What's new



Delivery Service အတွက် သင့်တော်တဲ့ Adixin Miniclove ဆိုင်ကယ်

Delivery Service အတွက် သင့်တော်တဲ့ Adixin Miniclove ဆိုင်ကယ် google

မြန်မာနိုင်ငံဈေးကွက်ထဲကို ၀င်ရောက်နေတဲ့ဆိုင်ကယ်တွေထဲမှာ ပုံစံအမျိုးမျိုးနဲ့ မရိုးရအောင် ၀င်ရောက်လာပါတယ်။

အခုလည်း ခေတ်နဲ့အညီ အမီလိုက်ပြီး အရည်အသွေးကောင်းအောင် ထုတ်လုပ်နေတာကတော့ တရုတ်နိုင်ငံထုတ် Adixin ပဲဖြစ်ပါတယ်။မန္တလေးမြို့တွင် ဖွင့်လှစ်ထားသော showroom အများစုမှာ Adixin ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့လပိုင်းအတွင်းကပဲ Delivery Service လုပ်တဲ့ သူတွေ အဆင်ပြေစေရန် ရည်ရွယ်ပြီး Adixin Miniclove ဆိုတဲ့ ဆိုင်ကယ်အမျိုးအစားကို ထုတ်လုပ်လိုက်ပြန်ပါတယ်။

 

Delivery Service လုပ်တဲ့သူအများစုဟာ စက်ဘီး သို့မဟုတ် ဆိုင်ကယ်နဲ့ ပြုလုပ်တာကြောင့် အခု ဆိုင်ကယ်လေးထုတ်လုပ်လိုက်တော့ ပိုအဆင်ပြေသွားတာပေါ့။Adixin Miniclove ဆိုင်ကယ်အမျိုးအစားကို ရုတ်တရက်ကြည့်လိုက်ရင် ဘက်ထရီဆိုင်ကယ်နဲ့ ဆင်တူပါတယ်။ အမှန်ကတော့ ဓာတ်ဆီသုံး အင်ဂျင်ပါဝါ 90CC ,Auto Gear နဲ့ထုတ်လုပ်ထားတာဖြစ်ပါတယ်။

 

Delivery လုပ်ငန်းနဲ့ online shopping လုပ်ကိုင်သူများအတွက် ရည်ရွယ်ထုတ်လုပ်ထားတာကြောင့် ထိုဆိုင်ကယ်ရဲ့အနောက်မှာ အစားအသောက်တွေ အဆင့်ဆင့်ထည့်လို့ရမဲံ ပလတ်စတစ်ပုံးတစ်ပုံး တင်ဆောင်ပေးထားပါသည်။ ထိုပလတ်စတစ်ပုံးကို လုပ်ငန်းလုပ်ကိုင်ချိန်မှာ နောက်ထိုင်ခုံနဲ့အတူ ခိုင်ခံ့စွာချည်နောင်ထားနိုင်သလို မလိုအပ်တဲံချိန်မှာ အလွယ်တကူဖြုတ်ချထားလို့ရပါတယ်။ ထိုဆိုင်ကယ်နဲ့သွားလာနေရင်း ဖုန်းအားနည်းနေတဲ့ အချိန်မျိုးမှာလည်း အလွယ်တကူအားသွင်းလို့ရနိုင်အောင် USB ပေါက်လည်းထည့်သွင်းပေးထားသလို ခေတ်နဲ့အညီ အင်ဂျင် stop ခလုတ်ပါထည့်သွင်းပေးထားပါတယ်။

 

ဒိုင်ခွက်ကို သမားရိုးကျ ရိုးရိုးဒိုင်ခွက်၊ ရှေ့မီးကိုသမားရိုးကျ မီးအ၀ါရောင်သုံးထားပေမဲ့ အချက်ပြဘေးမီးတွေမှာ LED မီးအ၀ါအသုံးပြုထားသလို Delivery သုံးဆိုင်ကယ်ဖြစ်တာကြောင့် ဆိုင်ကယ်ရင်အုပ်ရှေ့မှာ ခြင်းတောင်းလေးပါ တပ်ဆင်ပေးထားပါတယ်။အင်ဂျင်ပါဝါခပ်သေးသေးနဲ့ ထုတ်လုပ်ပေးထားတာကြောင့် ဆီစားသက်သာစေမဲ့အပြင် ရှေ့/နောက်ဘီးတွေကိုလည်း Tubeless နဲ့ ထုတ်လုပ်ပေးထားတာကြောင့် လမ်းခရီးသွားရင်း ဆိုင်ကယ်ဘီးပေါက်တဲံ ဒုက္ခမျိုးအတွက် စိုးရိမ်စရာမရှိဘူးလို့ Adixin ကုမ္ပဏိကဆိုပါတယ်။

 

Delivery လုပ်ငန်းလုပ်ကိုင်သူတွေအမြင် ၁၀ ကျော်သက်ကလေးအရွယ်တွေပါရင် ပေါ့ပေါ့ပါပါးမောင်းနှင်နိုင်အောင်လို့ ရှေ့/နောက်ဘရိတ်တွေကို Hub ဘရိတ်တွေအသုံးပြုပေးထားပါတယ်။ Adixin Miniclove ဆိုင်ကယ်အမျိုးအစားကို လိမ္မော်ရောင်၊ အနက်ရောင်၊ အဖြူရောင်၊ အနီရောင်အပါအ၀င် အရောင်ခြောက်ရောင်နဲ့ထုတ်လုပ်ပေးထားသလို မန္တလေးဈေးကွက်ထဲမှာ တစ်စီးကို ကျပ်ကိုးသိန်းနဲ့ ရောင်းချပေးထားပြီး အင်ဂျင်ခြောက်လအာမခံနဲ့ Service တစ်နှစ်ဝန်ဆောင်မှုတို့ ပေးထားကြောင်းလဲ သိရသည်။

Source: automobile journal

 

Related Item:စင်ကာပူနိုင်ငံမှာ လျှပ်စစ်ကားတွေနဲ့ စတင်ပြေးဆွဲပြီဖြစ်တဲ့ Grab ရဲ့ခြေလှမ်းတစ်ခု

 

Read times
Rate this item
(1 Vote)