What's new



ကားထဲတွင် ကိုယ်ပိုင်သီးသန့်နားထောင်နိင်မည့် Separated Sound Zone နည်းပညာ

ကားထဲတွင် ကိုယ်ပိုင်သီးသန့်နားထောင်နိင်မည့် Separated Sound Zone နည်းပညာ Google

Hyundai-Kia သည်နားကြပ်သုံးစရာမလိုသည့် ပထမဆုံး မျိုးဆက်သစ် Separated Sound Zone နည်းပညာကို တီထွင်ကာ မိတ်ဆက်ပြသခဲ့ကြောင်း သြဂုတ် ၁၃ ရက်တွင် New Atlas သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့သည်။


အနာဂတ်တွင် မောင်းသူမဲ့ကားများ ခေတ်စားလာပါက စီးနင်းသူအများစုအတွက် ဖျော်ဖြေရေးစနစ် ပိုအရေးပါလာမည်ဟု ယုံကြည်ကာ အခြားသူများကို အနှောင့်အယှက်မဖြစ်နိင်သည့် Separated Sound Zone နည်းပညာကို Hyundai-Kia ကတီထွင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါနည်းပညာအရ ကားအတွင်းပိုင်းတွင် စပီကာ အများအပြားတပ်ဆင်ထားပြီး ထိုင်ခုံတစ်ခုံချင်းစီအလိုက် ကိုယ်ပိုင်သီးသန့်အသံစနစ်ကို ထုတ်လွှင့်ပေးကာ အခြားစပီကာများမှလာသည့် အသံလှိုင်းများကို အတိုးအကျယ် ထိန်းချုပ်ပေးသည့် လုပ်ဆောင်မှုပါသဖြင့် အသံများ တစ်ခုနှင့်တစ်ခု ရောနှောဆူညံခြင်း မဖြစ်ပေါ်စေကြောင်းသိရသည်။
Separated Sound Zone နည်းပညာသည် ဆူညံသံဖျောက်ပေးသော နားကျပ်နည်းပညာနှင့်ဆင်တူသော်လည်း နားကြပ်( Headphone) မသုံးပဲ ကိုယ်ပိုင်သီးသန့်အသံစနစ်ဖြင့် သီချင်းနားဆင်ခြင်း၊ Bluetooth နှင့်ချိတ်ဆက်ကာဖုန်းသုံးခြင်း၊ ကားဧ။် သတိပေးအသံများ နားထောင်ခြင်းတို့ ပြုလုပ်နိင်မည်ဖြစ်သည်။
Separated Sound Zone နည်းပညာဧ။် ဆူညံသံဖျောက်ပေးသောလုပ်ဆောင်ချက်မှာ စပီကာကဲ့သို့သော အသံစနစ်များမှ ထွက်လာမှု အပေါ်သာသက်ရောက်ခြင်းရှိသဖြင့် ကားအတွင်းစီးသူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး စကားပြောဆိုနိင်ကြောင်းလည်း သိရသည်။
လမ်းညွှန်အချက်ပြသံ၊ သို့မဟုတ် အခြားသတိပေးသံများကို ကားမောင်းသူသာကြားပြီး ကျန်ခရီးသည်များအနေဖြင့် မိမိစိတ်ကြိုက်အသံစနစ်အား အခြားသူများအပေါ် အနှောင့်အယှက်မဖြစ်စေသည့် ဤနည်းပညာကို Hyundai-Kai က ၂၀၁၄ ခုနှစ်ကတည်းက စတင် တီထွင်ခဲ့ခြင်းဖြစ်ကာ လာမည့် တစ်နှစ်၊ ၂ နှစ်အတွင်း ထုတ်လုပ်မှုကားများတွင် တပ်ဆင် အသုံးပြုနိင်တော့မည်ဟု သိရသည်။

Source : Automobile Journal

Read times
Rate this item
(0 votes)