What's new



Toyota Alphard မှာ ဖြစ်တတ်တဲ့ ပြဿနာများ

Toyota Alphard မှာ ဖြစ်တတ်တဲ့ ပြဿနာများ google

Toyota Alphard တွင် အတွင်းခန်း ကျယ်ဝန်းသောကြောင့် မိသားစုနဲ့ ခရီးသွားတဲ့အခါ အဆင်ပြေပါတယ်။

ပြည်တွင်းမှာ အသုံးများတဲ့ ကားအမျိုးအစားဖြစ်တာကြောင့်လည်း ၎င်းမှာ ဖြစ်လေ့ရှိတဲ့ ပြဿနာတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

 

အင်ဂျင်ပါဝါကျဆင်းတာ

================

၂၀၀၅ model Alphard ကို စက်နှိုးပြီး မောင်းထွက်လာတဲ့အခါ မိနစ်အနည်းငယ်အတွင်းမှာ အင်ဂျင်ပါဝါ ကျဆင်းလာတတ်ပါတယ်။ ထို့နောက် အနက်ရောင်မီးခိုးတွေ ထွက်လာပါတယ်။

Power loss ဖြစ်တဲ့အတွက် အင်ဂျင်ဆွဲသင့်သလောက် မဆွဲတော့တာ၊ မီးခိုးမည်းတွေ ထွက်လာတာ၊ ချောဆီစားတာ၊ ကုန်းတက်တွေမှာ အင်ဂျင်ဆွဲအားကျဆင်းတာ၊ ခေါက်သံတွေ ဆူဆူညံညံ ထွက်လာတာ စတဲ့ ပြစ်ချက်တွေဖြစ်တတ်ပါတယ်။

ဖြစ်ရတဲ့အကြောင်းအရင်းကတော့ ဆီမရတာ၊ ဖိနှိပ်အားနည်းတာ၊ မီးပေးစနစ်ကို မှားယွင်းချိန်ညှိထားတာ၊ လေအ၀င်နည်းတာ၊ အင်ဂျင် အပူ/အအေး လွန်တာကြောင့် ဖြစ်ပါတယ်။

 

ဟိုက်ဘရစ်စနစ် အနီရောင်အချက်ပြမီးလင်းတာ

===============================

၂၀၀၄ model Alphard ဟာ အင်ဂျင်က လည်ပတ်နေတယ်၊ သို့သော် ကားမရွေ့ဘဲ ဟိုက်ဘရစ်စနစ် အနီရောင်အချက်ပြမီးလင်းနေတာပါ။

အင်ဂျင်ကို ရပ်တန့်လိုက်ပြီး ပြန်စက်နှိုးတဲ့အခါ မောင်းနှင်လို့ရပါတယ်။ ဟိုက်ဘရစ် ကားအမျိုးအစားတွေမှာ ဖြစ်တတ်တဲ့ ပြဿနာဖြစ်ပြီး ဟိုက်ဘရစ်နဲ့ ပတ်သက်တဲ့ အစိတ်အပိုင်းတစ်ခုခု ချို့ယွင်းတာဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် ဟိုက်ဘရစ် အနီရောင်အချက်ပြမီး လင်းလာပြီး သတိပေးတာဖြစ်ပါတယ်။

 

အင်ဂျင်ချက် မီးလင်းတာ

================

၂၀၀၃ model Alphard ရဲ့ အင်ဂျင်ချက်မီးလင်းလာတာပါ။ ဂီယာချိန်း အရှိန်မြင့်မောင်းနှင်တဲ့အခါ အင်ဂျင်ချက်မီး ပျောက်သွားပါတယ်။ ငါးမိနစ်လောက် စက်သတ်လိုက်ပြီး စက်ပြန်နှိုးတဲ့အခါ အင်ဂျင်ချက်မီးက ထပ်လင်းနေပါသေးတယ်။

အင်ဂျင်ချက်မီးလင်းတာကို ကွန်ပျူတာနဲ့ ထိုးစစ်တဲ့အခါ Evaporative emission (EVAP) system ချို့ယွင်းတာကို တွေ့ရတတ်ပါတယ်။ Charcoal canister သို့မဟုတ် gascap ချို့ယွင်းတာလည်း ဖြစ်နိုင်ပါတယ်။

 

Power Door အလုပ်မလုပ်တာ

====================

၂၀၀၅ model Alphard မှာ power door အလုပ်မလုပ်တော့တာဖြစ်လာရင်တော့ ဘက်ထရီကနေ လျှပ်စီးဝင်တဲ့နေရာတွေကို စစ်ဆေးရပါမယ်။ ပါဝါမပါဝင်တဲ့အတွက် အလုပ်မလုပ်တာလည်း ဖြစ်နိုင်ပါတယ်။ ၀ါယာရင်း ကျွမ်းကျင်တဲ့သူတွေနဲ့ ကားကို ပြသစစ်ဆေးသင့်ပါတယ်။

 

ဂီယာပြဿနာ

=========

၂၀၀၉ model Alphard ရဲ့ ဂီယာတွင် ပုံမှန်အလုပ်မလုပ်တဲ့ ပြဿနာရှိတတ်ပါတယ်။ မောင်းနှင်နေစဉ် ဂီယာချန်းတာ မာကြောနေတတ်သလို လုံးဝချိန်းလို့မရတာမျိုးလည်း ရှိပါတယ်။ ဂီယာဝိုင် လဲလှယ်ထားပြီးသားဖြစ်လို့ ဂီယာဘောက်စ်က ပြဿနာရှိတာဖြစ်ဖို့ များပါတယ်။

 

စက်နှိုးလို့မရတာ

============

၂၀၀၃/၂၀၀၂ model Alphard ကို မီးပွိုင့်မှာ မီးနီပြတဲ့အတွက် ရပ်တန့်လိုက်ပြီး စက်ပြန်နှိုးတဲ့အခါ နှိုးလို့မရတွေ ဖြစ်နိုင်ပါတယ်။ အင်ဂျင်ဆက်ပြီး မလည်ပတ်နိုင်တာဟာ အကြောင်းအမျိုးမျိုး ရှိပါတယ်။

အင်ဂျင်စက်ရဲ့ လျှပ်စစ်ပစ္စည်း အစိတ်အပိုင်းတွေ စွတ်စိုနေတာ၊ အင်ဂျင်အပူလွန်ကဲတာ၊ ဆီယိုစိမ့်တာ၊ အင်ဂျင်အေးလွန်းတာ၊ ကရိုင်းကျပ်နေတာ၊ မီးပေးစနစ်မှန်တာ၊ ဆီပေးစနစ် ချို့ယွင်းတာနှင့် အင်ဂျင်ဖိအားနည်းတာတွေ ဖြစ်နိုင်ပါတယ်။

အင်ဂျင်ကို စက်နှိုးတဲ့အခါ ဂိယာအားလုံး လွတ်ကင်းတဲ့အနေအထား ဖြစ်ရပါမယ်။

 

Read more: မိုးရွာထဲတွင် ကားမောင်းနေစဉ် သတိပြုသင့်သည့်အချက်များ

Source: Kumudra

Read times
Rate this item
(1 Vote)