What's new



ရန္ကုန္ၿမိဳ႕၏ယာဥ္ေၾကာပိတ္ဆုိ႕မႈႏွင့္အထူးသင့္ေလ်ာ္ေသာ Hum Rider(Zawgyi-Unicode)

ရန္ကုန္ၿမိဳ႕၏ယာဥ္ေၾကာပိတ္ဆုိ႕မႈႏွင့္အထူးသင့္ေလ်ာ္ေသာ Hum Rider(Zawgyi-Unicode) google

ကမာၻ႕ၿမိဳ႕ၾကီးမ်ားတြင္ယာဥ္ေၾကာပိတ္ဆို႕မႈျပႆနာကိုအျမဲလုိလုိၾကဳံေတြ႕ေနရၿပီးအေရးေပၚကိစၥရွိသူမ်ား

အတြက္မိမိကားေရွ႕တြင္တျခားကားမ်ားတစ္သီတစ္တန္းၾကီးပိတ္ေနျခင္းကိုေရွာင္လႊဲခ်င္ၾကသည္မွာအမွန္ပင္ ျဖစ္ပါသည္။

ထုိ႕သုိ႕ေရွုာင္လြဲမႈကိုအေကာင္အထည္ေဖာ္ႏုိင္ေစရန္အေမရိကန္ဆက္သြယ္ေရးကုမၸဏီ Verizon က Hum Rider ဟုအမည္ေပးထားသည့္ထူးထူးျခားျခားကားတစ္မ်ိဳးကုိ ၂၀၁၇ ခုႏွစ္၊မတ္လတြင္မိတ္ဆက္ျပသခဲ့ပါသည္။

Hum Rider ကိုအရြယ္အစားၾကီး Jeep Grand Cherokee အေပၚအေျခခံတည္ေဆာက္ထားၿပီးကားကိုယ္ထည္ႏွင့္ဘီးမ်ားကပုံမွန္ကဲ့သုိ႕တစ္ဆက္တည္းမဟုတ္ပါဘူး။

အဆင့္ျမင့္ဟုိက္ေျဒာလစ္နည္းပညာတပ္ဆင္ထားေသာေၾကာင့္ကားဘီးမ်ားကိုရွစ္ေပအကြာအေ၀းအထိေဘးဘက္ခ်ဲ႕ထုတ္ႏုိင္သကဲ့သို႕ကိုယ္ထည္ကိုလည္းငါးေပအျမင့္အထိအေပၚကုိျမွင့္တင္လို႕ရရန္ဖန္တီးထားပါသည္။

 

***သင္စိတ္၀င္စားႏုိင္ေသာကားေမာင္းသူမ်ားလုိက္နာသင့္သည့္အခ်က္မ်ား***

 

ယင္းလုပ္ေဆာင္ခ်က္ကိုကားဒက္ရွ္ဘုတ္ေပၚမွခလုတ္တစ္ခ်က္ႏိွပ္ရုံျဖင့္ဖန္တီးႏုိင္ၿပီး Hum Rider သည္ေရွ႕ကပိတ္ေနသည့္ကားမ်ားအေပၚမွေက်ာ္ျဖတ္ေမာင္းႏွင္ႏုိင္မည့္ပုံစံမ်ိဳးျဖစ္သြားပါလိမ့္မည္။

ကားေမာင္းသူအေနျဖင့္အျမင့္ပိုင္းကေမာင္းရလို႕ေအာက္ကကားမ်ားၾကည့္ရန္အခက္အခဲမရွိေအာင္လည္း Hum Rider ကိုယ္ထည္ေအာက္တြင္ကင္မရာေလးလုံးတပ္ဆင္ထားၿပီး Bird’s Eye View စနစ္ႏွင့္ေအာက္ဘက္ျမင္ကြင္းမ်ားကို Touch Screen မွတစ္ဆင့္ကြဲကြဲျပားျပားျမင္ႏုိင္သည့္အတြက္လိုရာခရီး ကိုျမန္ျမန္ဆန္ဆန္သြားေရာက္ႏုိင္မည္ျဖစ္ပါသည္။

Hum Rider တြင္ပါ၀င္သည့္ဟုိက္ေျဒာလစ္နည္းပညာအတြက္စြမ္းအင္ထုတ္ေပးရန္ Honda မိးစက္တစ္လုံးကိုကားေဘာနတ္ေအာက္တြင္တပ္ထားသကဲ့သို႕တျခားအပိုပစၥည္းမ်ားလည္းပါေနေသာေၾကာင့္ ပုံမွန္ Jeep Grand Cherokee တစ္စီးထက္ Hum Rider အေလးခ်ိန္ကႏွစ္ဆေလာက္ပိုေလးၿပီးစုစုေပါင္း ေပါင္ ၈၅၀၀ အေလးခ်ိန္ရွိပါသည္။

သုိ႕ေသာ္ပုံမွန္ကားမ်ားကဲ့သို႕ Hum Rider ကိုေမာင္းႏွင္ႏုိင္မည္ဟုတီထြင္ခဲ့သည့္ Verizon ကဆုိပါသည္။

လမ္းေပၚတြင္ကားမ်ားပိတ္ေနသည့္အခါအေပၚကုိျမွင့္ၿပီးေရွ႕ကားမ်ားကိုေက်ာ္ျဖတ္ေမာင္းႏွင္ႏုိင္သည့္ Hum Rider ၏အားနည္းခ်က္ကအရြယ္အစားေသးသည့္ကားမ်ားေလာက္သာေက်ာ္လႊားႏုိင္ၿပီး ဘတ္စ္ကား၊ ထရပ္ကားမ်ားႏွင့္ၾကဳံပါကေရွ႕ဆက္မတိုးႏုိင္တာပါပဲ။

တစ္လကိုအေမရိကန္ေဒၚလာက်သင့္မည့္မိမိကား၏တည္ေနရာ၊အေရးေပၚအကူအညီ၊အျမန္ႏႈန္းသတိေပးခ်က္၊ ကား၏စက္ပိုင္းဆုိင္ရာအေျခအေနစသည္တုိ႕ကိုေဖာျ္ပေပးမည့္ feature မ်ားပါ၀င္သည့္ Hum Car Gadget ကိုအေရာင္းျမွင့္တင္ႏုိင္ရန္အတြက္ Hum Rider ကို Verzion ကတီထြင္ခဲ့ျခင္းျဖစ္ပါသည္။

သို႕ေသာ္ Hum Rider သည္ ၂၀၁၆ ခုႏွစ္တုန္းကတရုတ္ႏုိင္ငံတြင္တီထြင္ခဲ့သည့္ Elevated Bus ကိုပုံတူကူးထားတာဟုလည္းေ၀ဖန္မႈတခ်ိဳ႕ခံေနရပါသည္။

Source:Automobile Journal

(Unicode)

ကမ္ဘာ့မြို့ကြီးများတွင်ယာဉ်ကြောပိတ်ဆို့မှုပြဿနာကိုအမြဲလိုလိုကြုံတွေ့နေရပြီးအရေးပေါ်ကိစ္စရှိသူများ အတွက်မိမိကားရှေ့တွင်တခြားကားများတစ်သီတစ်တန်းကြီးပိတ်နေခြင်းကိုရှောင်လွှဲချင်ကြသည်မှာအမှန်ပင် ဖြစ်ပါသည်။
ထို့သို့ရှေုာင်လွဲမှုကိုအကောင်အထည်ဖော်နိုင်စေရန်အမေရိကန်ဆက်သွယ်ရေးကုမ္ပဏီ Verizon က Hum Rider ဟုအမည်ပေးထားသည့်ထူးထူးခြားခြားကားတစ်မျိုးကို ၂၀၁၇ ခုနှစ်၊မတ်လတွင်မိတ်ဆက်ပြသခဲ့ပါသည်။
Hum Rider ကိုအရွယ်အစားကြီး Jeep Grand Cherokee အပေါ်အခြေခံတည်ဆောက်ထားပြီးကားကိုယ်ထည်နှင့်ဘီးများကပုံမှန်ကဲ့သို့တစ်ဆက်တည်းမဟုတ်ပါဘူး။
အဆင့်မြင့်ဟိုက်ဒြောလစ်နည်းပညာတပ်ဆင်ထားသောကြောင့်ကားဘီးများကိုရှစ်ပေအကွာအဝေးအထိဘေးဘက်ချဲ့ထုတ်နိုင်သကဲ့သို့ကိုယ်ထည်ကိုလည်းငါးပေအမြင့်အထိအပေါ်ကိုမြှင့်တင်လို့ရရန်ဖန်တီးထားပါသည်။

 

***သင်စိတ်ဝင်စားနိုင်သောကားမောင်းသူများလိုက်နာသင့်သည့်အချက်များ***


ယင်းလုပ်ဆောင်ချက်ကိုကားဒက်ရှ်ဘုတ်ပေါ်မှခလုတ်တစ်ချက်နှိပ်ရုံဖြင့်ဖန်တီးနိုင်ပြီး Hum Rider သည်ရှေ့ကပိတ်နေသည့်ကားများအပေါ်မှကျော်ဖြတ်မောင်းနှင်နိုင်မည့်ပုံစံမျိုးဖြစ်သွားပါလိမ့်မည်။
ကားမောင်းသူအနေဖြင့်အမြင့်ပိုင်းကမောင်းရလို့အောက်ကကားများကြည့်ရန်အခက်အခဲမရှိအောင်လည်း Hum Rider ကိုယ်ထည်အောက်တွင်ကင်မရာလေးလုံးတပ်ဆင်ထားပြီး Bird’s Eye View စနစ်နှင့်အောက်ဘက်မြင်ကွင်းများကို Touch Screen မှတစ်ဆင့်ကွဲကွဲပြားပြားမြင်နိုင်သည့်အတွက်လိုရာခရီး ကိုမြန်မြန်ဆန်ဆန်သွားရောက်နိုင်မည်ဖြစ်ပါသည်။
Hum Rider တွင်ပါ၀င်သည့်ဟိုက်ဒြောလစ်နည်းပညာအတွက်စွမ်းအင်ထုတ်ပေးရန် Honda မိးစက်တစ်လုံးကိုကားဘောနတ်အောက်တွင်တပ်ထားသကဲ့သို့တခြားအပိုပစ္စည်းများလည်းပါနေသောကြောင့် ပုံမှန် Jeep Grand Cherokee တစ်စီးထက် Hum Rider အလေးချိန်ကနှစ်ဆလောက်ပိုလေးပြီးစုစုပေါင်း ပေါင် ၈၅၀၀ အလေးချိန်ရှိပါသည်။
သို့သော်ပုံမှန်ကားများကဲ့သို့ Hum Rider ကိုမောင်းနှင်နိုင်မည်ဟုတီထွင်ခဲ့သည့် Verizon ကဆိုပါသည်။
လမ်းပေါ်တွင်ကားများပိတ်နေသည့်အခါအပေါ်ကိုမြှင့်ပြီးရှေ့ကားများကိုကျော်ဖြတ်မောင်းနှင်နိုင်သည့် Hum Rider ၏အားနည်းချက်ကအရွယ်အစားသေးသည့်ကားများလောက်သာကျော်လွှားနိုင်ပြီး ဘတ်စ်ကား၊ ထရပ်ကားများနှင့်ကြုံပါကရှေ့ဆက်မတိုးနိုင်တာပါပဲ။
တစ်လကိုအမေရိကန်ဒေါ်လာကျသင့်မည့်မိမိကား၏တည်နေရာ၊အရေးပေါ်အကူအညီ၊အမြန်နှုန်းသတိပေးချက်၊ ကား၏စက်ပိုင်းဆိုင်ရာအခြေအနေစသည်တို့ကိုဖောြ်ပပေးမည့် feature များပါ၀င်သည့် Hum Car Gadget ကိုအရောင်းမြှင့်တင်နိုင်ရန်အတွက် Hum Rider ကို Verzion ကတီထွင်ခဲ့ခြင်းဖြစ်ပါသည်။
သို့သော် Hum Rider သည် ၂၀၁၆ ခုနှစ်တုန်းကတရုတ်နိုင်ငံတွင်တီထွင်ခဲ့သည့် Elevated Bus ကိုပုံတူကူးထားတာဟုလည်းဝေဖန်မှုတချို့ခံနေရပါသည်။
Source:Automobile Journal

Read times
Rate this item
(0 votes)