What's new



ကားတုန္ခါမႈ ျပႆာမ်ားကို စစ္ေဆးျခင္း (Zawgyi – Unicode)

ကားတုန္ခါမႈ ျပႆာမ်ားကို စစ္ေဆးျခင္း (Zawgyi – Unicode) google

ကားေမာင္း၍ ခရီးသြားေနစဥ္ မိမိကားမွ ထူးျခားအသံႏွင့္

တုန္ခါမႈမ်ား ျဖစ္တတ္သည္။

တုန္ခါမႈမ်ားသည္ ယာဥ္ေမာင္းသူကို စိတ္အေႏွာင့္အယွက္ျဖစ္ေစၿပီး အႏၱရာယ္ ျဖစ္ႏုိင္သလားဆုိသည့္ စုိးရိမ္ပူပန္မႈမ်ားႏွင့္ ေၾကာက္ရြံ႕ျခင္းကို ျဖစ္ေစပါသည္။

 

***သင္စိတ္၀င္စားႏိုင္ေသာ Kia Sorento တြင္ျဖစ္ေပၚတတ္ေသာျပႆနာမ်ား***

 

ပုံမွန္ျပဳျပင္ထိန္းသိမ္းျခင္းမ်ားကို ေဆာင္ရြက္ရန္ အားနည္းေသာ ေမာ္ေတာ္ယာဥ္မ်ားတြင္ ရုတ္တရက္ တုန္ခါမႈအသံမ်ား ထြက္ေပၚလာပါက ယာဥ္ေမာင္းသူမ်ား စိုးရိမ္ထိတ္လန္႕တတ္သည္။

တုန္ခါမႈသည္ မည္သည့္ အစိတ္အပိုင္းေနရာမွျဖစ္သည္္ကို သိရွိမွသာ ယင္းျပသနာကို ေျဖရွင္းႏုိင္မည္ ျဖစ္သည္။

ကားတစ္စီးတြင္ တုန္ခါမႈ(vibration) ျဖစ္ႏုိင္ေသာေနရာ အစိတ္အပိုင္းမ်ားမွာ

(၁)အင္ဂ်င္

(၂)၀င္ရုိးတန္း

(၃)ဂၽြိဳင္းရုပ္

(၄)ဘရိတ္

(၅)ဘီးေခြ

(၆)တာယာ တုိ႕ျဖစ္ပါသည္။

(၁) အင္ဂ်င္တုန္ခါမႈ ျပသနာ

ဓာတ္ဆီအင္ဂ်င္တစ္လုံးတြင္ ေလ၊ ေလာင္စာဆီ၊ မီးေပးစနစ္ အားလုံးညီညြတ္မွ်တေနပါက အင္ဂ်င္လည္ပတ္မႈ မွန္ကန္ေခ်ာေမြ႕ေနမည္။

လီဗာနင္းလွ်င္ နင္းသေလာက္ အင္ဂ်င္ဆြဲႏုိင္ၿပီး အင္ဂ်င္စြမ္းေဆာင္မႈ ေကာင္းေသာေၾကာင့္ လမ္းအေျခအေန အမ်ိဳးမ်ိဳးတြင္ အေကာင္းဆုံး ေမာင္းႏွင္ႏုိ္င္သည္။

ေလ၊ ေလာင္စာဆီ၊ မီးေပး စနစ္(၃) မ်ိဳးထဲမွ တစ္ခုခုခ်ိဳ႕ယြင္းအားနည္းလာလွ်င္ အင္ဂ်င္လည္ပတ္မႈ ပုံမွန္မဟုတ္ေတာ့ပဲ တုန္ခါမႈ ျဖစ္တတ္သည္။

လီဗာနင္းပါက ဆက္ခနဲ တစ္ခ်က္တစ္ခ်က္ တုန္ခါသြားမည္။

Highway တြင္ အျမန္ႏႈန္း speed တင္ေမာင္း၍ မရဘဲ အင္ဂ်င္မဆြဲႏုိင္ျဖစ္မည္။

ကားစက္စတင္ႏိုးခ်ိန္တြင္ ေကာင္းေနေသာ္လည္း ၾကာၾကာေမာင္းပါက အင္ဂ်င္တုန္ခါလာမည္။

ထုိလကၡဏာမ်ားသည္ အင္ဂ်င္မူမမွန္ေသာ လကၡဏာျဖစ္သည္။

ဆီစစ္ဘူးပိတ္ေနသလား၊ ဆီထဲတြင္ေရပါသလားစစ္ေဆးပါ။

အင္ဂ်င္ဆီငတ္လွ်င္ ဆြဲအားရုန္းအားမေကာင္းပါ။

ထုိ႕ျပင္ Air Cleaner ေလစစ္တြင္ ဖုန္မ်ား ၊ အမႈိက္မ်ား ပိတ္ဆုိ႕ေနပါက အင္ဂ်င္ဆြဲေလဆြဲသေလာက္ မရႏုိင္ပါ။

ေလပိတ္ျခင္းသည္ ေအာက္ဆီဂ်င္ငတ္ျခင္းျဖစ္ပါသည္။

ေအာက္ဆီဂ်င္ႏွင့္ ေလာင္စာဆီ အခ်ိဳးက်မွန္ကန္စြာ ေရာစပ္မွ အေကာင္းဆုံး ေပါက္ကြဲေလာင္ကၽြမ္းမႈ ရရွိပါသည္။

ဓာတ္ဆီကားမ်ားတြင္ မီးေပးျခင္း(Ignition) မွန္ေစရန္ အေရးၾကီးပါသည္။

Spark Plug ေကာင္းရမည္ျဖစ္ၿပီး ၀ါယာၾကိဳးႏွင့္ မီးကြိဳင္ေကာင္းရမည္။

ပလပ္မွ မီးပြား(spark)အထြက္ ေကာင္းမေကာင္းစစ္ေဆးရမည္ျဖစ္ၿပီး ပလပ္မေကာင္းလွ်င္ ပလပ္အသစ္လဲေပးပါ။

(၂)Axle ၀င္ရိုးျပႆနာ

လမ္းၾကမ္း၊ ခ်ိဳင့္ခြက္မ်ားေသာေနရာတြင္ အရွိန္ျပင္းေမာင္းမိပါက လမ္းအေဆာင့္ ဒဏ္မ်ားေၾကာင့္ ၀င္ရိုးေကာက္သြားတတ္သည္။

မသိမသာေကာက္ေနေသာ ဝင္ရိုးသည္ျမန္ႏႈန္းျမင့္ေမာင္းႏွင္ပါက တုန္ခါမႈ ျဖစ္ေပၚေစသည္။

ဝင္ရိုးလိမ္ေကာက္ျခင္း ေသခ်ာေစရန္ ဂ်ိဳက္ေထာက္ၿပီး ကားဘီးကိုလွည့္ၾကည့္ပါ။

ကားဘီးအရွိန္ရလာလွ်င္ ဘီးခါရမ္းၿပီး တုန္ခါလာမည္။

ဒူးဆစ္ႏွင့္ ဆက္သြယ္ေမာင္းေသာ ကားမ်ားတြင္ ဒူးဆစ္သဲကာမ်ား ေပါက္ၿပဲၿပီး ဒူးဆစ္ဆီ (အမဲဆီ) မ်ား ယိုစိမ့္ထြက္တတ္သည္။

ဒူးဆစ္ဆီမရွိဘဲ သဲမ်ား၊ ရြံ႕မ်ား၀င္ကာ ဒူးဆစ္ပ်က္ဆီးတတ္သည္။

ဒူးဆစ္ေဘာလ္မ်ား ပ်က္စီးၿပီး စား၍ ေခ်ာင္သြားတတ္သည္။

ပြန္းစား၍ ေခ်ာင္ေနေသာ ၀င္ရိုးသည္ ျမန္ႏႈန္းျမင့္ လည္ပတ္ခ်ိန္တြင္ တုန္ခါမႈျဖစ္ေပၚလာသည္။

ဒူးဆစ္မွတုန္ခါမႈရွိမရွိ ဂ်ိဳက္ ေထာက္ၿပီးစစ္ေဆးပါ။

ဒူးဆစ္စားၿပီး ေခ်ာင္ေနလွ်င္အသစ္လဲေပးပါ။

သဲကာအမဲဆီမ်ားအသစ္ထည့္ပါ။

(၃)ဂၽြိဳင္းရွပ္ တုန္ခါမႈ ျပႆနာ

ေနာက္ဆြဲကားမ်ားတြင္ ဂီယာေဘာက္စ္အထြက္မွ ေနာက္၀န္ရိုးတန္း သို႔ ဂၽြိဳင္းရွပ္ႏွင့္ ဆက္သြယ္ထားပါသည္။

ဂၽြိဳင္းရွပ္္တြင္ ဂၽြိဳင္းေဘာလ္ (ေခၚ) ယူနီဗာဆယ္ဂၽြိဳင္းအဆစ္ (၃)ခုမွ (၅)ခုအထိ ရွိတတ္သည္။

ဂၽြိဳင္းေဘာလ္မ်ား အမဲဆီငတ္ၿပီးစား၍ ေခ်ာင္သြားတတ္သည္။

ဂၽြိဳင္းဆက္ဖလန္းျပားကို ဂၽြိဳင္းနတ္မ်ားႏွင့္ဖမ္းထားသည္။

ခါးဆြဲေဘာလ္အထိုင္ႏွင့္ ရာဘာေမာင္းတိန္းမ်ား စားသြားပါက ဂၽြိဳင္းရွပ္လည္လွ်င္ ခါရမ္းၿပီး အသံျမည္တတ္သည္။

ဂၽြိဳင္းမွ အသံထြက္လွ်င္ ဂၽြိဳင္းနတ္၊ ဂၽြိဳင္းေဘာလ္ႏွင့္ ခါးဆြဲေဘာလ္မ်ားကို စစ္ေဆးပါ။

(၄) ဘရိတ္ျပႆနာ

ဒစ္ဘရိတ္မ်ားတြင္ ဘရိတ္ၿငိၿပီး အပူလြန္ကဲကာ ဘရိတ္ Rotor လိမ္ေကာက္သြားတတ္သည္။

ဘရိတ္နင္းလုိက္လွ်င္ လိမ္ေနေသာ Rotor ေၾကာင့္တုန္ခါမႈသည္ Caliper ႏွင့္ Brake Pad အျပားမ်ားကို လာ၍တိုးသည္။

ဘရိတ္ကၽြမ္းက်င္သူမ်ားကို ျပသ၍ ဘရိတ္မွ တုန္ခါမႈ အသံထြက္ျခင္းကို စစ္ေဆးပါ။

ဒရမ္ဘရိတ္သံုးကာ ကားမ်ားတြင္လည္း ၾကာလာလွ်င္ ဒရမ္အတြင္းပိုင္းမ်က္ႏွာျပင္မ်ား မညီမညာျဖစ္တတ္သည္။

မညီညာေသာ ဘရိတ္ဒရမ္ေပၚသို႔ဘရိတ္ရွဴးျခမ္းမ်ားႏွင့္ ပြတ္တိုက္ပါက တုန္ခါမႈျဖစ္ေပၚသည္။

ဘရိတ္ဒရမ္အတြင္းပိုင္းကို စစ္ေဆး၍ လုိအပ္ပါက တြင္ခံုတြင္ စက္ခုတ္စားေပးရသည္။

(၅) ကားဘီးျပႆနာ

ဒစ္၀ွီးဘဲဥလုိက္ေနျခင္း၊ လိမ္ဖည္ေနျခင္းမ်ားရွိပါက ကားဘီးတုန္ခါမႈ ျဖစ္တတ္သည္။

ဒစ္၀ွီးအလိုင္းမင့္ ေအာက္ေနျခင္း၊ လိမ္ဖည္ေနျခင္းကို စက္ေပၚတင္၍စစ္ေဆးႏုိင္သည္။

ျပန္လည္ျပဳျပင္၍ ရႏိုုင္ေသာ ဒစ္၀ွီးေခြမ်ားကို သံုးသင့္ေသာ္လည္း ျပဳျပင္၍မရေသာ လိမ္ဖည္ေနေသာ ဒစ္၀ွီးေခြမ်ားကို အစားထိုးလဲလွယ္သင့္သည္။

ဘီး Hub Ball ေၾကာင့္လည္း ဘီးခါတတ္သည္။

Hub Ball စားေနျခင္း၊ ေခ်ာင္ေနျခင္း၊ အလြတ္ကစားေနျခင္းရွိမရွိ စစ္ေဆးပါ။

Hub Ball မ်ားကိုျဖဳတ္၍ စစ္ေဆးသင့္ပါသည္။

အေျခအေနမေကာင္းေသာ Hub Ball မ်ားကိုအသစ္လဲေပးသင့္ပါသည္။

လမ္းခရီးတြင္ Hub Ball ေၾကြ၍ ေမာင္းမရပါက မ်ားစြာ ဒုကၡေရာက္တတ္သည္။

ကားေရွ႕ဘီး တုန္ခါမႈျဖစ္ေစေသာ အျခားအေၾကာင္းတရားမွာ တိုက္ေရာ့၊ ေဘာ္လ္ဂၽြိဳင္း၊ ကားေအာက္ပိုင္းပစၥည္းမ်ား ေခ်ာင္ေနျခင္း၊ ကင္းပင္စားၿပီး ကင္းပင္ဘြတ္ ေခ်ာင္ေနျခင္း၊ မ်ားေၾကာင့္လည္းျဖစ္သည္။

တုိက္ေရာ့ေဘာ္လ္ဂၽြိဳင္းမ်ားကို ေခ်ာင္ မေခ်ာင္စစ္ေဆးပါ။

ထိန္းခ်ဳပ္တန္းမ်ားမွ ရာဘာဘြတ္မ်ား ေခ်ာင္ မေခ်ာင္ စစ္ေဆးပါ။

မေကာင္းပါက အစားထိုးလဲေပးသင့္ပါသည္။

Bulterfly ဘြတ္မ်ားစားေနပါက အသံထြက္ေလ့ရွိသည္။

ထိုအခါ ဘြတ္မ်ားအားလံုးစစ္ေဆး၍ အသစ္လဲပါ။

ေရွ႕ဘီး၊ ေနာက္ဘီး အလိုင္းမင့္ ျပန္ခ်ိန္ပါ။

ကားေရွ႕ဘီးမ်ား တုန္ခါမႈသည္ စတီယာရင္ အဆက္မ်ားမွတစ္ဆင့္ စတီယာရင္ေခြသို႔ လာ၍တုိးတတ္ပါသည္။

စတီယာရင္အဆက္မ်ားႏွင့္ တိုက္ေရာ့၊ ေဘာ္လ္ဂၽြိဳင္းမ်ားကို အမဲဆီထိုးေပးပါ။

စတီယာရင္၊ ဂီယာေဘာက္စ္ အလြတ္ကစားမႈသည္ ရွိသင့္သေလာက္သာ ရွိသင့္ပါသည္။

အလြတ္ကစားမႈမ်ားလွ်င္ ျမန္ႏႈန္းျမင့္ကားေမာင္းပါက စတီယာရင္တုန္ခါတတ္သည္။

စတီယာရင္ ဂီယာေဘာက္စ္တြင္ ဂီယာ၀ိုင္စစ္ေဆးပါ။

အထိုင္နတ္မ်ား ေခ်ာင္မေခ်ာင္စစ္ေဆးပါ။

စတီယာရင္ေကာ္လံ ဖလန္းအဆက္ေနရာမွ ကြန္ပလိန္းနတ္မ်ား ေခ်ာင္မေခ်ာင္စစ္ေဆးပါ။

ကားေရွ႕ဘီးမ်ားတုန္ခါမႈသည္ ဘီးအလိုင္းမင့္၊ တာယာ၊ Hub Ball၊ တိုက္ေရာ့ေဘာ္လ္ဂၽြိဳင္း ၊ စတီယာရင္ စေသာအခ်က္မ်ားစြာႏွင့္ သက္ဆိုင္ေနပါသည္။

(၆) တာယာျပႆနာ

တာယာေၾကာင့္လည္း တုန္ခါမႈ ျမည္သံထြက္ႏိုင္သည္။

အခ်ိဳ႕ေသာ စတီယာရင္မ်ားသည္ လိမ္ဖည္ေနတတ္သည္။

လိမ္ဖည္ေနေသာတာယာသည္ Speed ျမန္လာပါက တုန္ခါမႈျဖစ္ေစသည္။

တာယာ Balance ေအာက္ေနပါက တာယာတုန္ခါမႈျဖစ္တတ္သည္။

 တာယာBalance ညီညာမႈ ရွိ/မရွိ  Balancing စက္ေပၚတြင္ တင္၍ ခ်ိန္ေပးသင့္ပါသည္။

အခ်ိဳ႕တာယာမ်ားသည္ ပန္းသားပြန္းစားမႈ မညီမညာျဖစ္လာလွ်င္ တုန္ခါတတ္ပါသည္။

တာယာမ်ားကို ေရွ႕ေနာက္ ဘယ္ညာလွည့္သံုးေပးပါ။

တာယာေလေပါင္ဖိအား၊ တာယာတပ္ဆင္လွ်င္ ဒစ္၀ွီးေခြႏွင့္ တာယာအထိုင္က် မ်ားမွန္ကန္ေအာင္ျပဳလုပ္သင့္ပါသည္။

တာယာျဖဳတ္တပ္လွ်င္ ျဖဳတ္-တပ္စက္ (Tire Changer) ႏွင့္ တပ္ဆင္သင့္ပါသည္။

ထုိ႔အျပင္ တာယာဘီးမ်ားကို အလိုင္းမင့္ ပံုမွန္ခ်ိန္သင့္ပါသည္။

တာယာလဲလွ်င္ ပန္းအမ်ိဳးအစားတူ အစံုလိုက္လဲသင့္ပါသည္။

အခ်ိဳ႕တာယာမ်ားသည္ စက္ရံုမွထုတ္လုပ္စဥ္အခ်ိန္ကပင္ အရည္အေသြးခ်ိဳ႕ယြင္းခ်က္ရွိတတ္ပါသည္။

တာယာအသစ္လည္း Balance ခ်ိန္ရန္လိုအပ္ပါသည္။

ေမာ္ေတာ္ယာဥ္တစ္စီးတြင္ ျဖစ္တတ္ေသာ တုန္ခါမႈျပႆနာ(၆)မ်ိဳးကို တင္ျပခဲ့ပါသည္။

အခ်ိဳ႕ျပႆနာမ်ားသည္ အေရးမႀကီးေသာ္လည္း ၾကာၾကာထားလွ်င္ ပိုမိုပ်က္စီးေစေသာ လမ္ေၾကာင္းေပၚသို႔ ဦးတည္သြားေနတတ္သည္။

ကားတစ္စီးသည္ ပံုမွန္အေနအထား အေျခအေနတြင္သာ အလုပ္ခိုင္းသင့္ပါသည္။

မူမမွန္ေသာ တုန္ခါမႈမ်ားသည္ ခ်ိဳ႕ယြင္းခ်က္ အျပစ္ရွိေသာ လကၡဏာမ်ားသာျဖစ္သည္။

Source:car lover


(Unicode)

ကားမောင်း၍ ခရီးသွားနေစဉ် မိမိကားမှ ထူးခြားအသံနှင့်တုန်ခါမှုများ ဖြစ်တတ်သည်။

တုန်ခါမှုများသည် ယာဉ်မောင်းသူကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး အန္တရာယ် ဖြစ်နိုင်သလားဆိုသည့် စိုးရိမ်ပူပန်မှုများနှင့် ကြောက်ရွံ့ခြင်းကို ဖြစ်စေပါသည်။

 

***သင်စိတ်ဝင်စားနိုင်သော Kia Sorento တွင်ဖြစ်ပေါ်တတ်သောပြဿနာများ***

 

ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်းများကို ဆောင်ရွက်ရန် အားနည်းသော မော်တော်ယာဉ်များတွင် ရုတ်တရက် တုန်ခါမှုအသံများ ထွက်ပေါ်လာပါက ယာဉ်မောင်းသူများ စိုးရိမ်ထိတ်လန့်တတ်သည်။

တုန်ခါမှုသည် မည်သည့် အစိတ်အပိုင်းနေရာမှဖြစ်သည််ကို သိရှိမှသာ ယင်းပြဿနာကို ဖြေရှင်းနိုင်မည် ဖြစ်သည်။

ကားတစ်စီးတွင် တုန်ခါမှု(vibration) ဖြစ်နိုင်သောနေရာ အစိတ်အပိုင်းများမှာ

(၁)အင်ဂျင်

(၂)၀င်ရိုးတန်း

(၃)ဂျွိုင်းရုပ်

(၄)ဘရိတ်

(၅)ဘီးခွေ

(၆)တာယာ တို့ဖြစ်ပါသည်။

(၁) အင်ဂျင်တုန်ခါမှု ပြသနာ

ဓာတ်ဆီအင်ဂျင်တစ်လုံးတွင် လေ၊ လောင်စာဆီ၊ မီးပေးစနစ် အားလုံးညီညွတ်မျှတနေပါက အင်ဂျင်လည်ပတ်မှု မှန်ကန်ချောမွေ့နေမည်။

လီဗာနင်းလျှင် နင်းသလောက် အင်ဂျင်ဆွဲနိုင်ပြီး အင်ဂျင်စွမ်းဆောင်မှု ကောင်းသောကြောင့် လမ်းအခြေအနေ အမျိုးမျိုးတွင် အကောင်းဆုံး မောင်းနှင်နို်င်သည်။

လေ၊ လောင်စာဆီ၊ မီးပေး စနစ်(၃) မျိုးထဲမှ တစ်ခုခုချို့ယွင်းအားနည်းလာလျှင် အင်ဂျင်လည်ပတ်မှု ပုံမှန်မဟုတ်တော့ပဲ တုန်ခါမှု ဖြစ်တတ်သည်။

လီဗာနင်းပါက ဆက်ခနဲ တစ်ချက်တစ်ချက် တုန်ခါသွားမည်။

Highway တွင် အမြန်နှုန်း speed တင်မောင်း၍ မရဘဲ အင်ဂျင်မဆွဲနိုင်ဖြစ်မည်။

ကားစက်စတင်နိုးချိန်တွင် ကောင်းနေသော်လည်း ကြာကြာမောင်းပါက အင်ဂျင်တုန်ခါလာမည်။

ထိုလက္ခဏာများသည် အင်ဂျင်မူမမှန်သော လက္ခဏာဖြစ်သည်။

ဆီစစ်ဘူးပိတ်နေသလား၊ ဆီထဲတွင်ရေပါသလားစစ်ဆေးပါ။

အင်ဂျင်ဆီငတ်လျှင် ဆွဲအားရုန်းအားမကောင်းပါ။

ထို့ပြင် Air Cleaner လေစစ်တွင် ဖုန်များ ၊ အမှိုက်များ ပိတ်ဆို့နေပါက အင်ဂျင်ဆွဲလေဆွဲသလောက် မရနိုင်ပါ။

လေပိတ်ခြင်းသည် အောက်ဆီဂျင်ငတ်ခြင်းဖြစ်ပါသည်။

အောက်ဆီဂျင်နှင့် လောင်စာဆီ အချိုးကျမှန်ကန်စွာ ရောစပ်မှ အကောင်းဆုံး ပေါက်ကွဲလောင်ကျွမ်းမှု ရရှိပါသည်။

ဓာတ်ဆီကားများတွင် မီးပေးခြင်း(Ignition) မှန်စေရန် အရေးကြီးပါသည်။

Spark Plug ကောင်းရမည်ဖြစ်ပြီး ၀ါယာကြိုးနှင့် မီးကွိုင်ကောင်းရမည်။

ပလပ်မှ မီးပွား(spark)အထွက် ကောင်းမကောင်းစစ်ဆေးရမည်ဖြစ်ပြီး ပလပ်မကောင်းလျှင် ပလပ်အသစ်လဲပေးပါ။

(၂)Axle ၀င်ရိုးပြဿာနာ

လမ်းကြမ်း၊ ချိုင့်ခွက်များသောနေရာတွင် အရှိန်ပြင်းမောင်းမိပါက လမ်းအဆောင့် ဒဏ်များကြောင့် ၀င်ရိုးကောက်သွားတတ်သည်။

မသိမသာကောက်နေသော ဝင်ရိုးသည်မြန်နှုန်းမြင့်မောင်းနှင်ပါက တုန်ခါမှု ဖြစ်ပေါ်စေသည်။

ဝင်ရိုးလိမ်ကောက်ခြင်း သေချာစေရန် ဂျိုက်ထောက်ပြီး ကားဘီးကိုလှည့်ကြည့်ပါ။

ကားဘီးအရှိန်ရလာလျှင် ဘီးခါရမ်းပြီး တုန်ခါလာမည်။

ဒူးဆစ်နှင့် ဆက်သွယ်မောင်းသော ကားများတွင် ဒူးဆစ်သဲကာများ ပေါက်ပြဲပြီး ဒူးဆစ်ဆီ (အမဲဆီ) များ ယိုစိမ့်ထွက်တတ်သည်။

ဒူးဆစ်ဆီမရှိဘဲ သဲများ၊ ရွံ့များဝင်ကာ ဒူးဆစ်ပျက်ဆီးတတ်သည်။

ဒူးဆစ်ဘောလ်များ ပျက်စီးပြီး စား၍ ချောင်သွားတတ်သည်။

ပွန်းစား၍ ချောင်နေသော ၀င်ရိုးသည် မြန်နှုန်းမြင့် လည်ပတ်ချိန်တွင် တုန်ခါမှုဖြစ်ပေါ်လာသည်။

ဒူးဆစ်မှတုန်ခါမှုရှိမရှိ ဂျိုက် ထောက်ပြီးစစ်ဆေးပါ။

ဒူးဆစ်စားပြီး ချောင်နေလျှင်အသစ်လဲပေးပါ။

သဲကာအမဲဆီများအသစ်ထည့်ပါ။

(၃)ဂျွိုင်းရှပ် တုန်ခါမှု ပြဿနာ

နောက်ဆွဲကားများတွင် ဂီယာဘောက်စ်အထွက်မှ နောက်ဝန်ရိုးတန်း သို့ ဂျွိုင်းရှပ်နှင့် ဆက်သွယ်ထားပါသည်။

ဂျွိုင်းရှပ််တွင် ဂျွိုင်းဘောလ် (ခေါ်) ယူနီဗာဆယ်ဂျွိုင်းအဆစ် (၃)ခုမှ (၅)ခုအထိ ရှိတတ်သည်။

ဂျွိုင်းဘောလ်များ အမဲဆီငတ်ပြီးစား၍ ချောင်သွားတတ်သည်။

ဂျွိုင်းဆက်ဖလန်းပြားကို ဂျွိုင်းနတ်များနှင့်ဖမ်းထားသည်။

ခါးဆွဲဘောလ်အထိုင်နှင့် ရာဘာမောင်းတိန်းများ စားသွားပါက ဂျွိုင်းရှပ်လည်လျှင် ခါရမ်းပြီး အသံမြည်တတ်သည်။

ဂျွိုင်းမှ အသံထွက်လျှင် ဂျွိုင်းနတ်၊ ဂျွိုင်းဘောလ်နှင့် ခါးဆွဲဘောလ်များကို စစ်ဆေးပါ။

(၄) ဘရိတ်ပြဿနာ

ဒစ်ဘရိတ်များတွင် ဘရိတ်ငြိပြီး အပူလွန်ကဲကာ ဘရိတ် Rotor လိမ်ကောက်သွားတတ်သည်။

ဘရိတ်နင်းလိုက်လျှင် လိမ်နေသော Rotor ကြောင့်တုန်ခါမှုသည် Caliper နှင့် Brake Pad အပြားများကို လာ၍တိုးသည်။

ဘရိတ်ကျွမ်းကျင်သူများကို ပြသ၍ ဘရိတ်မှ တုန်ခါမှု အသံထွက်ခြင်းကို စစ်ဆေးပါ။

ဒရမ်ဘရိတ်သုံးကာ ကားများတွင်လည်း ကြာလာလျှင် ဒရမ်အတွင်းပိုင်းမျက်နှာပြင်များ မညီမညာဖြစ်တတ်သည်။

မညီညာသော ဘရိတ်ဒရမ်ပေါ်သို့ဘရိတ်ရှူးခြမ်းများနှင့် ပွတ်တိုက်ပါက တုန်ခါမှုဖြစ်ပေါ်သည်။

ဘရိတ်ဒရမ်အတွင်းပိုင်းကို စစ်ဆေး၍ လိုအပ်ပါက တွင်ခုံတွင် စက်ခုတ်စားပေးရသည်။

(၅) ကားဘီးပြဿနာ

ဒစ်ဝှီးဘဲဥလိုက်နေခြင်း၊ လိမ်ဖည်နေခြင်းများရှိပါက ကားဘီးတုန်ခါမှု ဖြစ်တတ်သည်။

ဒစ်ဝှီးအလိုင်းမင့် အောက်နေခြင်း၊ လိမ်ဖည်နေခြင်းကို စက်ပေါ်တင်၍စစ်ဆေးနိုင်သည်။

ပြန်လည်ပြုပြင်၍ ရနိုုင်သော ဒစ်ဝှီးခွေများကို သုံးသင့်သော်လည်း ပြုပြင်၍မရသော လိမ်ဖည်နေသော ဒစ်ဝှီးခွေများကို အစားထိုးလဲလှယ်သင့်သည်။

ဘီး Hub Ball ကြောင့်လည်း ဘီးခါတတ်သည်။

Hub Ball စားနေခြင်း၊ ချောင်နေခြင်း၊ အလွတ်ကစားနေခြင်းရှိမရှိ စစ်ဆေးပါ။

Hub Ball များကိုဖြုတ်၍ စစ်ဆေးသင့်ပါသည်။

အခြေအနေမကောင်းသော Hub Ball များကိုအသစ်လဲပေးသင့်ပါသည်။

လမ်းခရီးတွင် Hub Ball ကြွေ၍ မောင်းမရပါက များစွာ ဒုက္ခရောက်တတ်သည်။

ကားရှေ့ဘီး တုန်ခါမှုဖြစ်စေသော အခြားအကြောင်းတရားမှာ တိုက်ရော့၊ ဘော်လ်ဂျွိုင်း၊ ကားအောက်ပိုင်းပစ္စည်းများ ချောင်နေခြင်း၊ ကင်းပင်စားပြီး ကင်းပင်ဘွတ် ချောင်နေခြင်း၊ များကြောင့်လည်းဖြစ်သည်။

တိုက်ရော့ဘော်လ်ဂျွိုင်းများကို ချောင် မချောင်စစ်ဆေးပါ။

ထိန်းချုပ်တန်းများမှ ရာဘာဘွတ်များ ချောင် မချောင် စစ်ဆေးပါ။

မကောင်းပါက အစားထိုးလဲပေးသင့်ပါသည်။

Bulterfly ဘွတ်များစားနေပါက အသံထွက်လေ့ရှိသည်။

ထိုအခါ ဘွတ်များအားလုံးစစ်ဆေး၍ အသစ်လဲပါ။

ရှေ့ဘီး၊ နောက်ဘီး အလိုင်းမင့် ပြန်ချိန်ပါ။

ကားရှေ့ဘီးများ တုန်ခါမှုသည် စတီယာရင် အဆက်များမှတစ်ဆင့် စတီယာရင်ခွေသို့ လာ၍တိုးတတ်ပါသည်။

စတီယာရင်အဆက်များနှင့် တိုက်ရော့၊ ဘော်လ်ဂျွိုင်းများကို အမဲဆီထိုးပေးပါ။

စတီယာရင်၊ ဂီယာဘောက်စ် အလွတ်ကစားမှုသည် ရှိသင့်သလောက်သာ ရှိသင့်ပါသည်။

အလွတ်ကစားမှုများလျှင် မြန်နှုန်းမြင့်ကားမောင်းပါက စတီယာရင်တုန်ခါတတ်သည်။

စတီယာရင် ဂီယာဘောက်စ်တွင် ဂီယာဝိုင်စစ်ဆေးပါ။

အထိုင်နတ်များ ချောင်မချောင်စစ်ဆေးပါ။

စတီယာရင်ကော်လံ ဖလန်းအဆက်နေရာမှ ကွန်ပလိန်းနတ်များ ချောင်မချောင်စစ်ဆေးပါ။

ကားရှေ့ဘီးများတုန်ခါမှုသည် ဘီးအလိုင်းမင့်၊ တာယာ၊ Hub Ball၊ တိုက်ရော့ဘော်လ်ဂျွိုင်း ၊ စတီယာရင် စသောအချက်များစွာနှင့် သက်ဆိုင်နေပါသည်။

(၆) တာယာပြဿနာ

တာယာကြောင့်လည်း တုန်ခါမှု မြည်သံထွက်နိုင်သည်။

အချို့သော စတီယာရင်များသည် လိမ်ဖည်နေတတ်သည်။

လိမ်ဖည်နေသောတာယာသည် Speed မြန်လာပါက တုန်ခါမှုဖြစ်စေသည်။

တာယာ Balance အောက်နေပါက တာယာတုန်ခါမှုဖြစ်တတ်သည်။

တာယာBalance ညီညာမှု ရှိ/မရှိ Balancing စက်ပေါ်တွင် တင်၍ ချိန်ပေးသင့်ပါသည်။

အချို့တာယာများသည် ပန်းသားပွန်းစားမှု မညီမညာဖြစ်လာလျှင် တုန်ခါတတ်ပါသည်။

တာယာများကို ရှေ့နောက် ဘယ်ညာလှည့်သုံးပေးပါ။

တာယာလေပေါင်ဖိအား၊ တာယာတပ်ဆင်လျှင် ဒစ်ဝှီးခွေနှင့် တာယာအထိုင်ကျ များမှန်ကန်အောင်ပြုလုပ်သင့်ပါသည်။

တာယာဖြုတ်တပ်လျှင် ဖြုတ်-တပ်စက် (Tire Changer) နှင့် တပ်ဆင်သင့်ပါသည်။

ထို့အပြင် တာယာဘီးများကို အလိုင်းမင့် ပုံမှန်ချိန်သင့်ပါသည်။

တာယာလဲလျှင် ပန်းအမျိုးအစားတူ အစုံလိုက်လဲသင့်ပါသည်။

အချို့တာယာများသည် စက်ရုံမှထုတ်လုပ်စဉ်အချိန်ကပင် အရည်အသွေးချို့ယွင်းချက်ရှိတတ်ပါသည်။

တာယာအသစ်လည်း Balance ချိန်ရန်လိုအပ်ပါသည်။

မော်တော်ယာဉ်တစ်စီးတွင် ဖြစ်တတ်သော တုန်ခါမှုပြဿနာ(၆)မျိုးကို တင်ပြခဲ့ပါသည်။

အချို့ပြဿနာများသည် အရေးမကြီးသော်လည်း ကြာကြာထားလျှင် ပိုမိုပျက်စီးစေသော လမ်ကြောင်းပေါ်သို့ ဦးတည်သွားနေတတ်သည်။

ကားတစ်စီးသည် ပုံမှန်အနေအထား အခြေအနေတွင်သာ အလုပ်ခိုင်းသင့်ပါသည်။

မူမမှန်သော တုန်ခါမှုများသည် ချို့ယွင်းချက် အပြစ်ရှိသော လက္ခဏာများသာဖြစ်သည်။

Source:car lover

Read times
Rate this item
(0 votes)