What's new



ယခုနှစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုင်စင်မဲ့ယာဉ် ၁၁၄ စီး ဖမ်းစီးရမိ

ယခုနှစ် ၁၀ လတာအတွင်း ရန် ကုန်တိုင်းဒေသကြီး၌ လိုင်စင်မဲ့ယာဉ် ၁၁၄ စီး ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရ သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ ခရိုင်လေးခု၌ လိုင်စင်မဲ့ယာဉ်များ စစ်ဆေးဖမ်းဆီးလျက်ရှိရာ ခရိုင် တစ်ခုတွင် စုပေါင်းအင်အား ဦးရေ နှစ်ဆယ်ခန့်ပါဝင်သည့် အဖွဲ့ သုံးဖွဲ့ ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ၂၀၁၈ ခုနှစ်အစမှ အောက်တိုဘာ လကုန်အထိ လိုင်စင်မဲ့ (Without) ကား ၁၁၄ စီး ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

“ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးက ၊ တာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ နဲ့ ကညနက တာဝန်ရှိသူတွေ ပူး ပေါင်းပြီး လိုင်စင်မဲ့ကားတွေကို စစ် ဆေးဖမ်းဆီးနေပါတယ်၊ ကားတစ် စီး မှတ်ပုံတင်ထားတာရှိ မရှိဆိုတာ ကညနက စစ်ဆေးပြီး ယာဉ်ထိန်း ဘက်ကလည်း ဒီနံပါတ်နဲ့ ဒီကား ကစည်းကမ်းချိုးဖောက်တာတွေ ) ရှိ၊ မရှိဆိုတာ အချက်အလက်ပြည့် ပြည့်စုံစုံနဲ့ စစ်ဆေးအရေးယူနေပါတယ်။

လမ်းမတွေပေါ်မှာ မောင်း နှင်တဲ့ကားတွေကို စစ်ဆေးတာတွေ ရှိသလို အချိန်ကြာမြင့်စွာ ရပ်နား ထားတဲ့ ကားတွေကို စစ်ဆေးရာ ကနေလည်း လိုင်စင်မဲ့ကားတွေကို ဖမ်းဆီးရမိခဲ့ပါတယ်””ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အထူးစီမံချက်ဖြင့် လိုင်စင်မဲ့ ကားများ ဖမ်းဆီးခြင်းကို ယခုနှစ်ဇူလိုင် ၅ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး Without ကားများ ဖမ်းဆီး ရမိပါက သိမ်းဆည်းမည်ဖြစ်သလို လိုင်စင်မဲ့ယာဉ် ပိုင်ရှင်ကိုလည်း ကျူးလွန်သည့်ပြစ်မှုအပေါ် မူတည် ကာ စစ်ဆေးအရေးယူသွားမည်ဖြစ် သည်။

လိုင်စင်မဲ့ ကားများသည် နယ်စပ်ဝင်ပေါက် အသီးသီးမှ တရားမဝင် ဝင်ရောက်နေသည့်အ တွက် အထူးစီမံချက်ဖြင့် အဖွဲ့များ ဖွဲ့စည်းကာ ခရိုင်အလိုက်ခွဲ၍ စစ် ဆေးအရေးယူနေခြင်းဖြစ်ကြောင်း သိရသည်။

Source:Automobile

ယာဉ်အို / ယာဉ်ဟောင်းစနစ်ဖြင့် မော်တော်ယာဉ်တင်သွင်းရာတွင် Recondition ကားများအတွင် ၂၀၁၆ ၊ ၁၀၁၇ မိုဒယ်နှစ်ခုသာ ခွင့်ပြုမည်

ယာဉ်အို / ယာဉ်ဟောင်းစနစ်ဖြင့် မော်တော်ယာဉ်တင်သွင်းရာတွင် Recondition ကားများအတွင် ၂၀၁၆ ၊ ၁၀၁၇ မိုဒယ်နှစ်ခုသာ ခွင့်ပြုမည်

Read times
Rate this item
(0 votes)