့် ညာမောင်းစျေးကွက်ဟူ၍ စျေးကွက်နှစ်မျိုးကွဲပြားသွားမည် ဖြစ်သည်။

အပြင်ဝယ်လက်များကလည်း တက်စျေးအတိုင်းမပေးဘဲ ယခင်ပေါက်စျေးဖြင့်သာ စျေးဆစ်ပြီး ဝယ်ယူကြသဖြင့် စျေးတန်းစုံစမ်းရုံသာဖြစ်ပြီး လက်တွေ့အရောင်းအဝယ်မဖြစ်ကြောင်း သိရပါသည်။

ဝယ်/ရောင်းများကလည်း လက်ထဲတွင်ရှိသော ကားကို စျေးလျှော့ရောင်းပြီး ရောင်းရပါက နောက်တစ်စီးပြန်ရှာရာတွင် တက်စျေးဖြင့် ဝယ်ရမည်ဖြစ်သောကြောင့် ကြိုက်စျေးမရလျှင် မရောင်းဘဲ တင်းခံနေကြသည့်တွက် အရောင်းအဝယ်အဖြစ်နည်းသွားခြင်းဖြစ်ကြောင်း

ကားဝယ်/ရောင်းများထံမှ သိရပါသည်။

တစ်ဦးချင်းမော်တော်ယာဉ်တင်သွင်းခွင့်ပါမစ်လျှောက်ထားခြင်းကို ဒီဇင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ခွင့်ပြုပေးခဲ့ရာ အဆိုပါ ရက်မတိုင်မီအတွင်း စလစ်စျေးများ မြင့်တက်နေသော်လည်း ယင်းရက်နောက်ပိုင်းတွင် စလစ်စျေးများ ပြန်လည်ကျဆင်းသွားဖွယ်ရှိကြောင်း

ကားတင်သွင်းသူများက ခန့်မှန်းထားကြပါသည်။

ကားစျေးနှုန်းများ

စဉ်      ကားအမျိုးအစားများ      နံပါတ်  မိုဒယ်  စျေးနှုန်း

၁        Honda Fit      ယာယီ  2011   230

၂        Toyota Wish YGN    2011   355

၃        Suzuki Swift   MDY   2011   175

၄        Toyota Alphard        YGN    2003   345

၅        Toyota Probox         BGO    2012   190

၆        Toyota Vanguard      YGN    2011   560

၇        Honda Insight          MDY   2012   230

၈        Toyota Harrier         YGN    2004   463

၉        Toyota Hilux Vigo     MDY   2012   330

၁၀      Toyota Vitz    ယာယီ  2012   200

Source:automobile

Read times
Rate this item
(0 votes)