What's new



တစ်ပတ်အတွင်း ရန်ကုန်ကားဈေးကွက်အခြေအနေ သုံးသပ်ချက်နှင့် ကားဈေးနှုန်းများ (Zawgyi – Unicode)

တစ်ပတ်အတွင်း ရန်ကုန်ကားဈေးကွက်အခြေအနေ သုံးသပ်ချက်နှင့် ကားဈေးနှုန်းများ (Zawgyi – Unicode) google

၂၀၁၈ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မူဝါဒများ ထုတ်ပေးရန် နီးကပ်လာသည်နှင့်အမျှ ကားဈေးကွက်အခြေအနေမှာလည်း


လာမည့်နှစ်တွင် ဘယ်မောင်းကားများကိုသာ ဦးစားပေးတင်သွင်းခွင့်ပြုမည့်အခြေအနေအရ ညာမောင်းကားများ၏ဈေးမှာ မြင့်တက်ရန်သေချာနေရာ ဝယ်/ရောင်းများနှင့် ဝယ်စီးရောင်းများသာမက အပြင်ဝယ်လက်များကပါ ကားကောင်းလျှင်ဈေးမကြည့်တော့ဘဲ

ဝယ်ယူလာကြသဖြင့် ဈေးကွက်လှုပ်ရှားမှုမှာ အားကောင်းနေကြောင်းသိရသည်။

 


 

ရောက်ပြီးသားကားများ အရောင်းအဝယ်ဖြစ်နေသလို ညာမောင်းကားတင်သွင်းမှုမှာလည်း များလာသဖြင့် စလစ်ဈေးမှာ ကျပ်သိန်း၁၂၀ဝန်းကျင်အထိ မြင့်တက်သွားခဲ့သည်။

ယခုရက်ပိုင်းမှာ အရောင်းအဝယ်ဖြစ်ပြီး  ဈေးများလည်းတက် ရိပ်ပြနေပါသည်။

စလစ်ဈေးသည်လည်း တပတ်အတွင်းမှာ ခုနှစ်သိန်းခန့်အထိမြင့်တက်သွားပါသည်။

၁၃၀၀စီစီ ညာမောင်းကားများကို ရန်ကုန်လိုင်စင်ဖြင့်တင်သွင်းလာသည့်အတွက် တိုက်ကြေစနစ်ဆိုလျှင်လည်း ၁၉၀သိန်းဝန်းကျင် ဈေးမြင့်တက်သွားပါသည်။

ကားအရောင်းစင်တာများတွင်လည်း နယ်လိုင်စင်နဲ့တင်သွင်းထားသောကားတွေမှာ ပစ္စည်းပြတ်သွားသည်အထိ ဖြစ်ခဲ့ပြီး ယခုအချိန်မှုာ စလစ်ကပ်ပြီး တင်သွင်းလာသည့်အတွက် ဝယ်လိုအားများပြီး စလစ်ဈေးမြင့်တက်သွားခြင်းဖြစ်ပါသည်။

လာမည့်နှစ်၏မော်တော်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်မှာ ညာမောင်းများကို လုံးဝတင်သွင်းခွင့်မပြုလျှင် ယခုနှစ်မကုန်ခင်တွင် စလစ်ဈေးသည် ယခင်ကလို သိန်း၁၄၀ဝန်းကျင်လောက်အထိ မြင့်တက်သွားနိုင်ချေရှိကြောင်း Bagan Automotive

ကားအရောင်းစင်တာ မန်နေဂျင်းဒါရိုက်တာမှ ပြောကြားကြောင်း သိရပါသည်။

ကားဈေးများ မြင့်တက်သည်ဆိုရာတွင် Toyota Land Cruiser၊ Mark II( ရွှေငါး)၊ Honda Fit GK 3၊ Honda Insight စသည့်ကားများမှာ ဈေးတက်ကြမ်းကြမ်းဖြင့် မြင့်တက်သွားသော်လည်း Toyota Ractis၊ Toyota Belta၊  Toyota Vitz၊ Toyota bBတို့မှာ

ပုံမှန်ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

ယခင်နှစ်များက ဝယ်ယူမှုနှင့် ဝယ်လိုအားများခဲ့သော Toyota Vanguardမှာလည်း တက်ရိပ်ပြသည့် ကားများတွင်မပါဘဲ ပုံမှန်ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေသည်။


ခွင့်ပြုပေးမည်ဟု သတင်များထွက်ပေါ်နေရာဈေးကွက်အပြောင်းအလဲသည်လည်း ကြီးမားသွားမည်ဖြစ်ကြောင်းသိရသည်။

နှစ်မကုန်မီ ကားဈေးကွက်အခြေအနေသည် လာမည့်နှစ်အတွက် မိုဒယ်သတ်မှတ်ချက်နှင့် ပါမစ်လျှောက်ခွင့်ပြုမည့် နောက်ဆုံးရက်အပေါ်တို့တွင် မူတည်နေရာ အောက်တိုဘာ ၁ရက်မှစ၍ တင်သွင်းခွင့်ပါမစ်များကို ၂၀၁၈ခုနှစ်မူအတိုင်း ဆောင်ရွက်ရမည်ဆိုပါက

ညာမောင်းကားများ၏ ဈေးမှာ အတတ်ကြမ်းကြမ်းဖြင့် မြင့်တက်သွားဖွယ်ရှိကြောင်း ကားတင်သွင်းသူများက ခန့်မှန်းထားကြောင်းသိရသည်။

ကားဈေးနှုန်းများ

စဉ် ကားအမျိုးအစား နံပါတ် မိုဒယ် ဈေးနှုန်း
Honda Fit ယာယီ 2012 195

Source: automobile


(Unicode)

တစ်ပတ်အတွင်း ရန်ကုန်ကားစျေးကွက်အခြေအနေ သုံးသပ်ချက်နှင့် ကားစျေးနှုန်းများ (Zawgyi – Unicode)

၂၀၁၈ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မူဝါဒများ ထုတ်ပေးရန် နီးကပ်လာသည်နှင့်အမျှ ကားစျေးကွက်အခြေအနေမှာလည်း တစ်ဖြည်းဖြည်းပို၍လှုပ်ခတ်လာသည်။

လာမည့်နှစ်တွင် ဘယ်မောင်းကားများကိုသာ ဦးစားပေးတင်သွင်းခွင့်ပြုမည့်အခြေအနေအရ ညာမောင်းကားများ၏စျေးမှာ မြင့်တတ်ရန်သေချာနေရာ ဝယ်/ရောင်းများနှင့် ဝယ်စီးရောင်းများသာမက အပြင်ဝယ်လက်များကပါ ကားကောင်းလျှင်စျေးမကြည့်တော့ဘဲ

ဝယ်ယူလာကြသဖြင့် စျေးကွက်လှုပ်ရှားမှုမှာ အားကောင်းနေကြောင်းသိရသည်။

 

***သင်စိတ်ဝင်စားနိုင်သော လျှပ်စစ်ကားများ၏ အားသွင်းစနစ်ပါထည့်သွင်းထုတ်လုပ်ထားသည့် Ford -C-Max Hybird 2017 ***

 

ရောက်ပြီးသားကားများ အရောင်းအဝယ်ဖြစ်နေသလို ညာမောင်းကားတင်သွင်းမှုမှာလည်း များလာသဖြင့် စလစ်စျေးမှာ ကျပ်သိန်း၁၂၀ဝန်းကျင်အထိ မြင့်တတ်သွားခဲ့သည်။

ယခုရက်ပိုင်းမှာ အရောင်းအဝယ်ဖြစ်ပြီး  စျေးများလည်းတတ်ရိပ်ပြနေပါသည်။

စလစ်စျေးသည်လည်း တပတ်အတွင်းမှာ ခုနှစ်သိန်းခန့်အထိမြင့်တတ်သွားပါသည်။

၁၃၀၀စီစီ ညာမောင်းကားများကို ရန်ကုန်လိုင်စင်ဖြင့်တင်သွင်းလာသည့်အတွက် တိုက်ကြေစနစ်ဆိုလျှင်လည်း ၁၉၀သိန်းဝန်းကျင် စျေးမြင့်တတ်သွားပါသည်။

ကားအရောင်းစင်တာများတွင်လည်း နယ်လိုင်စင်နဲ့တင်သွင်းထားသောကားတွေမှာ ပစ္စည်းပြတ်သွားသည်အထိ ဖြစ်ခဲ့ပြီး ယခုအချိန်မှုာ စလစ်ကပ်ပြီး တင်သွင်းလာသည့်အတွက် ဝယ်လိုအားများပြီး စလစ်စျေးမြင့်တတ်သွားခြင်းဖြစ်ပါသည်။

လာမည့်နှစ်၏မော်တော်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်မှာ ညာမောင်းများကို လုံးဝတင်သွင်းခွင့်မပြုလျှင် ယခုနှစ်မကုန်ခင်တွင် စလစ်စျေးသည် ယခင်ကလို သိန်း၁၄၀ဝန်းကျင်လောက်အထိ မြင့်တတ်သွားနိုင်ချေရှိကြောင်း Bagan Automotive

ကားအရောင်းစင်တာ မန်နေဂျင်းဒါရိုုက်တာမှ ပြောကြားကြောင်း သိရပါသည်။

ကားစျေးများ မြင့်တတ်သည်ဆိုရာတွင် Toyota Land Cruiser၊ Mark II( ရွှေငါး)၊ Honda Fit GK 3၊ Honda Insight စသည့်ကားများမှာ စျေးတတ်ကြမ်းကြမ်းဖြင့် မြင့်တတ်သွားသော်လည်း Toyota Ractis၊ Toyota Belta၊  Toyota Vitz၊ Toyota bBတို့မှာ

ပုံမှန်စျေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

ယခင်နှစ်များက ဝယ်ယူမှုနှင့် ဝယ်လိုအားများခဲ့သော Toyota Vanguardမှာလည်း တတ်ရိပ်ပြသည့် ကားများတွင်မပါဘဲ ပုံမှန်စျေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေသည်။

လာမည့်နှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်များကို အောက်တိုဘာ ၁ရက်နေ့တွင် ထုတ်ပြန်မည်ဟု သိရှိရပြီး ယင်းရက်မှစပြီး  နှစ်ကုန်အထိ သွင်းကုန်ပါမစ်လျှောက်ရာတွင်လည်း ၂၀၁၈ခုနှစ် မိုဒယ်သတ်မှတ်ချက်အတိုင်းသာ

ခွင့်ပြုပေးမည်ဟု သတင်များထွက်ပေါ်နေရာစျေးကွက်အပြောင်းအလဲသည်လည်း ကြီးမားသွားမည်ဖြစ်ကြောင်းသိရသည်။

နှစ်မကုန်မီ ကားစျေးကွက်အခြေအနေသည် လာမည့်နှစ်အတွက် မိုဒယ်သတ်မှတ်ချက်နှင့် ပါမစ်လျှောက်ခွင့်ပြုမည့် နောက်ဆုံးရက်အပေါ်တို့တွင် မူတည်နေရာ အောက်တိုဘာ ၁ရက်မှစ၍ တင်သွင်းခွင့်ပါမစ်များကို ၂၀၁၈ခုနှစ်မူအတိုင်း ဆောင်ရွက််ရမည်ဆိုပါက

ညာမောင်းကားများ၏ စျေးမှာ အတတ်ကြမ်းကြမ်းဖြင့် မြင့်တတ်သွားဖွယ်ရှိကြောင်း ကားတင်သွင်းသူများက ခန့်မှန်းထားကြောင်းသိရသည်။

ကားစျေးနှုန်းများ

စဉ်      ကားအမျိုးအစား နံပါတ်  မိုဒယ်  စျေးနှုန်း

၁        Honda Fit      ယာယီ  2012   195

၂        Toyota Belta ယာယီ  2011   200

၃        Toyota Wish  YGN    2011   340

၄        Honda Insight MDY   2012   210

၅        Toyota Crown YGN    2004   340

၆        Toyota Axio   ယာယီ  2014   270

၇        Mitsubishi RVR         MDY   2010   380

၈        Diahatsu Hijet BGO    2009   95

၉        Toyota Probox         BGO    2012   175

၁၀      Toyota Alphard        YGN    2003   345

Source: automobile

Read times
Rate this item
(1 Vote)