What's new



ယခုနှစ်အတွင်းမှာ ပြည်တွင်းကားဈေးကွက် ဘယ်လိုဆက်ဖြစ်လာမလဲ

၂၀၁၉ ခုနှစ် ကားတင်သွင်းခွင့် ပေါ်လစီအရကတော့ ကားတင်သွင်းတာတွေ နည်းပါးသွားပြီး ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တဲ့ ဘယ်မောင်းဘရန်းနယူးကားတွေရဲ့ ဈေးကွက်က တဖြည်းဖြည်းနဲ့  ဈေးကွက်ဝေစု များလာမှာ ဖြစ်ပါတယ်။

 

    ဆူဇူကီး ကေအယ်လ်ဆဲဗင်း မီဂါဆစ်ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ကိုကျော်မင်းထွန်းက “ ဒီနှစ်မှာ တော့ ၂၀၁၉ ခုနှစ်အတွက် ပြည်ပကနေ တင်သွင်းမယ့် ကားတွေရဲ့ မော်ဒယ်လ်သတ်မှတ်ချက်တွေဟာ နှစ်လကျော်လောက် စောပြီး ထွက်ရှိထားပါတယ်။ ဒါပေမဲ့ ကြိုတင်ပြင်ဆင်ပြီး တင်သွင်းရမယ့်ကားက မရှိသလောက်ဖြစ်သွားတယ် ” လို့ ပြောပါတယ်။

 

      အဲဒီ မော်ဒယ်လ်သတ်မှတ်ချက်ဟာ မော်ဒယ်လ်မြင့် ဘယ်မောင်းကားအမျိုးအစားတွေချည်း ဖြစ်သွားတယ်။ မော်ဒယ်လ်တွေ  အရမ်းမြင့်သွင်းတော့ ကားတန်ဖိုးတွေ  မြင့်တက်သွားတာရယ်၊ အမေရိကန်ဒေါ်လာဈေး မြင့်တက်နေတာရယ်ကြောင့်  အရောင်းအဝယ်လုပ်ဖို့ တင်သွင်းရမယ့်ကား မရှိသလောက် ဖြစ်သွားပါတယ်။

 

 ၂၀၁၉ မော်ဒယ်လ် သတ်မှတ်ချက်အရ အိမ်စီးကား ဘယ် မောင်း ၂၀၁၇ မော်ဒယ်လ် အထက်တင်သွင်းမယ့်သူက နည်းပါးသွားပါမယ်။ ဘာကြောင့်လည်း ဆိုတော့ ကားတစ်စီးကို ကျပ်သိန်း ၈ဝဝ ၊ ကျပ်သိန်း ၁ဝဝဝ ကျော်လောက် ရင်းနှီးထားပြီး  ဘယ်နေ့ရောင်းရ မှန်းမသိတဲ့ အလုပ်မျိုးဖြစ်သွား တော့ ကားတင်သွင်းရောင်းချတဲ့သူ မရှိသလောက် ဖြစ်သွားပါမယ်။

 

      တင်သွင်းရမယ့် ဘရန်းနယူးကားတွေကလည်း ပြည်တွင်းက ဘရန်းနယူးကားရှိုးရွမ်းတွေမှာ ဝယ်ယူလို့  ရနေပါတယ်။  ကမ္ဘာကျော်ဘရန်းတွေဖြစ်တဲ့ မာစီဒီးစ်-ဘင့်ဇ်၊ ချက်ပလက်၊ ဖို့ဒ်၊ ဘီအမ်ဒဗလျူ၊ တိုယိုတာ၊ မာဇဒါစတဲ့  ကားအရောင်းပြခန်းတွေ ရှိနေပြီ ဖြစ်တယ်။ ဒါပေမဲ့  ပြည်ပက တင်သွင်းတဲ့ ဘရန်းနယူးကားတွေကို ရန်ကုန်လိုင်စင်နဲ့ ဝယ်ယူခွင့်မရှိဘဲ  နယ်လိုင်စင်နဲ့သာ ဝယ်ယူခွင့် ရှိတဲ့အတွက် ရန်ကုန်က ဝယ်လက်တွေ အနေနဲ့ ဝယ်ယူမယ်ဆိုရင်  ရန်ကုန် လိုင်စင်ရဖို့ စလစ်ကပ်ရဦးမှာ ဖြစ်ပါတယ်။

 

     လက်ရှိမှာ ရန်ကုန်လိုင်စင်သက်တမ်း နှစ်နှစ်ဆယ် အမည်ပေါက် စလစ်တစ်စောင်ရဲ့ ဈေးနှုန်းဟာ ကျပ်သိန်း ၁၃၀ ဝန်းကျင် ရှိပါတယ်။ အဲဒီကားတွေအတွက် YVQC စနစ်နဲ့ ရန်ကုန်လိုင်စင် ချထားပေးတဲ့စနစ်ကို သည်လထဲမှာ စတင်အကောင်အထည်ဖော်မယ်လို့ သတင်းတွေ ထွက်ရှိနေပေမဲ့ အခုထိ ထွက် ရှိမလာသေးပါဘူး။

 

   အဲဒီစနစ်အရ အိမ်စီးကားအားလုံးကို အင်ဂျင်ပါဝါမရွေးဘဲ ကျပ်သိန်း ၉၀ နှုန်းထားကောက်မယ်ဆိုရင် စလစ်ကပ်ရတာထက် ကျပ် သိန်း ၄၀  လောက် သက်သာပြီး ရန် ကုန်လိုင်စင် ရနိုင်ပါလိမ့်မယ်။ ဒါေ မဲ့ ပြည်တွင်းမှာ တပ်ဆင်ထုတ် လုပ်တဲ့ SKD ကားတွေကို ရန်ကုန် လိုင်စင်နဲ့ ရောင်းချခွင့် ပေးထားတဲ့ အတွက် ပြည်ပက တင်သွင်းတဲ့ ဘရန်းနယူးကားသစ်တွေ ရောင်း ဝယ်ရ ခက်ခဲစေပါတယ်။

 

စလစ်ဆက်ရှိမှာလား

        ၂၀၁၉ မှာ ကားဟောင်းစလစ် တွေ အရောင်းအဝယ် ဆက်ရှိနေ မှာလား ဆိုတာကတော့ YVQC စနစ် ထွက်ရှိလာတဲ့ အပေါ် မူတည် နေပါတယ်။ လက်ရှိမှာတော့ ပြည် ပက တင်သွင်းတဲ့ ဘရန်းနယူး ကားသစ်တွေ ရန်ကုန်လိုင်စင်ရရှိဖို့ စလစ်ကပ်ဖို့ လိုအပ်နေဆဲဖြစ်ပြီး လက်ကျန်ကွန်ဆိုင်းမန့်ကားတွေအတွက်လည်း စလစ်ကပ်ဖို့ လို အပ်နေဆဲ ဖြစ်ပါတယ်။ လက်ကျန် ကွန်ဆိုင်းမန့်ကားတွေပါ YVQC စနစ်နဲ့ ရန်ကုန်လိုင်စင်ချထားပေး မယ်။ ရန်ကုန်လိုင်စင်ကြေးကို လည်း မူကြမ်းထဲက အတိုင်း အင် ဂျင်ပါဝါအလိုက် ကောက်ခံမယ်ဆို ရင်တော့ ကားဟောင်းစလစ်ဈေး နှုန်းတွေ ကျဆင်းပြီး ဈေးကွက် ပျောက်တဲ့ အနေအထားအထိ ဖြစ် လာနိုင်ပါတယ်။

 

      သီရိမင်္ဂလာ ကားရောင်းဝယ် ရေးစခန်းက ဝါရင့်ဝယ်ရောင်း ကို အောင်ကျော်ထွန်းကတော့ ၂၀၁၉ အတွက် ကားတင်သွင်းခွင့် မော် ဒယ်လ် သတ်မှတ်ချက်မှာ ဘယ် မောင်းကားသစ်တွေပဲ တင်သွင်း ခွင့် ရှိတာဆိုတော့ ညာမောင်း တွေ လုံးဝတင်သွင်းခွင့် မရှိတော့တာ ပိုသေချာသွားတယ်။ လောလော ဆယ်မှာ နံပါတ် ဟောင်း ကားလေး တွေ၊ ဂျပန်ညာမောင်းတစ်ပတ် ရစ်လက်ကျန် ကားလေးတွေကို ပဲတစ်ဝဲလည်လည်တော့ ရောင်း နေရဦးမှာပါ။ ပြည်တွင်းမှာ တပ် ဆင် ထုတ်လုပ်တဲ့ ဆူဇူကီးအာတီဂါနဲ့ ဆူဇူကီး စီး ရက်ဇ်နံပါတ်ထွက် ပြီး သားလေး တွေပါ ကားဟောင်း ဈေးကွက်ထဲ ရောက်လာတယ်။ လက်ကျန်လေး တွေလည်းအများ ကြီးရှိနေသေး တဲ့အတွက်၂၀၁၉ မှာ ကားဟောင်းဈေးကွက်က တော့ သူ့ဈေးနဲ့သူ လည်ပတ်နေ မှာ ဖြစ်တယ်လို့ ဆိုတယ်။

 

ပြည်တွင်းထုတ်လုပ်မှု

     ၂၀၁၉ မှာ ပြည်တွင်းမှာတပ် ဆင်ထုတ်လုပ်တဲ့ ကားအစီးရေ များလာမှာပါ။ ဘာကြောင့်လဲဆို တော့ ဘရန်းနယူးရှိုးရွမ်းလုပ်ငန်း ပိုင်ရှင်တွေဟာ ရန်ကုန်လိုင်စင်နဲ့ ရောင်းချရလွယ်ယူတဲ့ ပြည်တွင်း မှာ SKD စနစ်နဲ့ ထုတ်လုပ်နိုင်တဲ့ စက်ရုံတွေထူထောင်လာကြလို့ပဲ  ဖြစ်ပါတယ်။

 

       ကားဟောင်းတွေများလာတာ ဟာ မြို့ရဲ့အင်္ဂါရပ်နဲ့မညီတာ၊ အပိုပစ္စည်းတွေ ဈေးကြီးပေး တင် သွင်းရတာ၊ လောင်စာဆီတွေ ပို တင်သွင်းရတာ၊ သဘာဝပတ်ဝန်း ကျင်ထိခိုက်တာတွေဖြစ်လာပါ တယ်။ အဲဒါကြောင့် ပြည်ပနိုင်ငံ က ဘရန်းတွေပြည်တွင်းမှာ ထုတ် လုပ်နိုင်အောင် မူဝါဒအရရော၊ သတ်မှတ်ချက်တွေ ထုတ်ပြန်ချက် တွေအရရော ဦးစားပေးလာတာ ဖြစ်တယ်။ လက်ရှိမှာ နစ်ဆန်း၊ ဆူ ဇူကီး၊ ဖို့ဒ်၊ ကီယာ စတဲ့ ဘရန်းတွေဟာပြည်တွင်းမှာ တပ်ဆင်ထုတ် လုပ်တာတွေနဲ့ ဦးဆောင်နေပြီဖြစ် တယ်။

 

 ပြည်တွင်းမှာ တပ်ဆင် ထုတ်လုပ်ခွင့်ပြုကတည်းက အ ဆင်သင့်ဖြစ်နေတဲ့ ဂျပန်အခြေ စိုက် ကုမ္ဗဏီတစ်ခုဖြစ်တဲ့ ဆူဇူကီး ဟာ ဈေးကွက်တစ်နေရာကျယ် ကျယ်ပြန့်ပြန့်ရယူထားနိုင်နေပြီ ဖြစ်တယ်။ လာမယ့် ဇန်နဝါရီ ၁ ရက်ကစပြီး သူရဲ့ ကားအမျိုးအ စားသုံးမျိုးကို ဈေးနှုန်းတိုးမြှင့် ရောင်းချတော့မှာဖြစ်တယ်။

 

      ဆူဇူ ကီးစီးရက်ဇ်ကို လက်ရှိ စက်ရုံ ထုတ်ဈေးနှုန်းကျပ် ၂၅၉ သိန်းက နေ ကျပ် ၁၃ သိန်းမြင့်တက်ပြီး ကျပ် ၂၇၂ သိန်း၊ ဆူဇူကီးဆွစ် ဂျီ အယ်လ်ဂရိတ်ကို လက်ရှိဈေးနှုန်း ကျပ် ၁၉၉ သိန်းကနေ ကျပ် ၁၀ သိန်းတက်ပြီး ကျပ် ၂၀၉ သိန်း၊ ဆူ ဇူကီးဆွစ်ဂျီအယ်လ်အိတ်စ် ဂရိတ် ကို လက်ရှိဈေးနှုန်း ၂၂၉ သိန်းက နေ ကျပ် ၁၂ သိန်းတက်ပြီး ၂၄၁ သိန်း၊ ဆူဇူကီး ကယ်ရီကို လက်ရှိ ဈေးနှုန်း ၈,၅၈၀,ဝဝဝကျပ် ကနေ ကျပ် ၉,ဝ၁၀,ဝဝဝ အထိ ဈေးနှုန်း တိုးမြှင့်ရောင်းချတော့မှာဖြစ်တယ်။

 

  “၂၀၁၉ မှာ ဘယ်မောင်း ဘရန်းနယူးကားဈေးကွက်က ဦး ဆောင်လာတော့မှာပါ၊ ဂျပန်ညာ မောင်းတစ်ပတ်ရစ်ကားဟောင်း ကြိုက်တဲ့သူက အဟောင်းဈေး ကွက်ကို သွားမယ်၊ အသစ်ဝယ် ယူတဲ့သူကလဲ ဘဏ်တွေနဲ့ ချိတ် ဆက်ဝယ်ယူမယ်၊ ဘဏ်လုပ်ငန်း တွေ ဖွံ့ဖြိုးလာတာနဲ့အမျှ တည် ငြိမ်တဲ့ဈေးကွက်ဆီကို ဦးတည်လာတော့မှာဖြစ်တယ်” လို့ ကို ကျော်မင်းထွန်းက ပြောပါတယ်။

 

Source: Kumudra

Read times
Rate this item
(1 Vote)